< ၄ ဓမ္မရာဇဝင် 14 >
1 ၁ ယောခတ်၏သားတော်ဣသရေလဘုရင် ယဟောရှ ၏နန်းစံဒုတိယနှစ်၌ယောရှ၏သားတော်သည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော်ယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့် ကိုးနှစ်နန်းစံရ၏။ သူ၏မယ်တော်မှာယေရု ရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
2 ၂
3 ၃ အာမဇိသည်ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။ သို့ရာတွင်သူသည် မိမိ၏ဘေးတော်ဒါဝိဒ်မင်းကဲ့သို့မပြု ကျင့်ဘဲ ခမည်းတော်ယောရှကဲ့သို့ပြုကျင့် ၏။-
4 ၄ သူသည်ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်ခြင်းမပြုသဖြင့် ပြည်သူတို့သည် ဆက်လက်၍ထိုဌာနများတွင်ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။
5 ၅ အာမဇိသည်မိမိ၏အာဏာတည်သည်နှင့် တစ်ပြိုင်နက် ခမည်းတော်ဘုရင်မင်းကိုလုပ် ကြံသည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
6 ၆ သို့ရာတွင်သူသည်ထိုသူတို့၏သားသမီး တို့ကိုမူမသတ်ဘဲ``မိဘတို့သည်သားသမီး များကူးလွန်သည့်ပြစ်မှုများအတွက် အသတ် မခံစေရ။ သားသမီးတို့သည်လည်း မိဘတို့ ကူးလွန်သည့်ပြစ်မှုများအတွက်အသတ် မခံစေရ။ လူတစ်စုံတစ်ယောက်သည်မိမိ ကိုယ်တိုင်ကူးလွန်သည့်ပြစ်မှုအတွက်သာ လျှင် အသတ်ခံစေရမည်'' ဟူ၍မောရှေ၏ ပညတ်ကျမ်းတွင် ပါရှိသည့်ထာဝရဘုရား ၏ပညတ်တော်ကိုလိုက်လျှောက်ကျင့်သုံး တော်မူ၏။
7 ၇ အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
8 ၈ ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
9 ၉ သို့ရာတွင်ယဟောရှမင်းက``အခါတစ်ပါးက လေဗနုန်တောင်ထိပ်တွင် ဆူးပင်တစ်ပင်ကသစ် ကတိုးပင်အား`သင်၏သမီးကိုငါ့သားနှင့် ပေးစားထိမ်းမြားလော့' ဟုအမှာစာပေးပို့ခဲ့၏။ သို့ရာတွင်အနီးမှဖြတ်သန်းလာသော သားရဲ တိရစ္ဆာန်တစ်ကောင်သည်ထိုဆူးပင်ကိုနင်းချေ လိုက်လေသည်။-
10 ၁၀ အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
11 ၁၁ သို့ရာတွင်သူ၏စကားကိုအာမဇိသည် နားမထောင်။ ထို့ကြောင့်ယဟောရှမင်းသည် မိမိ၏စစ်သည်တော်များနှင့်ချီတက်ပြီးလျှင် အာမဇိမင်းအားယုဒပြည်၊ ဗက်ရှေမက်မြို့ တွင်တိုက်ခိုက်လေသည်။-
12 ၁၂ အာမဇိ၏တပ်မတော်မှာအရေးရှုံးနိမ့်သ ဖြင့် သူ၏စစ်သည်အပေါင်းတို့သည်မိမိတို့ နေရပ်သို့ထွက်ပြေးကြကုန်၏။-
13 ၁၃ ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရု ရှလင်မြို့သို့ချီတက်၍မြို့ရိုးပေခြောက်ရာ ကိုဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ဖြိုချလိုက်၏။-
14 ၁၄ သူသည်မိမိတွေ့ရှိသမျှသောရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ရှိသမျှနှင့်ဘဏ္ဍာတော် တိုက်တွင် ရှိသမျှကိုယူ၍ရှမာရိမြို့သို့ သယ်ဆောင်သွားတော်မူ၏။ ယဟောရှမင်း သည်ဋ္ဌားစာခံများကိုလည်း ဖမ်းဆီးခေါ် ဆောင်ခဲ့လေသည်။
15 ၁၅ ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင်သူလုပ် ဆောင်ခဲ့သည့် အခြားအမှုအရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
16 ၁၆ ယဟောရှကွယ်လွန်သောအခါ သူ့ကိုရှမာရိ မြို့ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေသည်။
17 ၁၇ ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်ပြီးနောက်တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်နေ၏။-
18 ၁၈ အာမဇိလုပ်ဆောင်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကို ယုဒရာဇဝင်တွင်ရေးထားသတည်း။
19 ၁၉ အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
20 ၂၀ သူ၏အလောင်းကိုမြင်းပေါ်တွင်တင်၍ယူ ဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင်များ ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။-
21 ၂၁ ထိုနောက်ယုဒပြည်သူတို့သည် အသက်တစ် ဆယ့်ခြောက်နှစ်ရှိသားတော်သြဇိကိုမင်း မြှောက်ကြ၏။-
22 ၂၂ သြဇိသည်ခမည်းတော်ကွယ်လွန်ပြီးသည် နောက် ဧလတ်မြို့ကိုတိုက်ခိုက်သိမ်းယူကာ ပြန်လည်ထူထောင်လေသည်။
23 ၂၃ ယောရှ၏သားတော်ယုဒဘုရင်အာမဇိ၏ နန်းစံတစ်ဆယ့်ငါးနှစ်မြောက်၌ ယဟောရှ၏ သားတော်ဒုတိယမြောက်ယေရောဗောင်သည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌လေးဆယ့်တစ်နှစ်တိုင်တိုင်နန်း စံလေသည်။-
24 ၂၄ သူသည်ထာဝရဘုရားကိုပြစ်မှား၍ ဣသ ရေလအမျိုးသားတို့အားအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောနေဗတ်၏သား ယေရောဗောင်၏ဆိုးယုတ်သည့်လမ်းစဉ်ကို လိုက်၏။-
25 ၂၅ သူသည်မြောက်သို့လားသော်ဟာမတ်တောင်ကြား လမ်း၊ တောင်သို့လားသော်ပင်လယ်သေတိုင်အောင် ယခင်အခါကဣသရေလပြည်၏ပိုင်နက်နယ် မြေမှန်သမျှတို့ကိုပြန်လည်သိမ်းယူလေသည်။ ဤကားဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကျွန်တော် ရင်း၊ ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သားပရောဖက် ယောနအားဖြင့်မိန့်တော်မူခဲ့သောစကား တော်အတိုင်းပင်ဖြစ်သတည်း။
26 ၂၆ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ ပြင်းပြစွာခံစားနေရကြသောဆင်းရဲဒုက္ခ ကိုမြင်တော်မူ၏။ သူတို့အားကူမမည့်သူ တစ်ယောက်မျှမရှိချေ။-
27 ၂၇ ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
28 ၂၈ ဒုတိယမြောက်ယေရောဗောင်လုပ်ဆောင်ခဲ့သည့် အခြားအမှုအရာများ၊ တိုက်ပွဲတွင်သူ၏ လက်ရုံးရည်၊ ဒမာသက်မြို့နှင့်ဟာမတ်မြို့တို့ ကို ဣသရေလနိုင်ငံနယ်မြေအတွင်းသို့ပြန် လည်သိမ်းယူခဲ့ပုံအကြောင်းတို့ကို ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
29 ၂၉ ယေရောဗောင်ကွယ်လွန်သောအခါ သူ့အား ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဇာခရိသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။