< ၄ ဓမ္မရာဇဝင် 13 >
1 ၁ ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
I KA makahiki iwakalua kumamakolu o Ioasa ke keiki a Ahazia ke alii o ka Iuda, i lilo ai o Iehoahaza, ke keiki a Iehu, i alii maluna o ka Iseraela ma Samaria, he umikumamahiku na makahiki o kona alii ana.
2 ၂ သူသည်မိမိအလျင်အုပ်စိုးခဲ့သည့်ယေရော ဗောင်မင်းကဲ့သို့ ထာဝရဘုရားကိုပြစ်မှား၍ ဣသရေလအမျိုးသားတို့အားအပြစ်ကူး လွန်ရန်ရှေ့ဆောင်လမ်းပြပေး၏။ သူသည်အဘယ် အခါမျှမိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်။-
A hana ino aku la ia imua o Iehova, a hele aku la ia mamuli o ka hewa o Ieroboama ke keiki a Nebata, nana i hoolilo ka Iseraela i ka hewa; aole ia i haalele ia mea.
3 ၃ သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။-
A hoaia ka inaina o Iehova i ka Iseraela, a haawi aku la ia ia lakou iloko o ka lima o Hazaela, ke alii o Suria, a iloko o ka lima o Benehadada, he keiki a Hazaela i na la a pau.
4 ၄ ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
A nonoi aku la o Iehoahaza ia Iehova, a hoolohe mai o Iehova ia ia: no kona ike ana i ke kaumaha o ka Iseraela, no ka mea, ua hookaumaha ke alii o Suria ia lakou.
5 ၅ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
(A haawi mai la o Iehova i ka Iseraela i mea e pakele ai, a puka aku lakou mai lalo mai o ka lima o ko Suria: a noho iho la na mamo a Iseraela ma ko lakou halelewa, e like me ka manawa mamua.
6 ၆ သို့ရာတွင်သူတို့သည်မိမိတို့အား ယေရော ဗောင်မင်းရှေ့ဆောင်လမ်းပြခဲ့သည့်ဒုစရိုက် လမ်းစဉ်ကိုမစွန့်ဘဲ ဆက်လက်၍လိုက်မြဲ လိုက်ကြ၏။ အာရှရဘုရားမ၏တံခွန် တိုင်သည်ရှမာရိမြို့တွင်ရှိမြဲရှိသေး၏။
Aka, aole lakou i huli mai mai ka hewa mai o ko ka hale o Ieroboama, nana i hoolilo ka Iseraela i ka hewa, aka, hahai no lakou malaila: a e waiho ana hoi o Asetarota ma Samaria.)
7 ၇ ရှုရိဘုရင်၏မြေမှုန့်ကဲ့သို့ဖျက်ဆီးချေ မှုန်းခြင်းကိုခံရသဖြင့် ယောခတ်တွင်မြင်း စီးသူရဲငါးဆယ်၊ စစ်ရထားဆယ်စီးနှင့် ခြေလျင်တပ်သားတစ်သောင်းမျှသာကျန် ရှိတော့သည်။
A i waiho iho la ia i na kanaka no Iehoahaza, he kanalima hoohololio, he umi na halekaa, a he umi tausani koa hele wawae wale no; no ka mea, ua luku aku ke alii o Suria ia lakou, a ua hoolike aku ia lakou me ka lepo no ka hehi ana.
8 ၈ ယောခတ်၏လက်ရုံးရည်နှင့်သူလုပ်ဆောင်ခဲ့သည့် အခြားအမှုအရာရှိသမျှကိုဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
A o na hana i koe a Iehoahaza, a o na mea a pau ana i hana'i, a me kona ikaika, aole anei i kakauia lakou iloko o ka buke oihanaalii a na'lii o ka Iseraela?
9 ၉ သူကွယ်လွန်သောအခါရှမာရိမြို့တွင်သူ့ကို သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယဟောရှ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
A hiamoe iho la o Iehoahaza me kona poe kupuna; a kanu iho la lakou ia ia ma Samaria: a o Ioasa kana keiki, nohoalii iho la ia ma kona wahi.
10 ၁၀ ယုဒရှင်ဘုရင်ယောရှ၏နန်းစံသုံးဆယ့်ခုနစ် နှစ်မြောက်၌ ယောခတ်၏သားတော်ယဟောရှသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်းစံ လေသည်။-
I ka makahiki kanakolukumamahiku o Ioasa ke alii o ka Iuda, i lilo ai o Iehoasa, ke keiki a Iehoahaza, i alii maluna o ka Iseraela ma Samaria, a he umikumamaono na makahiki o kona alii ana.
11 ၁၁ သူသည်လည်းထာဝရဘုရားကိုပြစ်မှားကာ ဣသရေလအမျိုးသားတို့ကိုအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောယေရောဗောင်မင်း ၏ဒုစရိုက်လမ်းစဉ်ကိုလိုက်လျှောက်သူဖြစ်၏။-
A hana ino aku la ia imua o Iehova, aole ia i haalele i na hewa a pau o Ieroboama ke keiki a Nebata, nana i hoolilo ka Iseraela i ka hewa; aka, hele no ia malaila.
12 ၁၂ ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
A o na hana i koe o Ioasa, a o na mea a pau ana i hana'i, a me kona ikaika ana i kana aku ai ia Amazia ke alii o ka Iuda, aole anei i kakauia lakou iloko o ka buke oihanaalii a na'lii o ka Iseraela?
13 ၁၃ ယဟောရှကွယ်လွန်သွားသောအခါ သူ့ကို ရှမာရိမြို့ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
A hiamoe iho la o Ioasa me kona poe kupuna; a noho iho la o Ieroboama maluna o kona nohoalii: a kanuia iho la o Ioasa ma Samaria me na'lii o ka Iseraela.
14 ၁၄ ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
A mai iho la o Elisai, o kona mai ia i make ai. A iho mai o Ioasa, ke alii o ka Iseraela io na la, a auwe iho la maluna o kona maka, i aku la, E kuu makua, e kuu makua, o ka halekaa o ka Iseraela a me na hoohololio ona.
15 ၁၅ ဧလိရှဲက``လေးနှင့်မြားတို့ကိုယူခဲ့လော့'' ဟု ဆိုသည့်အတိုင်းယဟောရှယူလာသောအခါ၊-
I aka la o Elisai ia ia, E lawe i kikoo a me na pua. A lawe ae la ia nona i kikoo a me na pua.
16 ၁၆ ဧလိရှဲက``လေးကိုတင်လော့'' ဟုဆို၏။ ထို အခါမင်းကြီးသည်လေးကိုတင်လေ၏။ ထို နောက်ဧလိရှဲသည် မိမိလက်ကိုမင်းကြီး ၏လက်ပေါ်တွင်တင်ပြီးလျှင်၊-
I aku la ia i ke alii o ka Iseraela, E kau aku i kou lima maluna o ke kikoo. A kau iho la ia i kona lima; a kau aku la o Elisai i kona mau lima maluna o na lima o ke alii.
17 ၁၇ ရှုရိပြည်ဘက်သို့မျက်နှာမူလျက်ရှိသည့်ပြူ တင်းပေါက်ကို မင်းကြီးအားဖွင့်စေ၏။ ထိုနောက် ဧလိရှဲက``မြားကိုပစ်လော့'' ဟုအမိန့်ပေးသည့် အတိုင်းပစ်လေသော်ပရောဖက်က``သင်သည် ထာဝရဘုရား၏မြားဖြစ်၏။ ဘုရားရှင်သည် ထိုမြားအားဖြင့်ရှုရိပြည်ကိုအနိုင်ရတော် မူလိမ့်မည်။ သင်သည်အာဖက်မြို့တွင် ရှုရိအမျိုး သားတို့အားအနိုင်မရမချင်းတိုက်ခိုက်လိမ့် မည်'' ဟုဆို၏။
I aku la ia, E wehe ae i ka pukamakani ma ka hikina. A wehe ae la ia. Alaila i aku la o Elisai, E pana aku: a pana aku la ia. I aku la ia, O ka pua hoola no Iehova, a o ka pua hoola mai ko Suria mai: no ka mea, e pepehi auanei oe i ko Suria ma Apeka, a pau i ka lukuia.
18 ၁၈ ထိုနောက်ဧလိရှဲသည်မင်းကြီးအား အခြား မြားတို့ကိုယူစေ၍``မြေကြီးကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းသုံးကြိမ်ရိုက်ပြီးလျှင် ရပ်လိုက်၏။-
I aku la ia, E lawe i na pua. A lawe iho la no ia. I aku la ia i ke alii o ka Iseraela, E hahau i ka honus. A hahau iho la ia, ekolu hahau ana, a oki.
19 ၁၉ ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
A huhu aku la ke kanaka o ke Akua ia ia, i aku la, O kau pono no, i elima, a i eono paha hahau ana, alaila ua hahau iho oe i ko Suria, a pau i ka lukuia: aka, ano, e hahau aku oe i ko Suria i ekolu hahau ana wale no.
20 ၂၀ ဧလိရှဲကွယ်လွန်သွားသောအခါ သူ့ကိုသင်္ဂြိုဟ် ကြ၏။ မောဘပြည်သားတို့သည်နှစ်စဉ်နှစ်တိုင်း ဣသ ရေလပြည်ကိုချင်းနင်းဝင်ရောက်လေ့ရှိကြ၏။
A make iho la o Elisai, a kanu iho la lakou ia ia. A hele mai ka poe hao wale o ka Moaba i ka aina, i ka hiki ana mai o ka makahiki.
21 ၂၁ အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။
A i ko lakou kanu ana i kekahi kanaka, aia hoi, ike aku la lakou i ka poe hao wale, hoolei aku la lakou i ke kanaka iloko o ka halelua o Elisai; a i ka iho ana o ke kanaka a pili i na iwi o Elisai, ola mai la ia, a ku maluna o kona wawae.
22 ၂၂ ယောခတ်၏လက်ထက်ကာလပတ်လုံးဣသရေလ အမျိုးသားတို့သည် ရှုရိဘုရင်ဟာဇေလ၏ နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရကြ၏။-
A o Hazaela ko alii o Suria, hookaumaha aku la ia i ka Iseraela i na la a pau o Iehoahaza.
23 ၂၃ သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
A manao mai o Iehova ia lakou, a ahonui mai ia lakou, a nana mai ia lakou no kana berita ia Aberahama, ia Isaaka, a me Iakoha, aole ona makemake e luku aku ia lakou, aole hoi e hookuke aku ia lakou mai kona alo aku i keia manawa.
24 ၂၄ ရှုရိဘုရင်ဟာဇေလကွယ်လွန်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်နန်းတက်၏။-
A make aku la o Hazaela ke alii o Suria; a noho alii iho la o Benehadada, kana keiki, ma kona hakahaka.
25 ၂၅ ထိုကာလ၌ဣသရေလဘုရင်ယောခတ် မင်း၏သားတော်ယဟောရှသည် ဗင်္ဟာဒဒ်ကို သုံးကြိမ်တိုင်တိုင်နှိမ်နင်းပြီးလျှင် ခမည်း တော်ယောခတ်လက်ထက်၌ဗင်္ဟာဒဒ်သိမ်းယူ သွားသောမြို့ကိုပြန်လည်သိမ်းယူလေသည်။
A hoi aku la o Iehoaza ke keiki a Iehoahaza, a lawe aku la i na kulanakauhale mai ka lima aku o Benehadada, ke keiki a Hazaela, i ka mea ana i lawe ae mai ka lima aku o Iehoahaza kona makuakane ma ke kaua ana. Lanakila aku la o Ioasa maluna ona, ekolu no lanakila ana, a hoihoi mai ia i na kulanakauhale o ka Iseraela.