< ၄ ဓမ္မရာဇဝင် 12 >

1 ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​ယေ​ဟု​မင်း​၏​နန်း စံ​ခု​နစ်​နှစ်​မြောက်​တွင် ယော​ရှ​သည်​ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌ အ​နှစ်​လေး​ဆယ်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​ကား​ဗေ​ရ​ရှေ​ဘ​မြို့​သူ​ဇိ​ဗိ​ဖြစ်​၏။-
예후의 칠년에 요아스가 위에 올라 예루살렘에서 사십년을 치리하니라 그 모친의 이름은 시비아라 브엘세바 사람이더라
2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သွန် သင်​မှု​ကို​ခံ​ယူ​ရ​ရှိ​သ​ဖြင့် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​များ​ကို​ပြု​၏။-
요아스가 제사장 여호야다의 교훈을 받을 동안에 여호와 보시기에 정직히 행하였으되
3 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​မူ​ကား မ​ဖျက်​မ​သိမ်း​ဘဲ​ထား​သ​ဖြင့် ပြည်​သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ယဇ် ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​သေး​၏။
오직 산당을 제하지 아니하였으므로 백성이 오히려 산당에서 제사하며 분향하였더라
4 ယော​ရှ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်​ပြီး လျှင် ဗိ​မာန်​တော်​အ​တွင်း​၌​ယဇ်​ပူ​ဇော်​မှု​နှင့် ပတ်​သက်​၍​ရ​ရှိ​သည့်​ငွေ​များ၊ ယဇ်​ကောင် များ​အ​တွက်​ပေး​ချေ​ငွေ​များ​နှင့် စေ​တ​နာ အ​လျောက်​ပေး​လှူ​ငွေ​များ​ကို​စု​ဆောင်း ထား​ရန်​အ​မိန့်​ပေး​၏။-
요아스가 제사장들에게 이르되 무릇 여호와의 전에 거룩하게 하여 드리는 은 곧 사람의 통용하는 은이나 각 사람의 몸값으로 드리는 은이나 자원하여 여호와의 전에 드리는 모든 은을
5 ယဇ်​ပု​ရော​ဟိတ်​အ​သီး​သီး​တို့​သည်​မိ​မိ တို့​ယဇ်​ပူ​ဇော်​ပေး​၍​ရ​ရှိ​သည့်​ငွေ​များ​ဖြင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​တွင်​လို​အပ် သ​လို​အ​သုံး​ပြု​ရန်​တာ​ဝန်​ယူ​ရ​သည်။
제사장들이 각각 아는 자에게서 받아 들여서 전의 어느 곳이든지 퇴락한 것을 보거든 그것으로 수리하라 하였더니
6 သို့​ရာ​တွင်​ယော​ရှ​၏​နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ် မြောက်​သို့​ရောက်​ရှိ​သည်​တိုင်​အောင် ဗိ​မာန်​တော် တွင်​မည်​သည့်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို​မျှ​မ​ပြု ရ​သေး​သ​ဖြင့်၊-
요아스왕 이십 삼년에 이르도록 제사장들이 오히려 전의 퇴락한데를 수리하지 아니하였는지라
7 ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-
요아스왕이 대제사장 여호야다와 제사장들을 불러서 이르되 너희가 어찌하여 전의 퇴락한 데를 수리하지 아니하였느냐 이제부터는 너희 아는 사람에게서 은을 받지 말고 저희로 전 퇴락한 데를 위하여 드리게 하라
8 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငွေ​ကို​ပေး အပ်​ရန်​နှင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို တာ​ဝန်​မ​ယူ​ရန်​သ​ဘော​တူ​ကြ​လေ​သည်။
제사장들이 다시는 백성에게 은을 받지도 아니하고 전 퇴락한 것을 수리하지도 아니하기로 응락하니라
9 ထို​နောက်​ယော​ယ​ဒ​သည်​သေတ္တာ​တစ်​လုံး ကို​ယူ​၍​အ​ဖုံး​တွင်​အ​ပေါက်​ဖောက်​ပြီး​လျှင် ဗိ​မာန်​တော်​အဝင်​လမ်း​လက်​ယာ​ဘက်​ရှိ​ယဇ် ပလ္လင်​အနီး​တွင်​ထား​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော​ဟိတ်​များ သည် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​သူ​တို့ ပေး​လှူ​သော​ငွေ​တို့​ကို​သေတ္တာ​ထဲ​သို့​ထည့် ကြ​၏။-
제사장 여호야다가 한 궤를 취하여 그 뚜껑에 구멍을 뚫어 여호와의 전문 어귀 우편 곧 단 옆에 두매 무릇 여호와의 전에 가져 오는 은을 다 문을 지키는 제사장들이 그 궤에 넣더라
10 ၁၀ အ​လှူ​ခံ​သေတ္တာ​တွင်​ငွေ​များ​လာ​သည့်​အ​ခါ တိုင်း ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ်​ပု​ရော​ဟိတ် မင်း​တို့​လာ​၍ ငွေ​ကို​ထုတ်​ယူ​ကာ​အ​ရည် ကြို​ပြီး​လျှင်​ချိန်​တွယ်​ကြ​၏။-
이에 그 궤 가운데 은이 많은 것을 보면 왕의 서기와 대제사장 이 올라와서 여호와의 전에 있는대로 그 은을 계수하여 봉하고
11 ၁၁ သူ​တို့​သည်​အ​လေး​ချိန်​အ​တိ​အ​ကျ​ကို မှတ်​သား​ထား​ပြီး​လျှင် ငွေ​ကို​ဗိ​မာန်​တော် ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​၏​လက် သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ​တို့​သည် ထို​ငွေ​ကို​လက်​သ​မား၊-
그 달아본 은을 일하는 자 곧 여호와의 전을 맡은 자의 손에 붙이면 저희는 또 여호와의 전을 수리하는 목수와 건축하는 자들에게 주고
12 ၁၂ ပန်း​ရံ​သ​မား​နှင့်​ကျောက်​ဆစ်​သ​မား​တို့​၏ လုပ်​ခ​များ​အ​တွက်​လည်း​ကောင်း၊ မွမ်း​မံ​ပြင် ဆင်​ရာ​တွင်​လို​အပ်​သော​သစ်​သား၊ ကျောက် ဝယ်​ယူ​ရန်​နှင့်​အ​ခြား​လို​အပ်​သည့်​စ​ရိတ် များ​အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​ကြ​၏။-
또 미장이와 석수에게 주고 또 여호와의 전 퇴락한 데를 수리할 재목과 다듬은 돌을 사게 하며 그 전을 수리할 모든 물건을 위하여 쓰게 하였으되
13 ၁၃ ငွေ​ခွက်၊ ငွေ​ဖ​လား၊ ငွေ​တံ​ပိုး​ခ​ရာ​နှင့်​ငွေ မီး​ညှပ်​များ​ပြု​လုပ်​ရန်​အ​တွက်​သော်​လည်း ကောင်း ထို​ငွေ​ကို​လုံး​ဝ​အ​သုံး​မ​ပြု​ကြ။-
여호와의 전에 드린 그 은으로 그 전의 은대접이나 불집게나 주발이나 나팔이나 아무 금그릇이나 은그릇을 만들지 아니하고
14 ၁၄ အ​လုပ်​သ​မား​ခ​များ​ပေး​ရန်​နှင့်​မွမ်း​မံ ပြင်​ဆင်​မှု​ဆိုင်​ရာ​ပစ္စည်း​များ​ဝယ်​ယူ​ရန် အ​တွက်​သာ ထို​ငွေ​ကို​အ​သုံး​ပြု​ကြ​၏။-
오직 그 은을 일하는 자에게 주어 그것으로 여호와의 전을 수리하게 하였으며
15 ၁၅ လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ ကြည်​စိတ်​ချ​ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့ အား​ငွေ​စာ​ရင်း​အင်း​များ​ကို​တင်​ပြ​ခိုင်း ရန်​မ​လို​ချေ။-
또 그 은을 받아 일군에게 주는 사람들과 회계하지 아니하였으니 이는 성실히 일을 하였음이라
16 ၁၆ ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။
속건제의 은과 속죄제의 은은 여호와의 전에 드리지 아니하고 제사장에게 돌렸더라
17 ၁၇ ထို​ကာ​လ​၌​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ ထို​နောက် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် လာ​သည့်​ကာ​လ၊-
때에 아람 왕 하사엘이 올라와서 가드를 쳐서 취하고 예루살렘을 향하여 올라오고자 한고로
18 ၁၈ ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။
유다 왕 요아스가 그 열조 유다 왕 여호사밧과 여호람과 아하시야가 구별하여 드린 모든 성물과 자기가 구별하여 드린 성물과 여호와의 전 곳간과 왕궁에 있는 금을 다 취하여 아람 왕 하사엘에게 보내었더니 하사엘이 예루살렘에서 떠나갔더라
19 ၁၉ ယော​ရှ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။
요아스의 남은 사적과 그 모든 행한 것은 유다 왕 역대지략에 기록되지 아니하였느냐
20 ၂၀ ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
요아스의 신복들이 일어나서 모반하여 실라로 내려가는 길 가의 밀로궁에서 저를 죽였고
21 ၂၁
저를 쳐서 죽인 신복은 시므앗의 아들 요사갈과 소멜의 아들 여호사바드이었더라 저는 다윗 성에 그 열조와 함께 장사되고 그 아들 아마샤가 대신하여 왕이 되니라

< ၄ ဓမ္မရာဇဝင် 12 >