< ၄ ဓမ္မရာဇဝင် 12 >
1 ၁ ဣသရေလပြည်ဘုရင်ယေဟုမင်း၏နန်း စံခုနစ်နှစ်မြောက်တွင် ယောရှသည်ယုဒပြည် ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်နန်းစံလေသည်။ သူ၏မယ် တော်ကားဗေရရှေဘမြို့သူဇိဗိဖြစ်၏။-
他在耶胡第七年即位為王,在耶路撒冷作王凡四十年。他的母親名叫漆彼雅,是貝耳舍巴人。
2 ၂ သူသည်ယဇ်ပုရောဟိတ်ယောယဒ၏သွန် သင်မှုကိုခံယူရရှိသဖြင့် တစ်သက်လုံး ထာဝရဘုရားနှစ်သက်တော်မူသော အမှုများကိုပြု၏။-
約阿士在司祭約雅達教導他期間,行了上主視為正義的事,
3 ၃ သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။
只是沒有廢除高丘,人民仍在高丘上焚香獻祭。
4 ၄ ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
約阿士對司祭說:「凡人向上主的殿繳納作獻儀錢,不論是人丁贖金,或樂意捐獻於上主殿中的錢,
5 ၅ ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။
司祭們都可以接收,每人也可向相識的人去勸捐;但司祭們應該修理聖殿需要修理的破壞之處。」
6 ၆ သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊-
但是,直到約阿士王第二十三年,司祭尚未修理聖殿的破壞之處。
7 ၇ ယောရှသည်ယောယဒနှင့်အခြားယဇ်ပုရော ဟိတ်များကိုခေါ်၍``သင်တို့သည်အဘယ် ကြောင့်ဗိမာန်တော်ကိုမပြင်ဘဲနေကြသနည်း။ ယခုအချိန်မှအစပြု၍ သင်တို့သည်မိမိ တို့ရရှိသည့်ငွေကိုသိမ်းဆည်း၍မထားရ ကြ။ ဗိမာန်တော်မွမ်းမံပြင်ဆင်မှုအတွက် ပေးအပ်ရကြမည်'' ဟုဆို၏။-
於是約阿士王將約雅達大司祭和其他司祭召來,問他們說:「你們為什麼不修理聖殿破壞之處﹖現在你們不要再向相識的人收錢了;應把所有的錢交出,用來修理聖殿的破壞之處。」
8 ၈ ယဇ်ပုရောဟိတ်တို့သည်လည်းငွေကိုပေး အပ်ရန်နှင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုကို တာဝန်မယူရန်သဘောတူကြလေသည်။
司祭們就同意不再向人民收錢,也不再負責修理聖殿的破壞之處。
9 ၉ ထိုနောက်ယောယဒသည်သေတ္တာတစ်လုံး ကိုယူ၍အဖုံးတွင်အပေါက်ဖောက်ပြီးလျှင် ဗိမာန်တော်အဝင်လမ်းလက်ယာဘက်ရှိယဇ် ပလ္လင်အနီးတွင်ထား၏။ ဗိမာန်တော်အဝင်ဝ တွင်တာဝန်ကျသောယဇ်ပုရောဟိတ်များ သည် ဝတ်ပြုကိုးကွယ်ရန်လာရောက်သူတို့ ပေးလှူသောငွေတို့ကိုသေတ္တာထဲသို့ထည့် ကြ၏။-
司祭約雅達於是拿來一個箱子,箱子上面開了一個口,安放在祭壇旁邊,即在上主聖殿入口的右邊,守門的司祭將所有獻於上主聖殿的銀錢,放入箱內。
10 ၁၀ အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။-
幾時看見箱內的錢夠多了,君王的秘書和大司祭就上來,把錢倒出,數點上主殿內所有的銀錢。
11 ၁၁ သူတို့သည်အလေးချိန်အတိအကျကို မှတ်သားထားပြီးလျှင် ငွေကိုဗိမာန်တော် ပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူတို့၏လက် သို့ပေးအပ်ကြ၏။ ကြီးကြပ်သူတို့သည် ထိုငွေကိုလက်သမား၊-
他們將秤好了的錢,交給上主殿內間監工的管理員,由他們發給在上主殿內工作的木匠和建築工人,
12 ၁၂ ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။-
泥水匠和石匠,或購買木料和鑿刻好的石頭,用來修補上主殿內的破壞之處;總之,用來作為修理聖殿的費用。
13 ၁၃ ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။-
進獻於上主聖殿的銀錢,並沒有用來製造上主殿內的銀盆、燭剪、盤子、號筒,或任何金銀器皿,
14 ၁၄ အလုပ်သမားခများပေးရန်နှင့်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာပစ္စည်းများဝယ်ယူရန် အတွက်သာ ထိုငွေကိုအသုံးပြုကြ၏။-
只是將銀錢交給工作人員,用來修理上主的殿。
15 ၁၅ လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-
也並不需要向那些經手收錢付給工人的人算賬,因為他們做事忠信可靠。
16 ၁၆ ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
至於獻作贖過祭和贖罪祭的錢,不歸於上主的殿,全歸於司祭。
17 ၁၇ ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
那時,阿蘭王哈匝耳上來攻打加特,也攻下了,準備進攻耶路撒冷。
18 ၁၈ ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
猶大王約阿士就將他祖先猶大王約沙法特、約蘭和阿哈齊雅所奉獻的聖物,同他自己奉獻的聖物,以及上主聖殿和王宮的府庫內儲藏的金子,全部取出來,送給了阿蘭王哈匝耳;哈匝耳就離開了耶路撒冷。
19 ၁၉ ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။
約阿士其餘的事蹟,他行的一切,都記載在猶大列王實錄上。
20 ၂၀ ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
約阿士的臣僕起來結黨謀反,在約阿士下到米羅宮時,將他殺死;
殺他的是他的臣僕史默阿特的兒子約匝加爾和芍默爾的兒子約匝巴得。他死後,人將他葬在達味城,與祖先埋在一起;他的兒子阿瑪責雅繼位為王。