< ၄ ဓမ္မရာဇဝင် 11 >
1 ၁ အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
Cuando Atalía, la madre de Ocozías, vio que su hijo había muerto, dio la orden de asesinar a todo el resto de la familia real.
2 ၂ အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
Pero Josaba, hija del rey Jehoram, hermana de Ocozías, tomó a Joás, hijo de Ocozías, apartándolo del resto de los hijos del rey que estaban siendo asesinados. Lo puso a él y a su nodriza en un dormitorio para ocultarlo de Atalía, y no fue asesinado.
3 ၃ ဘုရင်မအဖြစ်ဖြင့်အာသလိနန်းစံနေစဉ် သူသည်ခြောက်နှစ်တိုင်တိုင် ထိုသူငယ်ကို ကျွေးမွေးပြုစုကာဗိမာန်တော်၌ပုန်း အောင်း၍နေစေ၏။
Joás permaneció escondido en el Templo del Señor durante seis años, mientras Atalía gobernaba el país.
4 ၄ သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
En el séptimo año, Joyadá mandó llamar a los comandantes de centenares, a los cereteos, y los guardias, y los llevó al Templo del Señor. Hizo un acuerdo con ellos y les hizo prestar un juramento. Allí, en el Templo del Señor, les mostró al hijo del rey
5 ၅ ``ဥပုသ်နေ့၌တာဝန်ထမ်းဆောင်ရန်လာသော အခါ သင်တို့အနက်သုံးပုံတစ်ပုံသည်နန်း တော်ကိုစောင့်ရကြမည်။-
y les ordenó: “Esto es lo que vais a hacer: Un tercio de vosotros, que viene de servicio el sábado, vigilará el palacio real.
6 ၆ နောက်သုံးပုံတစ်ပုံမှာသုရတံခါးဝကို စောင့်ရကြမည်။ ကျန်သုံးပုံတစ်ပုံကမူ ကင်းနောက်တံခါးဝကိုစောင့်ရကြမည်။-
Un tercio estará en la Puerta Sur, y otro tercio en la puerta detrás de los guardias. Se alternarán en la vigilancia del palacio.
7 ၇ ဥပုသ်နေ့၌အားလပ်ခွင့်ရသောလူနှစ်စု သည်ကား ရှင်ဘုရင်အားကာကွယ်ရန် ဗိမာန် တော်ကိုစောင့်ရကြမည်။-
Las dos divisiones que normalmente salen de servicio en el día de reposo vigilarán el Templo del Señor para el rey.
8 ၈ သူတို့သည်ဋ္ဌားလွတ်ကိုကိုင်ဆောင်ကာရှင် ဘုရင်အား စောင့်ရှောက်ရကြမည်။ မင်းကြီး သွားလေရာသို့သူနှင့်အတူလိုက်ရကြ မည်။ သင်တို့အနီးသို့ချဉ်းကပ်လာသူ မှန် သမျှကိုကွပ်မျက်ရမည်'' ဟုအမိန့်ပေး၏။
Rodeen al rey con las armas desenfundadas, y cualquiera que se acerque a esta línea debe ser asesinado. Permanezcan cerca del rey dondequiera que vaya”.
9 ၉ တပ်မှူးတို့သည်ယောယဒ၏ညွှန်ကြားချက် များကိုနာခံလျက် မိမိတို့တပ်များမှဥပုသ် နေ့၌တာဝန်ကျသောတပ်သားများနှင့် အား လပ်ခွင့်ရသည့်တပ်သားများကိုသူ၏ထံ သို့ခေါ်ခဲ့ကြ၏။-
Los comandantes de centenares siguieron todas las instrucciones que había dado el sacerdote Joyadá. Cada uno tomó a sus propios hombres, los que venían de servicio el sábado y los que salían de servicio, y se presentaron ante el sacerdote Joyadá.
10 ၁၀ ယောယဒသည်ထိုတပ်သားတို့အားဗိမာန် တော်တွင် ထားရှိသည့်ဒါဝိဒ်မင်း၏လှံနှင့် ဒိုင်းလွှားများကိုပေးအပ်လေသည်။-
Entonces el sacerdote entregó a los comandantes de centenas las lanzas y los escudos que habían pertenecido al rey David y que estaban guardados en el Templo del Señor.
11 ၁၁ သူသည်မင်းကြီးကိုကာကွယ်စောင့်ရှောက် ရန်အတွက်ထိုသူတို့အား ဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်ဋ္ဌားလွတ်များ ကိုကိုင်၍နေရာယူစေ၏။-
Los guardias se pusieron de pie con las armas desenfundadas rodeando al rey junto al altar, y en una línea alrededor del Templo, desde el lado sur hasta el lado norte del Templo.
12 ၁၂ ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
Entonces Joyadá sacó al hijo del rey, le puso la corona y le entregó un ejemplar de la Ley de Dios. Lo proclamaron rey y lo ungieron. El pueblo aplaudió y gritó: “¡Viva el rey!”.
13 ၁၃ အာသလိဘုရင်မသည်အစောင့်တပ်သား များနှင့် လူတို့၏ကြွေးကြော်သံကိုကြား သဖြင့် ပရိသတ်စုဝေးရာဗိမာန်တော်သို့ အဆောတလျင်လာသောအခါ၊-
Cuando Atalía oyó el ruido de los guardias y del pueblo, corrió hacia la multitud en el Templo del Señor.
14 ၁၄ ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
Vio al rey de pie junto a su columna, como era costumbre. Los comandantes y los trompetistas estaban con el rey, y todos celebraban y tocaban las trompetas. Atalía se rasgó las vestiduras y gritó: “¡Traición! Traición!”
15 ၁၅ ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌ကွပ်မျက်သည်ကိုမလိုလား သဖြင့်``သူ့အားအစောင့်တပ်သားများအကြား မှနေ၍ခေါ်သွားကြလော့၊ သူ့အားကယ်ရန် ကြိုးစားသူမှန်သမျှကိုကွပ်မျက်ကြလော့'' ဟုတပ်မှူးတို့အားအမိန့်ပေးလေသည်။-
Joyadá ordenó a los comandantes del ejército: “Llévenla ante los hombres que están frente al Templo y maten a cualquiera que la siga”. Antes, el sacerdote había dejado claro: “No deben matarla en el Templo del Señor”.
16 ၁၆ တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။
Entonces la agarraron, la llevaron hasta donde los caballos entran en el recinto del palacio y allí la mataron.
17 ၁၇ ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
Entonces Joyadá hizo un acuerdo solemne entre el Señor, el rey y el pueblo de que serían el pueblo del Señor. También hizo un acuerdo entre el rey y el pueblo.
18 ၁၈ ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊-
Todos fueron al Templo de Baal y derribaron sus altares y destrozaron los ídolos. Mataron a Matán, el sacerdote de Baal, frente al altar. Entonces el sacerdote Joyadá mandó poner guardias en el Templo del Señor.
19 ၁၉ တပ်မှူးများ၊ ဘုရင်၏ကိုယ်ရံတော်တပ်သား များ၊ နန်းတော်အစောင့်တပ်သားများနှင့်အတူ မင်းကြီးအားနန်းတော်သို့ပို့ဆောင်ရာပြည်သူ တို့သည် သူတို့၏နောက်မှလိုက်ပါလာကြလေ သည်။ မင်းကြီးသည်ကင်းတံခါးဝမှဝင်တော် မူ၍ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။-
Junto con los comandantes, los nobles, los gobernantes del pueblo y todo el pueblo, condujo al rey en una procesión desde el Templo del Señor, entrando por la puerta superior al palacio real. Allí sentaron al rey en el trono real.
20 ၂၀ အာသလိအားနန်းတော်တွင်လုပ်ကြံနှင့် ပြီးဖြစ်ရာ ပြည်သူအပေါင်းတို့သည်ဝမ်း မြောက်၍မြို့တော်သည်လည်းအေးချမ်း လျက်နေ၏။
En todo el país la gente celebró, y Jerusalén estaba en paz, porque Atalía había sido muerta a espada en el palacio.
21 ၂၁ ယောရှသည်အသက်ခုနစ်နှစ်တွင် ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်သတည်း။
Joás tenía siete años cuando se convirtió en rey.