< ၄ ဓမ္မရာဇဝင် 11 >

1 အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-
When Athaliah the mother of Ahaziah saw that her son was dead, she proceeded to annihilate all the royal heirs.
2 အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-
But Jehosheba daughter of King Joram, the sister of Ahaziah, took Joash son of Ahaziah and stole him away from among the sons of the king who were being murdered. She put him and his nurse in a bedroom to hide him from Athaliah, and he was not killed.
3 ဘု​ရင်​မ​အ​ဖြစ်​ဖြင့်​အာ​သ​လိ​နန်း​စံ​နေ​စဉ် သူ​သည်​ခြောက်​နှစ်​တိုင်​တိုင် ထို​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​ကာ​ဗိ​မာန်​တော်​၌​ပုန်း အောင်း​၍​နေ​စေ​၏။
And Joash remained hidden with his nurse in the house of the LORD for six years while Athaliah ruled the land.
4 သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-
Then in the seventh year, Jehoiada sent for the commanders of hundreds, the Carites, and the guards, and had them brought into the house of the LORD. There he made a covenant with them and put them under oath. He showed them the king’s son
5 ``ဥ​ပုသ်​နေ့​၌​တာဝန်​ထမ်း​ဆောင်​ရန်​လာ​သော အ​ခါ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သည်​နန်း တော်​ကို​စောင့်​ရ​ကြ​မည်။-
and commanded them, “This is what you are to do: A third of you who come on duty on the Sabbath shall guard the royal palace,
6 နောက်​သုံး​ပုံ​တစ်​ပုံ​မှာ​သု​ရ​တံ​ခါး​ဝ​ကို စောင့်​ရ​ကြ​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​က​မူ ကင်း​နောက်​တံ​ခါး​ဝ​ကို​စောင့်​ရ​ကြ​မည်။-
a third shall be at the gate of Sur, and a third at the gate behind the guards. You are to take turns guarding the temple—
7 ဥ​ပုသ်​နေ့​၌​အား​လပ်​ခွင့်​ရ​သော​လူ​နှစ်​စု သည်​ကား ရှင်​ဘု​ရင်​အား​ကာ​ကွယ်​ရန် ဗိ​မာန် တော်​ကို​စောင့်​ရ​ကြ​မည်။-
the two divisions that would go off duty on the Sabbath are to guard the house of the LORD for the king.
8 သူ​တို့​သည်​ဋ္ဌား​လွတ်​ကို​ကိုင်​ဆောင်​ကာ​ရှင် ဘု​ရင်​အား စောင့်​ရှောက်​ရ​ကြ​မည်။ မင်း​ကြီး သွား​လေ​ရာ​သို့​သူ​နှင့်​အ​တူ​လိုက်​ရ​ကြ မည်။ သင်​တို့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သူ မှန် သ​မျှ​ကို​ကွပ်​မျက်​ရ​မည်'' ဟု​အ​မိန့်​ပေး​၏။
You must surround the king with weapons in hand, and anyone who approaches the ranks must be put to death. You must stay close to the king wherever he goes.”
9 တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-
So the commanders of hundreds did everything that Jehoiada the priest had ordered. Each of them took his men—those coming on duty on the Sabbath and those going off duty—and came to Jehoiada the priest.
10 ၁၀ ယော​ယ​ဒ​သည်​ထို​တပ်​သား​တို့​အား​ဗိ​မာန် တော်​တွင် ထား​ရှိ​သည့်​ဒါ​ဝိဒ်​မင်း​၏​လှံ​နှင့် ဒိုင်း​လွှား​များ​ကို​ပေး​အပ်​လေ​သည်။-
Then the priest gave to the commanders of hundreds the spears and shields of King David from the house of the LORD.
11 ၁၁ သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-
And the guards stood with weapons in hand surrounding the king by the altar and the temple, from the south side to the north side of the temple.
12 ၁၂ ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။
Then Jehoiada brought out the king’s son, put the crown on him, presented him with the Testimony, and proclaimed him king. They anointed him, and the people clapped their hands and declared, “Long live the king!”
13 ၁၃ အာ​သ​လိ​ဘု​ရင်​မ​သည်​အ​စောင့်​တပ်​သား များ​နှင့် လူ​တို့​၏​ကြွေး​ကြော်​သံ​ကို​ကြား သ​ဖြင့် ပ​ရိ​သတ်​စု​ဝေး​ရာ​ဗိ​မာန်​တော်​သို့ အ​ဆော​တ​လျင်​လာ​သော​အ​ခါ၊-
When Athaliah heard the noise from the guards and the people, she went out to the people in the house of the LORD.
14 ၁၄ ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။
And she looked out and saw the king standing by the pillar, according to the custom. The officers and trumpeters were beside the king, and all the people of the land were rejoicing and blowing trumpets. Then Athaliah tore her clothes and screamed, “Treason! Treason!”
15 ၁၅ ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-
And Jehoiada the priest ordered the commanders of hundreds in charge of the army, “Bring her out between the ranks, and put to the sword anyone who follows her.” For the priest had said, “She must not be put to death in the house of the LORD.”
16 ၁၆ တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။
So they seized Athaliah as she reached the horses’ entrance to the palace grounds, and there she was put to death.
17 ၁၇ ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
Then Jehoiada made a covenant between the LORD and the king and the people that they would be the LORD’s people. He also made a covenant between the king and the people.
18 ၁၈ ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-
So all the people of the land went to the temple of Baal and tore it down. They smashed the altars and idols to pieces, and they killed Mattan the priest of Baal in front of the altars. And Jehoiada the priest posted guards for the house of the LORD.
19 ၁၉ တပ်​မှူး​များ၊ ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​သား များ၊ နန်း​တော်​အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ မင်း​ကြီး​အား​နန်း​တော်​သို့​ပို့​ဆောင်​ရာ​ပြည်​သူ တို့​သည် သူ​တို့​၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​လေ သည်။ မင်း​ကြီး​သည်​ကင်း​တံ​ခါး​ဝ​မှ​ဝင်​တော် မူ​၍​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။-
He took with him the commanders of hundreds, the Carites, the guards, and all the people of the land, and they brought the king down from the house of the LORD and entered the royal palace by way of the Gate of the Guards. Then Joash took his seat on the royal throne,
20 ၂၀ အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။
and all the people of the land rejoiced. And the city was quiet, because Athaliah had been put to the sword at the royal palace.
21 ၂၁ ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။
Joash was seven years old when he became king.

< ၄ ဓမ္မရာဇဝင် 11 >