< ၄ ဓမ္မရာဇဝင် 10 >
1 ၁ အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
၁အာဟပ် ၏သား ခုနစ်ကျိပ် တို့သည် ရှမာရိ မြို့၌ ရှိသည်ဖြစ်၍၊ ယေဟု သည် ယေဇရေလ မြို့အုပ် များ၊ အသက်ကြီး သူများ၊ အာဟပ် သားတို့ ကို လုပ်ကျွေးသော သူများရှိ ရာ၊ ရှမာရိ မြို့သို့ စာ ရေး ၍ ပေး လိုက်လေ၏
2 ၂ ``သင်တို့သည်မင်းကြီး၏သားမြေးများ ကိုတာဝန်ယူစောင့်ရှောက်ရကြသူများဖြစ် သဖြင့် သင်တို့၌စစ်ရထားတပ်၊ မြင်းတပ်၊ လက်နက်၊ ခံတပ်မြို့များရှိပေသည်။ ထို့ကြောင့် ဤစာကိုရလျှင်ရခြင်း၊-
၂မှာလိုက်သောစာချက်ဟူမူကား၊ သင် တို့၌ သင် တို့သခင် ၏သား များ၊ စစ်သူရဲ ၊ မြင်း စီးသူရဲများ၊ ခိုင်ခံ့ သောမြို့ ၊ လက်နက် စုံရှိသည်ဖြစ်၍ ၊ ဤ စာ ရောက် သောအခါ၊ “
3 ၃ သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
၃သင် တို့သခင် ၏သား တို့တွင် သာ၍ကောင်း မြတ်တော် သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ရာဇပလ္လင် ပေါ် မှာတင် ပြီးလျှင်၊ သခင် အမျိုး အဘို့ စစ်တိုက် ကြလော့ ဟု မှာလိုက်သတည်း
4 ၄ ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။-
၄ထိုသူတို့က၊ ရှင်ဘုရင် နှစ် ပါးတို့သည် သူ့ ရှေ့ မှာ မ ခံ မရပ်နိုင်သည် ဖြစ်၍ ၊ ငါ တို့သည် အဘယ် သို့ခံရပ်နိုင် မည်နည်းဟု အလွန် ကြောက် လျက် ဆို ကြ၏
5 ၅ သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
၅နန်းတော် အုပ်၊ မြို့ အုပ်၊ အသက် ကြီးသူ၊ အာဟပ် သားတို့ကို လုပ် ကျွေးသောသူတို့ ကလည်း ၊ ကျွန်တော် တို့ သည် ကိုယ်တော် ကျွန် ဖြစ်ပါ၏။ မိန့် တော်မူသည်အတိုင်း ပြု ပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကိုမ ချီးမြှောက် ပါ။ အလို တော်ရှိသည်အတိုင်း ပြု တော်မူပါဟု ယေဟုထံသို့ပြန် စာကို ပေးလိုက်ကြ၏
6 ၆ ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
၆ယေဟုကလည်း၊ သင် တို့သည် ငါ၏လူဖြစ်၍ ငါ့ စကား ကို နားထောင် လျှင် ၊ သင် တို့သခင့် သား တို့၏ ဦးခေါင်း များကိုယူ ၍ ယေဇရေလ မြို့၊ ငါ ရှိရာသို့ နက်ဖြန် နေ့ယခု အချိန် ၌ လာ ကြလော့ဟု တဖန်စာပေး လိုက်လေ၏။ ရှင်ဘုရင် ၏သား တော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏
7 ၇ သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။
၇ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏
8 ၈ ယင်းသို့အာဟပ်သားမြေးတို့၏ဦးခေါင်း များရောက်ရှိလာကြောင်းယေဟုကြားသိ လျှင် ယင်းတို့ကိုမြို့တံခါးဝတွင်နှစ်ပုံပုံ ၍နောက်တစ်နေ့နံနက်တိုင်အောင် ထားရှိရန် အမိန့်ပေး၏။-
၈လုလင် တယောက်သည် လာ ၍ ရှင်ဘုရင် သား တို့ ၏ ဦးခေါင်း များကို ဆောင် ခဲ့ပါပြီဟု လျှောက် လျှင် ၊ ယေဟု က၊ မြို့တံခါးဝ မှာ နံနက် တိုင်အောင် နှစ် စုပုံ ထား တော့ဟု ဆို ၏
9 ၉ နံနက်ရောက်သောအခါယေဟုသည် မြို့ တံခါးသို့သွား၍ရောက်ရှိနေသည့်လူတို့ အား``ယောရံမင်းကိုလုပ်ကြံခဲ့သူမှာငါ ပင်ဖြစ်၏။ ထိုအမှုအတွက်သင်တို့တွင် တာဝန်မရှိပါ။ သို့ရာတွင်ဤသူတို့ကို သတ်သောသူကားအဘယ်သူဖြစ်ပါ သနည်း။-
၉နံနက် ရောက်မှယေဟုသည် ထွက် ၍ ရပ် လျက် လူ များတို့အား ၊ အိုဖြောင့်မတ် သောလူတို့၊ ငါ သည် ငါ့ သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ် လေပြီ။ ဤ သူအပေါင်း တို့ကို ကား အဘယ် သူသတ် သနည်း
10 ၁၀ အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
၁၀ထာဝရဘုရား သည် အာဟပ် အမျိုး ၌ မိန့် တော်မူ သော စကား တော်တခွန်းမျှမြေ သို့ မ ကျ ရသည် ကို သင်တို့သိ မှတ်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ဧလိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ပြု တော်မူမည်ဟု ဆိုသဖြင့်၊”
11 ၁၁ ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
၁၁ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏
12 ၁၂ ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
၁၂နောက်မှ ထ ၍ ရှမာရိ မြို့သို့သွား ၏။ လမ်း နား မှာ ရှိ သောသိုးမွေးညှပ်ရာစရပ်သို့ ရောက် သောအခါ၊ “
13 ၁၃ သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။-
၁၃ယုဒ ရှင်ဘုရင် အာခဇိ ၏ ပေါက်ဘော် တို့ကို တွေ့ လျှင် ၊ သင် တို့သည် အဘယ်သူ နည်းဟုမေး သော် ၊ ငါတို့သည် အာခဇိ မင်း၏ ဆွေတော် မျိုးတော်ဖြစ်၏။ ရှင်ဘုရင် ၏ သား တော်တို့နှင့် မိဖုရား ၏ သား တော်တို့ကို နှုတ်ဆက် အံ့သောငှါ သွား သည်ဟု ဆို ကြ၏
14 ၁၄ ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
၁၄ယေဟုကလည်း၊ အရှင် ဘမ်း ကြဟု စီရင် သည် အတိုင်း ၊ အရှင် ဘမ်း ၍ သိုးမွေး စရပ်တွင်း နား မှာ လေးကျိပ် နှစ် ယောက်တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် ကြ၏
15 ၁၅ ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
၁၅ထို စရပ်မှ ထွက် သောအခါ ခရီးဦး ကြိုပြုအံ့ ဟု လာ သောရေခပ် သား ယောနဒပ် ကို တွေ့၍ နှုတ်ဆက် သဖြင့် ၊ ငါ့ စိတ် နှလုံးသည် သင့် စိတ် နှလုံးနှင့် သင့်၍ သဘော ဖြောင့်သကဲ့သို့ သင့် စိတ် နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက် ဆိုသော်၊ ထို သို့မှန်လျှင် သင့် လက် ကိုပေး ပါဟုဆို သည်အတိုင်း ၊ လက် ကိုပေး ၍ ယေဟုသည် မိမိ အနားသို့ ရထား ပေါ် မှာ ဆွဲ တင်လျက်၊ “
16 ၁၆ ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
၁၆ငါ နှင့်အတူ လိုက် ၍ ထာဝရဘုရား ဘက် ၌ ငါ့ စိတ်အားကြီး ကြောင်း ကို ကြည့်ရှု လော့ဟုဆို သဖြင့် မိမိ ရထား ကို စီး စေ၏
17 ၁၇ ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
၁၇ရှမာရိ မြို့သို့ရောက် သောအခါ ၊ ထာဝရဘုရား သည် ဧလိယ အား မိန့် တော်မူသော စကား တော်အတိုင်း ၊ အာဟပ် အမျိုး အကုန် အစင်ပျက်စီး သည်တိုင်အောင် ထို မြို့၌ ကျန်ကြွင်း သမျှတို့ကိုသတ် လေ၏
18 ၁၈ ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
၁၈တဖန် ယေဟု သည် လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ အာဟပ် သည် ဗာလ ဘုရားကို အနည်းငယ် သာ ဝတ်ပြု ၏။ ငါယေဟု မူကား များ စွာပြု မည်
19 ၁၉ ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
၁၉သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏
20 ၂၀ ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
၂၀ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏
21 ၂၁ ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
၂၁ဣသရေလ ပြည်တရှောက်လုံး သို့ စေလွှတ် ၍ ၊ ဗာလ တပည့် ရှိသမျှ တို့သည် တယောက် မျှ မ ကြွင်း လာကြ၏။ ဗာလ ကျောင်း ထဲသို့ ဝင် ကြသဖြင့် တကျောင်းလုံး ပြည့် လျက် ရှိ၏
22 ၂၂ ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
၂၂ယေဟုသည် အဝတ် တန်ဆာတိုက်စိုးကို ခေါ်၍၊ ဗာလ ဘုရားတပည့် တို့အဘို့ အဝတ် တန်ဆာကို ထုတ် ကြ ဟုဆို သည်အတိုင်း ထုတ် လေ၏
23 ၂၃ ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-
၂၃တဖန် ရေခပ် သား ယောနဒပ် နှင့်အတူ ဗာလ ကျောင်း ထဲသို့ ဝင် ၍ ၊ သင် တို့သည် ထာဝရဘုရား တပည့် တယောက် မျှမပါ၊ ဗာလ ဘုရားတပည့် သက်သက်ရှိစေမည် အကြောင်းကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏
24 ၂၄ ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
၂၄မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကိုပူဇော် ခြင်းငှါ အထဲသို့ဝင် သောအခါ ၊ ယေဟု သည် ကျောင်းပြင် ၌ လူ ရှစ်ကျိပ် ကိုထား ၍ ၊ သင် တို့လက် သို့ ငါ ဆောင် ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ် စေသောသူ သည် အသက် သေရမည်ဟု စီရင်၍၊”
25 ၂၅ ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
၂၅မီးရှို့ ရာယဇ်ကို ပူဇော် မှုပြီး သောအခါ ၊ ယေဟု က ဝင် ၍ သတ် ကြလော့။ တယောက် ကိုမျှ မ ထွက် စေနှင့်ဟု တပ်သား နှင့် တပ်မှူး တို့အား ဆို သည်အတိုင်း ၊ တပ်သား နှင့် တပ်မှူး တို့ သည် ထား နှင့် လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ် ပြီးမှ၊ “
26 ၂၆ ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
၂၆ဗာလ ကျောင်း နှင့်ဆိုင်သော မြို့ သို့ သွား ၍ ဗာလ ကျောင်း ထဲကရုပ်တု များကို ထုတ် ပြီးလျှင် မီးရှို့ ကြ၏
27 ၂၇ သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
၂၇ဗာလ ဆင်းတု ကို၎င်း၊ ကျောင်း ကို၎င်းဖြိုဖျက် ၍ ယနေ့ တိုင်အောင် ကိုယ် သုတ်သင်ရာ အိမ်ဖြစ် စေကြ ၏
28 ၂၈ ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
၂၈ထိုသို့ ယေဟု သည် ဗာလ ကိုဣရေလ ပြည်မှ ပယ်ရှား ဖျက်ဆီးလေ၏
29 ၂၉ သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
၂၉သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် တည်းဟူသော ၊ ဗေသလ မြို့နှင့် ဒန် မြို့မှာ ရှိသော ရွှေ နွားသငယ် တို့ကို မ စွန့်။
30 ၃၀ ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
၃၀ထာဝရဘုရား ကလည်း ၊ သင်သည်ငါ့ ရှေ့ မှာ ဖြောင့် သောအကျင့်ကို ကျင့် ၍ ကောင်းမွန် စွာ ပြုသောကြောင့် ၎င်း၊ ငါ အလို ရှိသမျှ အတိုင်း အာဟပ် အမျိုး ၌ စီရင် သောကြောင့် ၎င်း၊ သင့် သား မြေးလေး ဆက် တိုင်အောင်ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည် ဟု ယေဟု အား မိန့် တော်မူသော်လည်း၊”
31 ၃၁ သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
၃၁ယေဟု သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား တရား တော်လမ်းသို့ စိတ် နှလုံးအကြွင်းမဲ့ လိုက် ခြင်းငှါ သတိ မ ပြု။ ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက် တို့ကို မ စွန့်။
32 ၃၂ ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-
၃၂ထိုကာလ တွင် ၊ ထာဝရဘုရား သည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ် တော်မူ၏
33 ၃၃ ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
၃၃ဟာဇေလ သည် ယော်ဒန် မြစ်အရှေ့ ဘက်၊ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုးနေရာ၊ အာနုန် မြစ် နား ၌ရှိသော အာရော် မြို့မှစ၍ ဂိလဒ် ပြည် ၊ ဗာရှန် ပြည် တရှောက်လုံး အရပ်ရပ် တို့ကို လုပ်ကြံ လေ၏
34 ၃၄ ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။-
၃၄ယေဟု ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
35 ၃၅ ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။-
၃၅ယေဟုသည် ရှမာရိ မြို့၌ မင်း ပြု၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ် ရှစ် နှစ် စိုးစံ ပြီးမှ ၊ ဘိုးဘေး တို့နှင့် အိပ်ပျော်၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏
36 ၃၆ ယေဟုသည်ဣသရေလဘုရင်အဖြစ် ဖြင့် ရှမာရိမြို့တွင်နှစ်ဆယ့်ရှစ်နှစ်နန်းစံ ခဲ့သတည်း။
၃၆သားတော် ယောခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင်၏