< ၄ ဓမ္မရာဇဝင် 10 >
1 ၁ အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
Ie amy zao, nanañ’ anake fitom-polo e Somerone ao t’i Akabe. Aa le nanokitse taratasy t’Ieho vaho nampihitrife’e mb’e Somerone mb’eo, amo mpifehe’ Iezreeleo, naho amo androanavio, vaho amo mpañabey o ana’ i Akabeoo, nanao ty hoe:
2 ၂ ``သင်တို့သည်မင်းကြီး၏သားမြေးများ ကိုတာဝန်ယူစောင့်ရှောက်ရကြသူများဖြစ် သဖြင့် သင်တို့၌စစ်ရထားတပ်၊ မြင်းတပ်၊ လက်နက်၊ ခံတပ်မြို့များရှိပေသည်။ ထို့ကြောင့် ဤစာကိုရလျှင်ရခြင်း၊-
Ie mivotrak’ ama’ areo ty taratasy toy, zoeñe te ama’ areo o anan-talè’ areoo naho sarete reke-tsoavala naho rova vaho fialiañe;
3 ၃ သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
le paiao ty soa mañeva amo anan-talè’ areoo, le ajoño am-piambesan-drae’e eo vaho mialia ho a i anjomban-talè’ areoy.
4 ၄ ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။-
F’ie nangebahebake, nifanao ty hoe: Hehe te roe ty mpanjaka tsy nahafiatreatre aze; akore arè ty hijohañan-tika?
5 ၅ သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
Aa le nañitrik’ am’ Ieho ty talè’ i anjombay naho i bein-drovay naho o androanavio vaho i mpañabey i ajaja reiy, ty hoe; Mpitoro’o zahay, le hene hanoe’ay ze hatoro’o anay; tsy aman-dahilahy hanoe’ay mpanjaka; aa le ano ze soa am-pihaino’o.
6 ၆ ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
Nanokira’e taratasy fañindroe’e, nanao ty hoe; Aa ie ho mpiamako vaho mahafitsendreñe ty feoko, le rambeso ty loha’ o lahilahin’ anan-talè’ areoo vaho mihavia amako e Iezreele atoy hamaray manahake henaneo. O anam-panjakao amy zao, i fitompolo rey, le tam’ ondati-bei’ i rovaio amo mpañabey iareoo.
7 ၇ သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။
Aa ie pok’ am’ iereo i taratasiy, le rinambe’ iereo i anam-panjaka rey, naho zinevo’ iareo indaty fitompolo rey naho najoñe an-koroñe ao o loha’ iareoo vaho nampihitrifeñe mb’e Iezreele mb’eo.
8 ၈ ယင်းသို့အာဟပ်သားမြေးတို့၏ဦးခေါင်း များရောက်ရှိလာကြောင်းယေဟုကြားသိ လျှင် ယင်းတို့ကိုမြို့တံခါးဝတွင်နှစ်ပုံပုံ ၍နောက်တစ်နေ့နံနက်တိုင်အောင် ထားရှိရန် အမိန့်ပေး၏။-
Nandoak’ ao amy zao ty ìrake, nitalily ama’e, ty hoe: Fa nendese’ iereo ty loha’ o ana-dahi’ i mpanjakaio. Le hoe re, Apoho am-botry roe am-pimoahañe an-dalambey eo pake maraindray.
9 ၉ နံနက်ရောက်သောအခါယေဟုသည် မြို့ တံခါးသို့သွား၍ရောက်ရှိနေသည့်လူတို့ အား``ယောရံမင်းကိုလုပ်ကြံခဲ့သူမှာငါ ပင်ဖြစ်၏။ ထိုအမှုအတွက်သင်တို့တွင် တာဝန်မရှိပါ။ သို့ရာတွင်ဤသူတို့ကို သတ်သောသူကားအဘယ်သူဖြစ်ပါ သနည်း။-
Ie maraindray, niavotse le nijohañe eo, nanao ty hoe am’ ondaty iabio: Votsotse nahareo; Heheke, nikilily amy talèkoy iraho le nanjevoñ’ aze; fa ia ka ty nañoho-doza amo retoañeo?
10 ၁၀ အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
Mahafohina te ndra loli’e tsy hipok’ an-tane amy nitsaràe’ Iehovà i anjomba’ i Akabeiy, fa nanoe’ Iehovà i tsinara’e añamy mpitoro’e Eliàiy.
11 ၁၁ ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
Fonga zinevo’ Ieho ze sehanga’ ty anjomba’ i Akabe e Iezreele ao, naho ondati-bei’eo naho ze hene longo’e naho o mpisoro’e iabio, ampara’ te tsy aman-konka’e.
12 ၁၂ ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
Niavotse amy zao re nienga mb’eo vaho nigodañe e Somerone ao. Ie nioza an-trañom-pañitsifam-bolon’ añondry an-dalañe ey,
13 ၁၃ သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။-
le nifanampe aman-drolongo’ i Ahkazià, mpanjaka’ Iehoda, naho nanao ty hoe; Ia v’inahareoo? vaho hoe ty natoi’ iareo: Longo’ i Ahkazià zahay, mizotso mb’eo hifañontane amo anam-panjakao naho amo ana’ i mpanjaka-ampelaio.
14 ၁၄ ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
Le hoe re: Itsepaho veloñe. Aa le rinambe veloñe vaho zinevo’ iereo an-kobo’ i trañom-pihitsifañey t’indaty efa-polo-ro’ amby; le tsy napo’e sehanga’e.
15 ၁၅ ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
Ie nienga ao, le tendreke Iehonadabe ana’ i Rekabe, ie nimb’ eo hifanalaka ama’e; le nañontanea’e ty hoe: Mazava hao ty arofo’o manahake ty troko amo arofo’oo? Eka, hoe ty natoi’ Iehonadabe. Aa naho izay, atoloro ahy o fità’oo. Le nahiti’e ama’e i fità’ey vaho rinambe’e amy sarete’ey.
16 ၁၆ ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
Le hoe re: Mindreza amako, hahaisaha’o ty fahimbañako am’ Iehovà. Aa le najo’e an-tsarete’e ao.
17 ၁၇ ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
Ie nivotrake e Somerone le fonga linihi’e ze nisisa’ i Akabe e Somerone ao, ampara’ te nimongore’e, ty amy tsara’ Iehovà nitsarae’e amy Eliày.
18 ၁၈ ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
Hene natonto’ Ieho amy zao ondatio le nanoe’e ty hoe; Nitoroñe i Baale tsy ampeampe t’i Akabe; fa hitoroñe aze fatratse ka t’Ieho.
19 ၁၉ ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
Aa le koiho iaby o mpitoki’ i Baaleo, ze hene mpitalaho ama’e, o fonga mpisoro’eo, le ko apo’o ndra raike; fa hanao sorom-bey amy Baale iraho, tsy ho veloñe ze tsy eo. Fe am-pamañahiañe ty nanoe’ Ieho i hoe zay hanjamana’e o mpitalaho amy Baaleo.
20 ၂၀ ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
Le hoe t’Ieho: Añefero fivory miambake amy Baale. Le kinoi’ iereo.
21 ၂၁ ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
Aa le nañitrik’ am-panitsihañe Israele t’Ieho; le nimb’eo iaby o mpitalaho amy Baaleo, ampara’ t’ie fonga niavy tsy poke raike. Ie nimoak’ an-tsokemitraha’ i Baaley le ninitse sikal’ am-pata’e pak’an-tondohà’e i anjomba’ i Baaley.
22 ၂၂ ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
Le hoe re amy mpamandroñe saroñey, Añakaro sikiñe iaby o mpitalaho amy Baaleo. Le sindre nañakara’e saroñe.
23 ၂၃ ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-
Nimoak’ añ’anjomba’ i Baaley t’Iohabe rekets’ Iehonadabe ana’ i Rekabe; le hoe re amo mpitalaho amy Baaleo; Paiavo, le rendreho tsy ho zoeñe ama’ areo ao ndra raik’ amo mpitoro’ Iehovà fa mpitoro’ i Baale avao.
24 ၂၄ ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
Aa le nimb’ ao iereo hañenga naho hisoroñe. Ie amy zao fa nanendre ondaty valompolo alafe’e ao, ami’ty hoe: Naho mipolititse ty raik’ am’ ondaty hatoloko am-pità’ areoo le ty fiai’ i nañaha azey ty hisolo ty fiai’e.
25 ၂၅ ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
Aa ie vata’e nigadoñe i fisoroñañey, le hoe t’Ieho amo mpañambeñeo naho amo mpifeheo. Mimoaha, le zevòño; ko apo’ areo hiakatse, leo raike. Aa le zinevo’ iereo an-delam-pibara; le navokovoko’ o mpañambeñeo naho o mpifeheo alafe’e ao vaho nizilik’ añate’ ty efe’ i Baale ao.
26 ၂၆ ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
Nakare’ iereo o hazomanga añ’ anjomba’ i Baaleo, le niforototoeñe.
27 ၂၇ သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
Nakoroma’ iereo i hazomanga’ i Baaley naho narotsa’ iereo i anjomba’ i Baaley vaho nanoe’ iereo fieveñañe am-para’ henanekeo.
28 ၂၈ ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
Izay ty namongora’ Ieho i Baale am’ Israele.
29 ၂၉ သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
Fe, tsy napo’ Ieho ty hakeo’ Iarovame ana’ i Nebate, i nampanan-tahiñe Israele amy bania volamena e Betele naho e Dane ao rey.
30 ၃၀ ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
Le hoe t’Iehovà am’Ieho, Ami’ty hasoa nanoe’o a masoko amy nitoloña’o amy anjomba’ i Akabeiy, ie hene nanoe’o ze tan-troko, le hiambesatse amy fiambesa’ Israeley o ana’oo am-para’ty tariratse fah’efatse.
31 ၃၁ သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
Fe tsy nihaoñe’ Ieho añ’ àmpon’arofo ty fañaveloa’e amy Tsara’ Iehovà Andrianañahare’ Israeley, vaho tsy nisitaha’e o hakeo’ Iarovame nampanan-tahiñe Israeleo.
32 ၃၂ ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-
Niorotse nampitomotse Israele t’Iehovà; le linafa’ i Kazaele o añ’olon-tane’ Israeleo iabio;
33 ၃၃ ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
boak’ am’ Iordaney maniñanañe, i tanen-Gilade iabiy, o nte-Gadeo, naho o nte Reobeneo, vaho o nte-Menasèo, boak’ amy Aroere, añ’ ilam-bavatane’ Arnone eo le i Gilade naho i Basane.
34 ၃၄ ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။-
Aa naho o fitoloña’ Ieho ila’eo naho ze he’e nanoe’e, i haozara’e iabiy, tsy fa sinokitse am-bokem-pamoliliañe o mpanjaka’ Israeleo hao?
35 ၃၅ ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။-
Nitrao-piròtse aman-droa’e t’Ieho, ie nalente’ iareo e Somerone ao. Nandimbe aze nifehe t’Iehoakaze ana’e.
36 ၃၆ ယေဟုသည်ဣသရေလဘုရင်အဖြစ် ဖြင့် ရှမာရိမြို့တွင်နှစ်ဆယ့်ရှစ်နှစ်နန်းစံ ခဲ့သတည်း။
Roapolo-valo’ amby taoñe ty nifehea’ Ieho Israele e Somerone ao.