< ၂ ယောဟန် 1 >
1 ၁ အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။-
ᎠᏴ ᎠᏆᏛᏐᏅᎯ ᏫᏥᏲᎵᎦ ᎠᎦᏑᏰᏛ ᎠᎨᏴ ᎠᎴ ᎾᏍᎩ ᏧᏪᏥ, ᎾᏍᎩ ᎦᏥᎨᏳᎢ ᏚᏳᎪᏛ ᎨᏒᎢ, ᎠᎴ ᎥᏝ ᎠᏋᏒᏉ ᏱᎩ ᎾᏍᏉᏍᎩᏂ ᏂᎦᏛ ᎤᏂᎦᏙᎥᏒᎯ ᏚᏳᎪᏛ ᎨᏒᎢ;
2 ၂ အဘယ်ကြောင့်ဆိုသော်သမ္မာတရားသည် ငါ တို့စိတ်နှလုံးတွင်တည်နေလျက် ငါတို့နှင့် အတူအစဉ်မပြတ်ရှိမည်ဖြစ်သောကြောင့် တည်း။ (aiōn )
ᏅᏗᎦᎵᏍᏙᏗᎭ ᎾᏍᎩ ᏚᏳᎪᏛ ᎨᏒ ᏥᎩᏯᎠ, ᎠᎴ ᎾᏍᎩ ᎠᏎ ᏥᎨᎳᏗᏙᎮᏍᏗ ᏂᎪᎯᎸᎢ. (aiōn )
3 ၃ ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်ထံတော် မှလည်းကောင်း၊ ကျေးဇူးတော်၊ ကရုဏာတော် နှင့်ငြိမ်သက်ခြင်းသည်သမ္မာတရားကိုသိ၍ အချင်းချင်းချစ်ကြသောငါတို့အပေါ်သို့ သက်ရောက်ပါစေသော။
ᎬᏩᎦᏗᏯ ᎤᏓᏙᎵᏍᏗ ᎨᏒᎢ ᎢᏤᎳᏗᏙᎮᏍᏗ ᎠᎴ ᎤᏓᏙᎵᏍᏗ ᎨᏒᎢ ᎠᎴ ᏅᏩᏙᎯᏯᏛ ᎨᏒᎢ, ᏅᏓᏳᎾᎵᏍᎪᎸᏔᏅᎯ ᎤᏁᎳᏅᎯ ᎠᎦᏴᎵᎨᎢ ᎠᎴ ᎤᎬᏫᏳᎯ ᏥᏌ ᎦᎶᏁᏛ ᎠᎦᏴᎵᎨ ᎤᏪᏥ, ᏚᏳᎪᏛ ᎨᏒᎢ ᎠᎴ ᎠᏓᎨᏳᏗ ᎨᏒᎢ.
4 ၄ သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-
ᎤᏣᏔᏅᎯ ᎠᏆᎵᎮᎵᏨᎩ ᎠᏆᏙᎴᎰᏒ ᎢᎦᏛ ᏗᏤᏥ ᏚᏳᎪᏛ ᎨᏒ ᎠᎾᎢᏒᎢ, ᎾᏍᎩᏯ ᏗᎧᎿᎭᏩᏛᏍᏗ ᎢᎩᏁᎸ ᎠᎦᏴᎵᎨᎢ.
5 ၅ သို့ဖြစ်၍ချစ်သောအမျိုးသမီးကြီး၊ ငါတို့ အချင်းချင်းချစ်ကြရန်သင့်အားငါတောင်း ပန်၏။ ဤပညတ်ကားအသစ်အဆန်းမဟုတ်။ အစကတည်းကပင်လျှင်ငါတို့ရရှိသည့် ပညတ်ဖြစ်ပေသည်။-
ᎿᎭᏉᏃ ᎬᏔᏲᏎᎭ ᎯᎨᏴ, ᏗᎦᎵᎨᏳᎯ ᎢᏳᎵᏍᏙᏗᏱ; ᎥᏝ ᎠᏗᎾ ᎢᏤ ᏗᎧᎿᎭᏩᏛᏍᏗ ᏥᎬᏲᏪᎳᏁᎰ ᎢᏳᏍᏗ ᏱᎩ, ᎾᏍᎩᏉᏍᎩᏂ ᏥᏁᎩᎰᎢ, ᏗᎦᏓᎨᏳᎯ ᎢᏳᎵᏍᏙᏗᏱ.
6 ၆ ချစ်ခြင်းဆိုသည်မှာကိုယ်တော်၏ပညတ်တော် တို့ကိုလိုက်နာကျင့်သုံးခြင်းပင်တည်း။ အစ ကတည်းကပင်လျှင် သင်တို့အားလုံးကြားနာ ခဲ့ရသည့်ပညတ်တော်မှာမေတ္တာတရားကို ကျင့်သုံးရမည်ဟူ၍ဖြစ်သတည်း။
ᎠᎴ ᎾᏍᎩ ᎯᎠ ᏄᏍᏗ ᎠᏓᎨᏳᏗ ᎨᏒᎢ, ᎾᏍᎩ ᎢᎨᏓᏍᏗᏱ ᎾᏍᎩᏯ ᏗᎧᎿᎭᏩᏛᏍᏗ ᎤᏤᎵᎦ ᏂᎦᏪᏍᎬᎢ. ᎾᏍᎩ ᎯᎠ ᏗᎧᎿᎭᏩᏛᏍᏗ ᏗᏓᎴᏂᏍᎬ ᏅᏓᎬᏩᏓᎴᏅᏛ ᏥᏁᏣᏛᎩᏍᎪᎢ, ᎾᏍᎩ ᏗᏥᎧᎿᎭᏩᏛᏍᏗᏱ.
7 ၇ လူ့ဇာတိကိုခံယူ၍သခင်ယေရှုကြွလာ တော်မူသည်ကိုလက်မခံဘဲ လှည့်ဖြားသော သူအများပင်ကမ္ဘာလောကထဲသို့ရောက်ရှိနေ လေပြီ။ ထိုသို့သောသူသည်လှည့်ဖြားသောသူ၊ ခရစ်တော်၏ရန်သူဖြစ်၏။-
ᎤᏂᏣᏔᏰᏃ ᎤᏠᎾᏍᏗ ᎠᏁᏙᎭ ᎡᎶᎯ, ᎾᏍᎩ ᎠᏃᎯᏳᎲᏍᎩ ᏂᎨᏒᎾ ᏥᏌ ᎦᎶᏁᏛ ᎤᏇᏓᎵ ᎤᎾᏄᎪᏥᎸᎢ; ᎾᏍᎩ ᎯᎠ ᎤᏠᎾᏍᏗ ᎠᎴ ᎦᎶᏁᏛᎠᏡᏗᏍᎩ.
8 ၈ သို့ဖြစ်၍သင်တို့သည်သတိနှင့်နေကြလော့။ သို့မှသာလျှင်ငါတို့၏ကြိုးပမ်းဆောင်ရွက် ချက်များသည်အချည်းနှီးမဖြစ်ဘဲ သင်တို့ သည်အကျိုးကိုအပြည့်အဝခံစားရကြ လိမ့်မည်။
ᎢᏤᏯᏔᎮᏍᏗ ᏞᏍᏗ ᏱᎩᏲᎱᏎᎴᏍᏗ ᏕᎩᎸᏫᏍᏓᏁᎸᎢ, ᎢᏗᏩᏛᎲᏉᏍᎩᏂ ᎤᎧᎵᏨᎯ ᎡᎦᎫᏴᏓᏁᏗ.
9 ၉ ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-
ᎩᎶ ᏣᏍᎦᏅᎪᎢ ᎠᎴ ᏂᏓᎧᎿᎭᏩᏕᎬᎾ ᏥᎨᏐ ᎦᎶᏁᏛ ᏧᏕᏲᏅᎯ, ᎾᏍᎩ ᎥᏝ ᎤᏁᎳᏅᎢ ᏳᏪᎰᎢ. ᎾᏑᎵᎪᎬᎾᏍᎩᏂ Ꮎ ᏓᎧᎾᏩᏗᏒ ᏗᎧᎿᎭᏩᏕᎩ ᎦᎶᏁᏛ ᏧᏕᏲᏅᎯ, ᎾᏍᎩ ᏚᏪᎭ ᎢᏧᎳ ᎠᎦᏴᎵᎨ ᎠᎴ ᎤᏪᏥ.
10 ၁၀ ထိုတရားတော်ကိုမသွန်သင်သောသူသည် သင်တို့ထံသို့ရောက်ရှိလာသောအခါ သင် တို့အိမ်တွင်လက်မခံကြနှင့်။ သူ့အားနှုတ် ခွန်းပင်မဆက်ကြနှင့်။-
ᎢᏳᏃ ᎩᎶ ᏱᏥᎷᏤᎸ ᎠᎴ ᏄᏲᎸᎾ ᏱᎩ ᎯᎠ ᎾᏍᎩ ᏗᏕᏲᏗ ᎨᏒᎢ, ᏞᏍᏗ ᏕᏥᏁᎸ ᏱᏕᏣᎵᏂᎸᏤᏍᏗ, ᎠᎴ ᏞᏍᏗ ᏰᏥᏲᎵᎴᏍᏗ;
11 ၁၁ အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။
ᎾᏍᎩᏰᏃ Ꮎ ᎠᏲᎵᎯ ᎤᏪᎳᏗᏍᏗᎭ ᎤᏲ ᏚᎸᏫᏍᏓᏁᎲᎢ.
12 ၁၂ သင်တို့အားပြောစရာများစွာရှိသော်လည်း ငါသည်စာအားဖြင့်မရေးဘဲ ငါတို့၏ရွှင်လန်း ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ငါသည် သင်တို့ထံသို့အလည်အပတ်လာ၍ သင်တို့ နှင့်ကိုယ်တိုင်တွေ့ဆုံပြောဆိုရန်မျှော်လင့်၏။
ᎤᏣᏛᎩ ᎢᏳᏓᎴᎩ ᎢᏨᏲᏪᎳᏁᏗ ᎠᎩᎲᎩ, ᎠᏎᏃ ᎥᏝ ᎪᏪᎵᏉ ᎠᎴ ᏗᎪᏪᎶᏗ ᏗᎬᏙᏗ ᏯᎩᏰᎸᏎᎢ, ᎤᏚᎩᏰᏃ ᎠᏋᎭ ᎢᏨᏩᏛᎲᏍᏗᏱ, ᎠᎴ ᏗᏗᎰᎵ ᏗᎬᏙᏗᏱ ᎢᎦᎵᏃᎮᏗᏱ, ᎠᎴ ᎢᏓᎵᎮᎵᎬ ᎤᎧᎵᎢᏍᏗᏱ.
13 ၁၃ ဘုရားသခင်ရွေးကောက်တော်မူခြင်းခံရသူ သင့်ညီမ၏သားသမီးများကသင့်အား နှုတ်ဆက်ကြ၏။ ရှင်ယောဟန်သြဝါဒစာဒုတိယစောင်ပြီး၏။
ᎠᎦᏑᏴᏛ ᎡᏣᎸᎢ ᏧᏪᏥ ᏫᎨᏣᏲᎵᎭ. ᎡᎺᏅ.