< ၂ ကောရိန္သု 1 >

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခန့်​ထား​ခြင်း​ခံ​ရ သူ​ပေါ​လု​နှင့်​ညီ​တိ​မော​သေ​တို့​ထံ​မှ ကော​ရိန္သု ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​များ​မှ​စ​၍ အ​ခါ​ယ​ပြည်​နယ်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။
神のみこころによるキリスト・イエスの使徒パウロ、および兄弟テモテから、コリントにある神の教会、ならびにアカヤ全土にいるすべての聖徒たちへ。
2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ သော။
私たちの父なる神と主イエス・キリストから、恵みと平安があなたがたの上にありますように。
3 နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။-
私たちの主イエス・キリストの父なる神、慈愛の父、すべての慰めの神がほめたたえられますように。
4 ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။-
神は、どのような苦しみのときにも、私たちを慰めてくださいます。こうして、私たちも、自分自身が神から受ける慰めによって、どのような苦しみの中にいる人をも慰めることができるのです。
5 ငါ​တို့​သည်​ခ​ရစ်​တော်​ခံ​စား​ရ​သော​များ​ပြား သည့်​ဒုက္ခ​ဆင်း​ရဲ​တို့​ကို​ပါ​ဝင်​ခံ​စား​ရ​ကြ သည့်​နည်း​တူ ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​နှစ်​သိမ့်​မှု​ကို​လည်း​ခံ​ယူ​ရ ရှိ​ကြ​၏။-
それは、私たちにキリストの苦難があふれているように、慰めもまたキリストによってあふれているからです。
6 ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။-
もし私たちが苦しみに会うなら、それはあなたがたの慰めと救いのためです。もし私たちが慰めを受けるなら、それもあなたがたの慰めのためで、その慰めは、私たちが受けている苦難と同じ苦難に耐え抜く力をあなたがたに与えるのです。
7 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။
私たちがあなたがたについて抱いている望みは、動くことがありません。なぜなら、あなたがたが私たちと苦しみをともにしているように、慰めをもともにしていることを、私たちは知っているからです。
8 ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။-
兄弟たちよ。私たちがアジヤで会った苦しみについて、ぜひ知っておいてください。私たちは、非常に激しい、耐えられないほどの圧迫を受け、ついにいのちさえも危くなり、
9 ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။-
ほんとうに、自分の心の中で死を覚悟しました。これは、もはや自分自身を頼まず、死者をよみがえらせてくださる神により頼む者となるためでした。
10 ၁၀ သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။
ところが神は、これほどの大きな死の危険から、私たちを救い出してくださいました。また将来も救い出してくださいます。なおも救い出してくださるという望みを、私たちはこの神に置いているのです。
11 ၁၁
あなたがたも祈りによって、私たちを助けて協力してくださるでしょう。それは、多くの人々の祈りにより私たちに与えられた恵みについて、多くの人々が感謝をささげるようになるためです。
12 ၁၂ ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-
私たちがこの世の中で、特にあなたがたに対して、きよさと神から来る誠実さとをもって、人間的な知恵によらず、神の恵みによって行動していることは、私たちの良心のあかしするところであって、これこそ私たちの誇りです。
13 ၁၃ ယ​ခု​ငါ​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​များ တွင် သင်​တို့​ဖတ်​ရှု​နား​လည်​နိုင်​သည့်​အ​ကြောင်း အ​ရာ​များ​သာ​လျှင်​ပါ​ရှိ​၏။-
私たちは、あなたがたへの手紙で、あなたがたが読んで理解できること以外は何も書いていません。そして私は、あなたがたが十分に理解してくれることを望みます。
14 ၁၄ ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။
あなたがたは、ある程度は、私たちを理解しているのですから、私たちの主イエスの日には、あなたがたが私たちの誇りであるように、私たちもあなたがたの誇りであるということを、さらに十分に理解してくださるよう望むのです。
15 ၁၅ ထို​သို့​စိတ်​ချ​ခြင်း​ရှိ​သ​ဖြင့် ငါ​သည်​သင် တို့​နှစ်​ထပ်​ကွမ်း​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား ရ​ကြ​စေ​ရန်၊-
この確信をもって、私は次のような計画を立てました。まず初めにあなたがたのところへ行くことによって、あなたがたが恵みを二度受けられるようにしようとしたのです。
16 ၁၆ မာ​ကေ​ဒေါ​နိ​ပြည်​သို့​အ​သွား​တွင်​တစ်​ကြိမ်၊ ထို​ပြည်​မှ​အ​ပြန်​တွင်​တစ်​ကြိမ်​သင်​တို့​ထံ​သို့ ဝင်​ရောက်​ပြီး​နောက်​ယု​ဒ​ပြည်​သို့​သွား​နိုင်​ရန် သင်​တို့​ထံ​မှ​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​မည် ဟု​အ​ကြံ​ရှိ​၏။-
すなわち、あなたがたのところを通ってマケドニヤに行き、そしてマケドニヤから再びあなたがたのところに帰り、あなたがたに送られてユダヤに行きたいと思ったのです。
17 ၁၇ ယင်း​သို့​ကြံ​စည်​ခဲ့​ခြင်း​မှာ​ငါ​၌​စိတ်​နှစ်​ခွ​ရှိ လေ​သ​လော။ ငါ​ကြံ​စည်​ဆုံး​ဖြတ်​သည့်​အ​ခါ များ​၌​တစ်​ကိုယ်​ကောင်း​သ​ဘော​အ​ရ​ကြံ​စည် ဆုံး​ဖြတ်​လေ​သ​လော။ တစ်​ချိန်​တည်း​မှာ​ပင် ဟုတ်​မှန်​သည်​ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ​၍​လည်း​ကောင်း​စ​ကား​နှစ်​ခွ​ဆို​လေ သ​လော။-
そういうわけですから、この計画を立てた私が、どうして軽率でありえたでしょう。それとも、私の計画は人間的な計画であって、私にとっては、「しかり、しかり。」は同時に、「否、否。」なのでしょうか。
18 ၁၈ ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။-
しかし、神の真実にかけて言いますが、あなたがたに対する私たちのことばは、「しかり。」と言って、同時に「否。」と言うようなものではありません。
19 ၁၉ သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-
私たち、すなわち、私とシルワノとテモテとが、あなたがたに宣べ伝えた神の子キリスト・イエスは、「しかり。」と同時に「否。」であるような方ではありません。この方には「しかり。」だけがあるのです。
20 ၂၀ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။-
神の約束はことごとく、この方において「しかり。」となりました。それで私たちは、この方によって「アーメン。」と言い、神に栄光を帰するのです。
21 ၂၁ သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊-
私たちをあなたがたといっしょにキリストのうちに堅く保ち、私たちに油を注がれた方は神です。
22 ၂၂ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။
神はまた、確認の印を私たちに押し、保証として、御霊を私たちの心に与えてくださいました。
23 ၂၃ ကော​ရိန္သု​မြို့​သို့​မ​လာ​ဘဲ​နေ​ရန်​ငါ​ဆုံး​ဖြတ် ခဲ့​ခြင်း​မှာ သင်​တို့​ကို​သက်​ညှာ​သော​ကြောင့်​ဖြစ် ကြောင်း​ဘု​ရား​သ​ခင်​သည်​ငါ​၏​သက်​သေ ဖြစ်​တော်​မူ​၏။-
私はこのいのちにかけ、神を証人にお呼びして言います。私がまだコリントへ行かないでいるのは、あなたがたに対する思いやりのためです。
24 ၂၄ သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။
私たちは、あなたがたの信仰を支配しようとする者ではなく、あなたがたの喜びのために働く協力者です。あなたがたは、信仰に堅く立っているからです。

< ၂ ကောရိန္သု 1 >