< ၂ ကောရိန္သု 9 >
1 ၁ ယုဒပြည်ရှိဘုရားသခင်၏လူစုတော် အား ကူညီထောက်ပံ့ရေးအကြောင်းကိုသင် တို့ထံရေးသားဖော်ပြရန်မလိုပါ။-
Sillä siitä avusta, joka pyhille annetaan, ei tarvitse minun teille kirjoittaa.
2 ၂ သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-
Sillä minä tiedän teidän hyvä tahtonne, jota minä teidän tähtenne kehun Makedonialaisille, että Akaja on ollut jo ajastajan valmis ja että te olette monta siihen kiivaudellanne kehoittaneet.
3 ၃ သို့ရာတွင်သင်တို့အကြောင်းငါတို့ကြွားဝါ ပြောဆိုခဲ့သမျှတို့သည်မှန်ကန်ကြောင်းသိ သာစေရန် ဤညီအစ်ကိုများကိုသင်တို့ထံ သို့စေလွှတ်လိုက်၏။ ငါဖော်ပြခဲ့သည်အတိုင်း သင်တို့၏အလှူကိုအသင့်ပြင်ဆင်ထား ကြလော့။-
Kuitenkin minä olen tämän veljen sentähden lähettänyt, ettei meidän kerskaamisemme teistä tässä asiassa tyhjäksi tulisi, että (niinkuin minä sanoin) te valmiit olisitte,
4 ၄ အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
Ettemme, jos Makedonialaiset minun kanssani tulevat, ja ei löydä teitä valmiina, me silloin (en minä sano: te) senkaltaisesta kerskauksesta häpiään tulisi.
5 ၅ သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။
Sentähden näin minä tarpeelliseksi veljiä neuvoa, että he ensin menevät teidän tykönne ja edellä valmistavat teidän ennen luvatun hyvän lahjanne, että se valmis olis, niinkuin hyvä teko ja ei niinkuin vaatimus.
6 ၆ မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
Mutta sen minä sanon: joka tiiviisti kylvää, sen pitää myös tiiviisti niittämän, joka siunauksessa kylvää, sen pitää myös siunauksessa niittämän,
7 ၇ လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။-
Kukin sydämensä ehdon jälkeen, ei ylönmielin eli vaatein; sillä iloista antajaa Jumala rakastaa.
8 ၈ သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
Mutta Jumala on väkevä niin sovittamaan, että kaikkinainen armo teidän seassanne ylönpalttiseksi tulis, että teillä kaikissa aina yltäkyllä olis, ja olisitte rikkaat kaikkiin hyviin töihin;
9 ၉ ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- (aiōn )
(Niinkuin kirjoitettu on: hän on hajoittanut ja antanut köyhille: hänen vanhurskautensa pysyy ijankaikkisesti. (aiōn )
10 ၁၀ မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။-
Mutta joka siemenen kylväjälle antaa, hän teillekin antaa leivän syödäksenne, ja lisää teidän siemenenne, ja kasvattaa teidän vanhurskautenne hedelmän, )
11 ၁၁ သင်တို့သည်အခါခပ်သိမ်းရက်ရောစွာပေး လှူနိုင်ကြစေရန်ကိုယ်တော်သည်သင်တို့အား အစဉ်ချမ်းသာကြွယ်ဝစေတော်မူလိမ့်မည်။ ငါတို့မှတစ်ဆင့်သင်တို့ပေးလှူသောအလှူ ငွေများကိုခံယူရရှိသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။-
Että te kaikissa rikkaaksi tulisitte, kaikella yksinkertaisuudella, joka meidän kauttamme Jumalalle kiitoksen vaikuttaa.
12 ၁၂ သင်တို့သည်ဤကောင်းမှုအားဖြင့်ဘုရား သခင်၏လူစုတော်အားချို့တဲ့နေစဉ်ကူညီ မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသံကိုလည်းတခဲနက်ထွက် ပေါ်လာစေ၏။-
Sillä tämän viran palvelus ei ainoastaan täytä sitä, mikä pyhiltä puuttuu, vaan on siihen yltäkylläinen, että moni kiittää Jumalaa,
13 ၁၃ ဤကောင်းမှု၏သာဋ္ဌကကိုထောက်၍လူ အမြောက်အမြားတို့သည်ခရစ်တော်အကြောင်း သတင်းကောင်းကိုသစ္စာရှိစွာသင်တို့ခံယူ ယုံကြည်ကြသည့်အတွက်လည်းကောင်း၊ သင် တို့၏စည်းစိမ်ချမ်းသာများကိုမိမိတို့နှင့် အခြားသူအပေါင်းတို့အား ရက်ရောစွာ ဝေမျှပေးကမ်းကြသည့်အတွက်လည်း ကောင်း ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးကြပေအံ့။-
(Tämän palveluksen koettelemuksen kautta ylistäin Jumalaa teidän nöyrän tunnustuksenne tähden Kristuksen evankeliumissa, ja myös teidän yksinkertaisen tasajaon tähden, heidän ja kaikkein kohtaan, )
14 ၁၄ သင်တို့သည်ထူးကဲသောကျေးဇူးတော်ကို ခံစားရကြသဖြင့် သူတို့သည်သင်တို့ကို အလွန်ချစ်ခင်မြတ်နိုးလျက်သင်တို့အတွက် ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။-
Ja heidän rukouksissansa teidän edestänne, jotka teitä ikävöitsevät, sen ylönpalttisen Jumalan armon tähden, joka teissä on.
15 ၁၅ ငါတို့သည်တန်ဖိုးမဖြတ်နိုင်သောဆု ကျေးဇူးတော်အတွက်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြု ကြကုန်စို့။
Mutta kiitos olkoon Jumalan hänen sanomattoman lahjansa edestä!