< ၂ ကောရိန္သု 8 >
1 ၁ ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်း တော်တို့အား ဘုရားသခင်ပေးသနားတော် မူသောကျေးဇူးတော်အကြောင်းကိုသင်တို့ အားငါပြောပြလို၏။-
Γνωρίζομεν δὲ ὑμῖν, ἀδελφοί, τὴν χάριν τοῦ θεοῦ τὴν δεδομένην ἐν ταῖς ἐκκλησίαις τῆς Μακεδονίας,
2 ၂ ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-
ὅτι ἐν πολλῇ δοκιμῇ θλίψεως ἡ περισσεία τῆς χαρᾶς αὐτῶν καὶ ἡ κατὰ βάθους πτωχεία αὐτῶν ἐπερίσσευσεν εἰς ⸂τὸ πλοῦτος τῆς ἁπλότητος αὐτῶν·
3 ၃ ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။-
ὅτι κατὰ δύναμιν, μαρτυρῶ, καὶ ⸀παρὰδύναμιν, αὐθαίρετοι
μετὰ πολλῆς παρακλήσεως δεόμενοι ἡμῶν, τὴν χάριν καὶ τὴν κοινωνίαν τῆς διακονίας τῆς εἰς τοὺς ἁγίους—
5 ၅ ဤသို့ပြုခြင်းသည်ငါတို့မျှော်လင့်သည် ထက်ပိုပေသည်။ သူတို့သည်ဦးစွာပထမ မိမိတို့ကိုယ်ကိုသခင်ဘုရားအားဆက် ကပ်လှူဒါန်းကြပေသည်။ ထိုနောက်ဘုရား သခင်၏အလိုတော်နှင့်အညီငါတို့အား လည်းမိမိတို့ကိုယ်ကိုလှူဒါန်းကြ၏။-
καὶ οὐ καθὼς ἠλπίσαμεν ἀλλʼ ἑαυτοὺς ἔδωκαν πρῶτον τῷ κυρίῳ καὶ ἡμῖν διὰ θελήματος θεοῦ,
6 ၆ သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။-
εἰς τὸ παρακαλέσαι ἡμᾶς Τίτον ἵνα καθὼς προενήρξατο οὕτως καὶ ἐπιτελέσῃ εἰς ὑμᾶς καὶ τὴν χάριν ταύτην·
7 ၇ သင်တို့သည်ယုံကြည်ခြင်း၊ နှုတ်သတ္တိ၊ ပညာ ဉာဏ်၊ ကူညီရန်စေတနာ၊ ငါတို့အားချစ်ခြင်း အစရှိသည့်ပါရမီတို့နှင့်ပြည့်စုံကြွယ်ဝ ကြ၏။ သို့ဖြစ်၍ဒါနပါရမီနှင့်လည်း ပြည့်စုံကြွယ်ဝကြောင်းကိုပြသကြလော့။
ἀλλʼ ὥσπερ ἐν παντὶ περισσεύετε, πίστει καὶ λόγῳ καὶ γνώσει καὶ πάσῃ σπουδῇ καὶ τῇ ἐξ ⸂ἡμῶν ἐν ὑμῖν ἀγάπῃ, ἵνα καὶ ἐν ταύτῃ τῇ χάριτι περισσεύητε.
8 ၈ ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။-
Οὐ κατʼ ἐπιταγὴν λέγω ἀλλὰ διὰ τῆς ἑτέρων σπουδῆς καὶ τὸ τῆς ὑμετέρας ἀγάπης γνήσιον δοκιμάζων·
9 ၉ သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
γινώσκετε γὰρ τὴν χάριν τοῦ κυρίου ἡμῶν Ἰησοῦ Χριστοῦ, ὅτι διʼ ὑμᾶς ἐπτώχευσεν πλούσιος ὤν, ἵνα ὑμεῖς τῇ ἐκείνου πτωχείᾳ πλουτήσητε.
10 ၁၀ ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။-
καὶ γνώμην ἐν τούτῳ δίδωμι· τοῦτο γὰρ ὑμῖν συμφέρει, οἵτινες οὐ μόνον τὸ ποιῆσαι ἀλλὰ καὶ τὸ θέλειν προενήρξασθε ἀπὸ πέρυσι·
11 ၁၁ သို့ဖြစ်၍ထိုအမှုကိုဆက်လက်ဆောင်ရွက် ကာအဆုံးသတ်ကြလော့။ သင်တို့သည်ထို အမှုကိုကြံစည်ရာတွင်စိတ်အားထက်သန် သကဲ့သို့ ဆောင်ရွက်ရာတွင်လည်းစိတ်အား ထက်သန်ကြလော့။ သင်တို့တတ်နိုင်သမျှ ပေးလှူကြလော့။-
νυνὶ δὲ καὶ τὸ ποιῆσαι ἐπιτελέσατε, ὅπως καθάπερ ἡ προθυμία τοῦ θέλειν οὕτως καὶ τὸ ἐπιτελέσαι ἐκ τοῦ ἔχειν.
12 ၁၂ သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
εἰ γὰρ ἡ προθυμία πρόκειται, καθὸ ἐὰν ⸀ἔχῃεὐπρόσδεκτος, οὐ καθὸ οὐκ ἔχει.
13 ၁၃ သင်တို့အားတာဝန်လေးစေ၍သူတစ်ပါး တို့အားသက်သာစေရန်ငါအကြံပြုနေ သည်မဟုတ်။ ညီတူညီမျှဖြစ်စေရန်အကြံ ပြုခြင်းဖြစ်သည်။ ယခုအခါသင်တို့၏ ချမ်းသာမှုသည်ထိုသူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေးသကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ချမ်းသာမှုသည်သင်တို့၏ ချို့တဲ့မှုကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။-
οὐ γὰρ ἵνα ἄλλοις ἄνεσις, ⸀ὑμῖνθλῖψις· ἀλλʼ ἐξ ἰσότητος
ἐν τῷ νῦν καιρῷ τὸ ὑμῶν περίσσευμα εἰς τὸ ἐκείνων ὑστέρημα, ἵνα καὶ τὸ ἐκείνων περίσσευμα γένηται εἰς τὸ ὑμῶν ὑστέρημα, ὅπως γένηται ἰσότης·
15 ၁၅ ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။
καθὼς γέγραπται· Ὁ τὸ πολὺ οὐκ ἐπλεόνασεν, καὶ ὁ τὸ ὀλίγον οὐκ ἠλαττόνησεν.
16 ၁၆ သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
Χάρις δὲ τῷ θεῷ τῷ ⸀διδόντιτὴν αὐτὴν σπουδὴν ὑπὲρ ὑμῶν ἐν τῇ καρδίᾳ Τίτου,
17 ၁၇ တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-
ὅτι τὴν μὲν παράκλησιν ἐδέξατο, σπουδαιότερος δὲ ὑπάρχων αὐθαίρετος ἐξῆλθεν πρὸς ὑμᾶς.
18 ၁၈ ငါတို့သည်သူနှင့်အတူညီအစ်ကိုတစ် ယောက်ကိုစေလွှတ်လိုက်၏။ ထိုသူသည် သတင်းကောင်းကိုဟောပြောကြေညာသော အမှုတော်ဆောင်တစ်ယောက်အနေဖြင့် အသင်းတော်အပေါင်းတို့၏လေးစားကြည် ညိုမှုကို ခံရသူဖြစ်၏။-
συνεπέμψαμεν δὲ μετʼ αὐτοῦ τὸν ἀδελφὸν οὗ ὁ ἔπαινος ἐν τῷ εὐαγγελίῳ διὰ πασῶν τῶν ἐκκλησιῶν—
19 ၁၉ ထိုမျှသာမကဤအလှူငွေကောက်ခံမှု အတွက်ငါတို့နှင့်အတူခရီးပြုရန် အသင်း တော်များကရွေးချယ်ခန့်ထားခြင်းခံရ သူလည်းဖြစ်၏။ သခင်ဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်စေရန်နှင့် ငါတို့၏စိတ် စေတနာကိုသိသာစေရန် ငါတို့သည်ဤ အလှူခံလုပ်ငန်းကိုဆောင်ရွက်နေကြ ခြင်းဖြစ်၏။
οὐ μόνον δὲ ἀλλὰ καὶ χειροτονηθεὶς ὑπὸ τῶν ἐκκλησιῶν συνέκδημος ἡμῶν ⸀σὺντῇ χάριτι ταύτῃ τῇ διακονουμένῃ ὑφʼ ἡμῶν πρὸς τὴν ⸀αὐτοῦτοῦ κυρίου δόξαν καὶ προθυμίαν ἡμῶν—
20 ၂၀ ဤသို့ရက်ရောစွာပေးလှူကြသောအလှူ ငွေကိုကိုင်တွယ်ရာတွင် ငါတို့သည်သူတစ် ပါးတို့၏အပြစ်တင်ခြင်းနှင့်ကင်းလွတ် စေရန်သတိနှင့်ဆောင်ရွက်လျက်ရှိကြ၏။-
στελλόμενοι τοῦτο μή τις ἡμᾶς μωμήσηται ἐν τῇ ἁδρότητι ταύτῃ τῇ διακονουμένῃ ὑφʼ ἡμῶν,
21 ၂၁ သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။
⸂προνοοῦμεν γὰρ καλὰ οὐ μόνον ἐνώπιον κυρίου ἀλλὰ καὶ ἐνώπιον ἀνθρώπων.
22 ၂၂ သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
συνεπέμψαμεν δὲ αὐτοῖς τὸν ἀδελφὸν ἡμῶν ὃν ἐδοκιμάσαμεν ἐν πολλοῖς πολλάκις σπουδαῖον ὄντα, νυνὶ δὲ πολὺ σπουδαιότερον πεποιθήσει πολλῇ τῇ εἰς ὑμᾶς.
23 ၂၃ တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-
εἴτε ὑπὲρ Τίτου, κοινωνὸς ἐμὸς καὶ εἰς ὑμᾶς συνεργός· εἴτε ἀδελφοὶ ἡμῶν, ἀπόστολοι ἐκκλησιῶν, δόξα Χριστοῦ.
24 ၂၄ ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။
τὴν οὖν ἔνδειξιν τῆς ἀγάπης ὑμῶν καὶ ἡμῶν καυχήσεως ὑπὲρ ὑμῶν εἰς αὐτοὺς ⸀ἐνδεικνύμενοιεἰς πρόσωπον τῶν ἐκκλησιῶν.