< ၂ ကောရိန္သု 7 >
1 ၁ ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
Having therefore, my beloved, these promises, let us purify ourselves from all defilement of flesh and spirit, perfecting holiness in the fear of God.
2 ၂ ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။-
Receive us---we have injured no man, we have corrupted no one, we have over-reached no one.
3 ၃ ဤသို့ဆိုရာ၌သင်တို့အားပြစ်တင်ရှုတ်ချ လို၍မဟုတ်။ ယခင်ကဖော်ပြခဲ့သည်အတိုင်း ငါတို့သည်သင်တို့နှင့်သေအတူရှင်မကွဲ ဖြစ်လိုသည်တိုင်အောင် သင်တို့အားချစ်သော ကြောင့်ဖြစ်၏။-
I speak not this to condemn you: for I said before that ye are so much in our hearts that we could live and die with you.
4 ၄ ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
I use much freedom of speech to you, and I boast much of you: I am filled with comfort, and superabound in joy above all our affliction.
5 ၅ မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။-
For when we came into Macedonia, our flesh had no rest, but we were afflicted on every side; without were fightings, within were fears.
6 ၆ သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
But God, who comforteth those that are brought low, comforted us by the coming of Titus:
7 ၇ တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။
and not only by his coming, but especially by the consolation wherewith he was comforted on your account, acquainting us with your earnest desire towards us, your grief, and your zeal for me; so that I rejoiced greatly.
8 ၈ အကယ်၍ငါ၏စာသည်သင်တို့အားစိတ်မချမ်း မသာဖြစ်စေခဲ့လျှင် ထိုစာကိုရေးမိသည့်အတွက် ယခုငါဝမ်းမနည်း။ ထိုစာကြောင့်ခေတ္တမျှသင် တို့စိတ်မချမ်းမသာဖြစ်ကြသည်ကိုတွေ့စဉ် အခါကငါဝမ်းနည်းမိခဲ့လျှင်လည်း၊-
For though I grieved you by my letter, I do not repent, though I did repent; for I perceive that that epistle grieved you, though it was but for a little while.
9 ၉ ယခုဝမ်းမြောက်၏။ သင်တို့အားစိတ်မချမ်း မသာအောင်ပြုခဲ့သည့်အတွက်ကြောင့်မဟုတ်။ စိတ်မချမ်းမသာမှုကသင်တို့အားနောင်တ တရားရစေသည့်အတွက်ကြောင့်ဝမ်းမြောက် ရခြင်းဖြစ်ပေသည်။ ဘုရားသခင်သည်ထို စိတ်မချမ်းမသာမှုကိုအသုံးပြုတော်မူ သည်ဖြစ်ရာငါတို့သည်သင်တို့ကိုအဘယ် သို့မျှမနစ်နာစေခဲ့။-
However, now I rejoice, not that ye were made sorry, but that ye sorrowed to repentance; for ye were grieved after a godly manner, so that ye received no damage from us.
10 ၁၀ ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-
For godly sorrow worketh repentance to salvation not to be repented of: but the sorrow of the world worketh death.
11 ၁၁ ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
For behold this very thing, that ye sorrowed after a godly manner, what diligence it wrought in you! yea, what apology, what indignation, what fear, what earnest desire, what zeal, what revenge! by all which ye have shewn yourselves to be clear in the affair.
12 ၁၂ သို့ဖြစ်၍ယခင်ကသင်တို့ထံသို့ငါစာရေးခဲ့ရ ခြင်းမှာပြစ်မှားသောသူ၏ကိစ္စကြောင့်မဟုတ်။ ပြစ် မှားခြင်းကိုခံရသူ၏ကိစ္စကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ရှေ့တော်တွင်ငါတို့အားသင်တို့ အဘယ်မျှချစ်ခင်စွဲလန်းကြသည်ကိုကောင်း စွာသိသာထင်ရှားစေလို၍ရေးခဲ့ခြင်းဖြစ်၏။-
Wherefore if I wrote in such a manner to you, it was not merely on his account who had done the wrong, nor for his sake who had been injured; but that our care for you in the sight of God might be manifested among you.
13 ၁၃ ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။ ငါတို့သည်အားတက်ရုံသာမက၊ အလွန်လည်း ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်တိတုအားရွှင်လန်းစေသဖြင့်သူသည် အလွန်ဝမ်းမြောက်လျက်ရှိသည်ကိုငါတို့တွေ့ရ သောကြောင့်ဖြစ်ပေသည်။-
We were therefore comforted by your consolation; and rejoiced the more at the joy of Titus, because his spirit was refreshed by you all;
14 ၁၄ ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
and because if I boasted of any thing to him concerning you, I was not ashamed; but as we have spoken all things to you in truth, so likewise our boasting of you to Titus was truth.
15 ၁၅ သူ၏စကားကိုသင်တို့လိုက်နာရန်အသင့် ရှိကြသည်ကိုလည်းကောင်း၊ ကြောက်ရွံ့တုန် လှုပ်လျက်သူ့အားကြိုဆိုလက်ခံကြသည် ကိုလည်းကောင်းသူသည်သတိရသဖြင့် သင်တို့အားပို၍ပင်ချစ်ခင်မြတ်နိုးလာ ပေသည်။-
And his bowels are exceedingly moved towards you, when he calls to mind the obedience of you all, how with fear and trembling ye received him.
16 ၁၆ ငါသည်သင်တို့အပေါ်တွင်လုံးဝစိတ်ချ နိုင်သဖြင့်အလွန်ရွှင်လန်းဝမ်းမြောက်၏။
I rejoice therefore that in every thing I have confidence in you.