< ၂ ကောရိန္သု 6 >
1 ၁ သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
Adjuvantes autem exhortamur ne in vacuum gratiam Dei recipiatis.
2 ၂ ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
Ait enim: Tempore accepto exaudivi te, et in die salutis adjuvi te. Ecce nunc tempus acceptabile, ecce nunc dies salutis.
3 ၃ ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။-
Nemini dantes ullam offensionem, ut non vituperetur ministerium nostrum:
4 ၄ ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။-
sed in omnibus exhibeamus nosmetipsos sicut Dei ministros in multa patientia, in tribulationibus, in necessitatibus, in angustiis,
5 ၅ ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-
in plagis, in carceribus, in seditionibus, in laboribus, in vigiliis, in jejuniis,
6 ၆ စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊-
in castitate, in scientia, in longanimitate, in suavitate, in Spiritu Sancto, in caritate non ficta,
7 ၇ သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
in verbo veritatis, in virtute Dei, per arma justitiæ a dextris et a sinistris,
8 ၈ ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
per gloriam, et ignobilitatem, per infamiam, et bonam famam: ut seductores, et veraces, sicut qui ignoti, et cogniti:
9 ၉ လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-
quasi morientes, et ecce vivimus: ut castigati, et non mortificati:
10 ၁၀ ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
quasi tristes, semper autem gaudentes: sicut egentes, multos autem locupletantes: tamquam nihil habentes, et omnia possidentes.
11 ၁၁ ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။-
Os nostrum patet ad vos, o Corinthii; cor nostrum dilatatum est.
12 ၁၂ စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။-
Non angustiamini in nobis: angustiamini autem in visceribus vestris:
13 ၁၃ သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။
eamdem autem habentes remunerationem, tamquam filiis dico, dilatamini et vos.
14 ၁၄ မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-
Nolite jugum ducere cum infidelibus. Quæ enim participatio justitiæ cum iniquitate? aut quæ societas luci ad tenebras?
15 ၁၅ ခရစ်တော်သည်စာတန်နှင့်အဘယ်သို့သဘော တူနိုင်ပါအံ့နည်း။ ယုံကြည်သူသည်မယုံ ကြည်သူနှင့်အဘယ်သို့တူညီမှုရှိနိုင်ပါ မည်နည်း။-
quæ autem conventio Christi ad Belial? aut quæ pars fideli cum infideli?
16 ၁၆ ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
qui autem consensus templo Dei cum idolis? vos enim estis templum Dei vivi, sicut dicit Deus: Quoniam inhabitabo in illis, et inambulabo inter eos, et ero illorum Deus, et ipsi erunt mihi populus.
17 ၁၇ သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
Propter quod exite de medio eorum, et separamini, dicit Dominus, et immundum ne tetigeritis:
18 ၁၈ ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
et ego recipiam vos: et ero vobis in patrem, et vos eritis mihi in filios et filias, dicit Dominus omnipotens.