< ၂ ကောရိန္သု 5 >
1 ၁ ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။- (aiōnios )
Víme zajisté, že byl-li by tohoto našeho zemského přebývání stánek zbořen, stavení od Boha máme, příbytek ne rukou udělaný, věčný v nebesích. (aiōnios )
2 ၂ ဤယာယီတဲတွင်နေထိုင်စဉ်ကောင်းကင်ဘုံ အိမ်ကိုအလွန်တောင့်တသဖြင့် ငါတို့သည် ညည်းတွားလျက်နေကြ၏။-
Pročež i v tomto vzdycháme, v příbytek svůj, kterýž jest s nebe, oblečeni býti žádajíce,
3 ၃ ယင်းသို့ကောင်းကင်ဘုံအိမ်ကိုရရှိသောအခါ ငါတို့သည်ကိုယ်ခန္ဓာမဲ့ဖြစ်မည်မဟုတ်။-
Jestliže však oblečení, a ne nazí nalezeni budeme.
4 ၄ ရုပ်ကိုယ်ခန္ဓာတွင်နေရသဖြင့်ငါတို့ညည်းတွား ကြ၏။ ယင်းသို့ညည်းတွားကြခြင်းမှာမိမိတို့ ၏ရုပ်ကိုယ်ခန္ဓာကိုပယ်ရှားပစ်လို၍မဟုတ်။ သေ ကြေပျက်စီးတတ်သောအရာကိုထာဝစဉ် အသက်ရှင်သည့်အရာသို့ပြောင်းလဲစေရန် ကောင်းကင်ဘုံကိုယ်ခန္ဓာကိုရရှိလို၍ဖြစ် ပေသည်။-
Nebo kteříž jsme v tomto stánku, lkáme, jsouce obtíženi, poněvadž bychom nechtěli svlečeni býti, ale přiodíni, aby pohlcena byla smrtelnost od života.
5 ၅ ဤသို့ပြောင်းလဲစေရန်ငါတို့ကိုပြင်ဆင် ပေးသောအရှင်ကားဘုရားသခင်ပေတည်း။ ငါတို့ခံစားစေရန်ကိုယ်တော်၏ဆုကျေးဇူး အပေါင်းအတွက် အာမခံချက်အဖြစ်ဖြင့် ဝိညာဉ်တော်ကိုငါတို့အားပေးတော်မူပြီ။
Ten pak, kdož nás tak k tomu způsobil, Bůhť jest, kterýž také dal nám závdavek Ducha.
6 ၆ သို့ဖြစ်၍ငါတို့သည်အစဉ်ရဲရင့်သောစိတ်ရှိ ကြပေသည်။ ဤကိုယ်ခန္ဓာနေအိမ်၌ရှိနေသမျှ ကာလပတ်လုံးငါတို့သည်သခင်ဘုရား၏ အိမ်တော်နှင့်ဝေးကွာလျက်ရှိကြ၏။-
Protož doufanlivé mysli vždycky jsouce, a vědouce, že dokudž pohostinu jsme v tomto těle, vzdáleni jsme ode Pána,
7 ၇ ငါတို့၏ဘဝအတွက်ယုံကြည်ခြင်းသည် အဋ္ဌိကဖြစ်၏။ မျက်စိဖြင့်မြင်ခြင်းသည် အဋ္ဌိကမဟုတ်။-
(Nebo skrze víru chodíme, ne skrze vidění, )
8 ၈ ငါတို့သည်ရဲရင့်သောစိတ်ရှိ၍ဤကိုယ်ခန္ဓာ နေအိမ်ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန်ပို၍လိုလားကြ၏။-
Doufanlivéť pak mysli jsme, a oblibujeme raději vyjíti z těla, a přijíti ku Pánu.
9 ၉ ငါတို့သည်ဤအရပ်၌ရှိသည်ဖြစ်စေ၊ ထို အရပ်၌ရှိသည်ဖြစ်စေငါတို့ကိုစိတ်တော် နှင့်တွေ့ရန်အထူးသဖြင့်လိုလားကြ၏။-
Protož i usilujeme buď v těle pohostinu jsouce, buďto z těla se berouce, jemu se líbiti.
10 ၁၀ အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။
Všickni my zajisté ukázati se musíme před soudnou stolicí Kristovou, aby přijal jeden každý to, což skrze tělo působil, podlé toho, jakž práce čí byla, buď v dobrém, neb ve zlém.
11 ၁၁ ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။-
Protož znajíce tu hrůzu Páně, lidem k víře sloužíme, Bohuť pak známi jsme. A nadějiť mám, že i svědomí vašemu známi jsme.
12 ၁၂ ဤသို့ဆိုရာ၌ငါတို့သည်တစ်ဖန်မိမိတို့ ကိုယ်ကိုဂုဏ်ဖော်လို၍မဟုတ်။ ငါတို့အပေါ် တွင်သင်တို့ဂုဏ်ယူဝါကြွားနိုင်ခွင့်ရရှိကြ စေရန်သာဖြစ်၏။ သို့မှသာလျှင်လူ၏အကျင့် စာရိတ္တကိုမထောက်ဘဲ ပြင်ပအဆင်းသဏ္ဌာန် ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သူတို့ ၏စကားကိုသင်တို့ပြန်လည်ချေပနိုင် ကြပေမည်။-
Neboť ne sami sebe opět vám chválíme, ale příčinu vám dáváme, abyste se chlubili námi, a abyste to měli proti těm, kteříž se v tvárnosti chlubí, a ne v srdci.
13 ၁၃ ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။-
Nebo buď že nesmyslní jsme, Bohu; buď že jsme rozumní, vám.
14 ၁၄ တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
Láska zajisté Kristova víže nás,
15 ၁၅ ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
Jakožto ty, kteříž tak soudíme, že poněvadž jeden za všecky umřel, tedyť všickni zemřeli, a že za všecky umřel, aby ti, kteříž živi jsou, již ne sami sobě živi byli, ale tomu, kterýž za ně umřel i z mrtvých vstal.
16 ၁၆ သို့ဖြစ်၍ငါတို့သည်ယခုမှစ၍အဘယ်သူ ကိုမျှလူတို့စံနှုန်းအရအကဲမဖြတ်ကြ တော့ပေ။ ယခင်အခါကခရစ်တော်အားလူ တို့စံနှုန်းအရ ငါတို့အကဲဖြတ်ခဲ့ကြသော် လည်းယခုအခါ၌ထိုသို့မပြုတော့ပြီ။-
A tak my již od toho času žádného neznáme podlé těla. A ačkoli jsme znali Krista podlé těla, ale nyní již více neznáme.
17 ၁၇ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
Protož jestli kdo v Kristu, nové stvoření jest. Staré věci pominuly, aj, nové všecko učiněno jest.
18 ၁၈ ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-
To pak všecko jest z Boha, kterýž smířil nás s sebou skrze Jezukrista, a dal nám služebnost smíření toho.
19 ၁၉ ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။
Neboť Bůh byl v Kristu, v mír uvodě svět s sebou, nepočítaje jim hříchů jejich, a složil v nás to slovo smíření.
20 ၂၀ သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
Protož my na místě Kristově poselství dějíce, jako by Bůh skrze náš žádal, prosíme na místě Kristově, smiřte se s Bohem.
21 ၂၁ ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
Nebo toho, kterýž hříchu nepoznal, za nás učinil hříchem, abychom my učiněni byli spravedlností Boží v něm.