< ၂ ကောရိန္သု 4 >
1 ၁ ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
Kwa hiyo, kwa sababu tuna huduma hii, na kama ambavyo tumeipokea rehema, hatukati tamaa.
2 ၂ ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
Badala yake, tumekataa njia zote za aibu na zilizofichika. Hatuishi kwa hila, na hatulitumii vibaya neno la Mungu. Kwa kuwasilisha iliyo kweli, tunajionyesha wenyewe kwa dhamiri ya kila mtu mbele ya Mungu.
3 ၃ အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။-
Lakini kama injili yetu imefichika, imefichika kwa wale tu wanaoangamia.
4 ၄ ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။- (aiōn )
Katika uchaguzi wao, mungu wa ulimwengu huu amewapofusha fahamu zao zisizoamini. Matokeo yake, hawawezi kuona nuru ya injili ya utukufu wa Kristo, ambaye ni mfano wa Mungu. (aiōn )
5 ၅ ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
Kwa kuwa hatujitangazi wenyewe, bali Kristo Yesu kama Bwana, na sisi wenyewe kama watumishi wenu kwa ajili ya Yesu.
6 ၆ ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
Kwa kuwa Mungu ndiye ambaye aliyesema, “Mwanga utaangaza toka gizani.” Ameangaza katika mioyo yetu, kutoa mwanga wa maarifa ya utukufu wa Mungu katika uwepo wa Yesu Kristo.
7 ၇ သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
Lakini tuna hazina hii katika vyombo vya udongo, ili kwamba ieleweke kuwa nguvu kuu sana ni ya Mungu na sio yetu.
8 ၈ ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။-
Tunataabika katika kila hali, lakini hatusongwi. Twaona shaka lakini hatujawi na kukata tamaa.
9 ၉ ငါတို့မှာရန်သူအမြောက်အမြားပင်ရှိ သော်လည်းမိတ်ဆွေကင်းမဲ့သည်ဟူ၍မရှိ။ လဲအောင်အထိုးခံရသော်လည်းမသေကြ။-
Tunateswa lakini hatujatelekezwa. Twatupwa chini lakini hatuangamizwi.
10 ၁၀ သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
Siku zote tunabeba katika mwili wetu kifo cha Yesu, ili kwamba uzima wa Yesu uonekane pia katika miili yetu.
11 ၁၁ ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာတွင် သခင်ယေရှုအသက်ရှင်တော်မူ ကြောင်းပေါ်လွင်စေရန် ငါတို့သည်အသက် ရှင်လျက်ရှိသမျှကာလပတ်လုံးသခင် ယေရှုအတွက်အခါခပ်သိမ်းသေဘေး နှင့်ရင်ဆိုင်လျက်နေရကြ၏။-
Sisi tulio hai siku zote tumetolewa kufa kwa ajili ya Yesu, ili kwamba uhai wa Yesu uonekane katika miili yetu ya kibinadamu.
12 ၁၂ သို့ဖြစ်၍ငါတို့တွင်သေခြင်းတရားသည် ရှင်သန်လျက်ရှိသော်လည်း သင်တို့တွင်မူ ကားအသက်ရှင်ခြင်းတရားသည်ရှင်သန် လျက်ရှိပေသည်။
Kwa sababu hii, kifo kinafanya kazi ndani yetu, bali uzima unafanya kazi ndani yenu.
13 ၁၃ ကျမ်းစာတော်တွင် ``ငါသည်ယုံကြည်သော ကြောင့်ဟောပြောသည်'' ဟုပါရှိသည်အတိုင်း ငါတို့လည်းထိုသို့ယုံကြည်မှုရှိသဖြင့် ဟောပြောကြ၏။-
Lakini tuna roho ileile ya imani kulingana na kile kilicho andikwa: “Niliamini, na hivyo nilinena.” Sisi pia tunaamini, na hivyo pia tunanena.
14 ၁၄ သခင်ယေရှုအားသေခြင်းမှရှင်ပြန်ထ မြောက်စေတော်မူသောဘုရားသခင်သည် ငါ တို့အားလည်းသခင်ယေရှုနှင့်အတူရှင်ပြန် ထမြောက်စေတော်မူပြီးလျှင် သင်တို့နှင့် အတူရှေ့တော်မှောက်သို့ခေါ်ဆောင်တော် မူမည်ဖြစ်ကြောင်းငါတို့သိကြ၏။-
Tunajua kuwa yule aliye mfufua Bwana Yesu pia atatufufua sisi pamoja naye. Tunajua kuwa atatuleta sisi pamoja nanyi katika uwepo wake.
15 ၁၅ ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။
Kila kitu ni kwa ajili yenu ili kwamba, kwa kadri neema inavyo enea kwa watu wengi, shukurani zizidi kuongezeka kwa utukufu wa Mungu.
16 ၁၆ ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
Hivyo hatukati tamaa. Japokuwa kwa nje tunachakaa, kwa ndani tunafanywa upya siku hadi siku.
17 ၁၇ ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။- (aiōnios )
Kwa kipindi hiki kifupi, mateso haya mepesi yanatuandaa sisi kwa ajili ya umilele mzito wa utukufu uzidio vipimo vyote. (aiōnios )
18 ၁၈ ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။ (aiōnios )
Kwa kuwa hatutazami kwa ajili ya vitu ambavyo vinaonekana, bali kwa ajili ya vitu visivyoonekana. Vitu tunavyoweza kuviona ni vya muda tu, bali vitu ambayo havionekani ni vya milele. (aiōnios )