< ၂ ကောရိန္သု 3 >

1 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။-
क्या हम फिर अपनी नेक नामी जताना शुरू करते हैं या हम को कुछ लोगों की तरह नेक नामी के ख़त तुम्हारे पास लाने या तुम से लेने की ज़रुरत है।
2 သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​၏​ထောက်​ခံ စာ​ဖြစ်​ကြ​၏။ ထို​စာ​ကို​လူ​တိုင်း​ဖတ်​ရှု​သိ ရှိ​နိုင်​ရန်​ငါ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား ထား​ပေ​သည်။-
हमारा जो ख़त हमारे दिलों पर लिखा हुआ है; वो तुम हो और उसे सब आदमी जानते और पढ़ते हैं।
3 ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။
ज़ाहिर है कि तुम मसीह का वो ख़त जो हम ने ख़ादिमों के तौर पर लिखा; स्याही से नहीं बल्कि ज़िन्दा ख़ुदा के रूह से पत्थर की तख़्तियों पर नहीं बल्कि गोश्त या'नी दिल की तख़्तियों पर।
4 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ဘု​ရား သ​ခင်​၏​ရှေ့​တော်​၌ ထို​သို့​ယုံ​ကြည်​စိတ်​ချ မှု​ကို​ရ​ရှိ​ကြ​သည်။-
हम मसीह के ज़रिए ख़ुदा पर ऐसा ही भरोसा रखते हैं।
5 မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။-
ये नहीं कि बज़ात — ए — ख़ुद हम इस लायक़ हैं कि अपनी तरफ़ से कुछ ख़याल भी कर सकें बल्कि हमारी लियाक़त ख़ुदा की तरफ़ से है।
6 ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။
जिसने हम को नए'अहद के ख़ादिम होने के लायक़ भी किया लफ़्ज़ों के ख़ादिम नहीं बल्कि रूह के क्यूँकि लफ़्ज़ मार डालते हैं मगर रूह ज़िन्दा करती है।
7 ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-
और जब मौत का वो अहद जिसके हुरूफ़ पत्थरों पर खोदे गए थे ऐसा जलाल वाला हुआ कि इस्राईली लोग मूसा के चेहरे पर उस जलाल की वजह से जो उसके चहरे पर था ग़ौर से नज़र न कर सके हालाँकि वो घटता जाता था।
8 ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်​နှင့်​ဆိုင်​သော ဘုန်း​အ​သ​ရေ​သည်​အ​ဘယ်​မျှ​သာ​လွန် တောက်​ပ​လိမ့်​မည်​နည်း။-
तो पाक रूह का अहद तो ज़रूर ही जलाल वाला होगा।
9 အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-
क्यूँकि जब मुजरिम ठहराने वाला अहद जलाल वाला था तो रास्तबाज़ी का अहद तो ज़रूर ही जलाल वाला होगा।
10 ၁၀ ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။-
बल्कि इस सूरत में वो जलाल वाला इस बे'इन्तिहा जलाल की वजह से बे'जलाल ठहरा।
11 ၁၁ ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။
क्यूँकि जब मिटने वाली चीज़ें जलाल वाली थी तो बाक़ी रहने वाली चीज़ें तो ज़रूर ही जलाल वाली होंगी।
12 ၁၂ ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-
पस हम ऐसी उम्मीद करके बड़ी दिलेरी से बोलते हैं।
13 ၁၃ ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-
और मूसा की तरह नहीं हैं जिसने अपने चेहरे पर नक़ाब डाला ताकि बनी इस्राईल उस मिटने वाली चीज़ के अन्जाम को न देख सकें।
14 ၁၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။-
लेकिन उनके ख़यालात कसीफ़ हो गए, क्यूँकि आज तक पूराने 'अहदनामे को पढ़ते वक़्त उन के दिलों पर वही पर्दा पड़ा रहता है, और वो मसीह में उठ जाता है।
15 ၁၅ ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-
मगर आज तक जब कभी मूसा की किताब पढ़ी जाती है तो उनके दिल पर पर्दा पड़ा रहता है।
16 ၁၆ သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-
लेकिन जब कभी उन का दिल ख़ुदा की तरफ़ फिरेगा तो वो पर्दा उठ जाएगा।
17 ၁၇ သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။-
और ख़ुदावन्द रूह है, और जहाँ कहीं ख़ुदावन्द की रूह है वहाँ आज़ादी है।
18 ၁၈ သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။
मगर जब हम सब के बे'नक़ाब चेहरों से ख़ुदावन्द का जलाल इस तरह ज़ाहिर होता है; जिस तरह आइने में, तो उस ख़ुदावन्द के वसीले से जो रूह है हम उसी जलाली सूरत में दर्जा ब दर्जा बदलते जाते हैं।

< ၂ ကောရိန္သု 3 >