< ၂ ကောရိန္သု 3 >
1 ၁ ဤသို့ဆိုရာ၌ငါတို့သည်ဝါကြွားရာ ရောက်သလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည်ထောက်ခံစာများကိုသင်တို့ အားပေးရန်လိုသလော။ သို့တည်းမဟုတ် သင်တို့ထံမှငါတို့ထောက်ခံစာများကို တောင်းရန်လိုသလော။-
私たちはまたもや自分を推薦しようとしているのでしょうか。それとも、ある人々のように、あなたがたにあてた推薦状とか、あなたがたの推薦状とかが、私たちに必要なのでしょうか。
2 ၂ သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။-
私たちの推薦状はあなたがたです。それは私たちの心にしるされていて、すべての人に知られ、また読まれているのです。
3 ၃ ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
あなたがたが私たちの奉仕によるキリストの手紙であり、墨によってではなく、生ける神の御霊によって書かれ、石の板にではなく、人の心の板に書かれたものであることが明らかだからです。
4 ၄ ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ဘုရား သခင်၏ရှေ့တော်၌ ထိုသို့ယုံကြည်စိတ်ချ မှုကိုရရှိကြသည်။-
私たちはキリストによって、神の御前でこういう確信を持っています。
5 ၅ မိမိတို့သည်ဤအမှုကိုထမ်းဆောင်နိုင်သည် ဟုပြောဆိုနိုင်ရန် ငါတို့တွင်အဘယ်စွမ်း ရည်သတ္တိမျှမရှိ။ ငါ၌ရှိသည့်စွမ်းရည် မှာဘုရားသခင်ထံတော်မှရရှိ၏။-
何事かを自分のしたことと考える資格が私たち自身にあるというのではありません。私たちの資格は神からのものです。
6 ၆ ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
神は私たちに、新しい契約に仕える者となる資格を下さいました。文字に仕える者ではなく、御霊に仕える者です。文字は殺し、御霊は生かすからです。
7 ၇ ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
もし石に刻まれた文字による、死の務めにも栄光があって、モーセの顔の、やがて消え去る栄光のゆえにさえ、イスラエルの人々がモーセの顔を見つめることができなかったほどだとすれば、
8 ၈ ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။-
まして、御霊の務めには、どれほどの栄光があることでしょう。
9 ၉ အပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာတရားသည် ဘုန်းအသရေနှင့်ပြည့်စုံပါလျှင် ကယ်တင် ခြင်းဆိုင်ရာလုပ်ဆောင်ချက်သည်အဘယ် မျှသာလွန်၍ ဘုန်းအသရေနှင့်ပြည့်စုံ လိမ့်မည်နည်း။-
罪に定める務めに栄光があるのなら、義とする務めには、なおさら、栄光があふれるのです。
10 ၁၀ ယခုအခါ၌သာလွန်တောက်ပသောဘုန်း အသရေကြောင့် ယခင်အခါ၌အလွန် တောက်ပသောဘုန်းအသရေသည်ကွယ် ပျောက်သွားပြီ။-
そして、かつて栄光を受けたものは、このばあい、さらにすぐれた栄光のゆえに、栄光のないものになっているからです。
11 ၁၁ ခေတ္တမျှသာတည်သည့်အရာ၌ဘုန်းအသ ရေရှိခဲ့ပါလျှင် ထာဝစဉ်တည်သည့်အရာ ၌အဘယ်မျှပို၍ဘုန်းအသရေရှိလိမ့် မည်နည်း။
もし消え去るべきものにも栄光があったのなら、永続するものには、なおさら栄光があるはずです。
12 ၁၂ ငါတို့သည်ဤမျှော်လင့်ခြင်းရှိသဖြင့်အလွန် ရဲရင့်ကြ၏။-
このような望みを持っているので、私たちはきわめて大胆に語ります。
13 ၁၃ ငါတို့ကားမောရှေကဲ့သို့မဟုတ်။ သူသည် မိမိ၏မျက်နှာမှတောက်ပသောအရောင် မှေးမှိန်ကွယ်ပျောက်သွားသည်ကို ဣသရေလ အမျိုးသားတို့မတွေ့မမြင်နိုင်စေရန် မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားရလေသည်။-
そして、モーセが、消えうせるものの最後をイスラエルの人々に見せないように、顔におおいを掛けたようなことはしません。
14 ၁၄ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
しかし、イスラエルの人々の思いは鈍くなったのです。というのは、今日に至るまで、古い契約が朗読されるときに、同じおおいが掛けられたままで、取りのけられてはいません。なぜなら、それはキリストによって取り除かれるものだからです。
15 ၁၅ ယနေ့တိုင်အောင်ပင်လျှင်မောရှေ၏ပညတ်ကျမ်း ကိုဖတ်ကြသည့်အခါများ၌ သူတို့၏စိတ်နှလုံး သည်ပဝါဖုံးလျက်ပင်ရှိသေး၏။-
かえって、今日まで、モーセの書が朗読されるときはいつでも、彼らの心にはおおいが掛かっているのです。
16 ၁၆ သို့ရာတွင်ယင်းကိုဖယ်ရှားနိုင်၏။ မောရှေနှင့်ပတ် သက်၍ကျမ်းစာတော်က ``သူသည်သခင်ဘုရား ထံသို့ပြောင်းလဲသောအခါ သူ၏ပဝါသည်ပယ် ရှား၍သွား၏'' ဟုဆို၏။-
しかし、人が主に向くなら、そのおおいは取り除かれるのです。
17 ၁၇ သခင်ဘုရားဟုဆိုရာ၌ဝိညာဉ်တော်ကိုဆိုလို သည်။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။-
主は御霊です。そして、主の御霊のあるところには自由があります。
18 ၁၈ သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
私たちはみな、顔のおおいを取りのけられて、鏡のように主の栄光を反映させながら、栄光から栄光へと、主と同じかたちに姿を変えられて行きます。これはまさに、御霊なる主の働きによるのです。