< ၂ ကောရိန္သု 2 >

1 ထို့​ကြောင့်​သင်​တို့​ထံ​နောက်​တစ်​ဖန်​ငါ​လာ​လျှင် သင်​တို့​အား​ဝမ်း​နည်း​စေ​မည်​ဖြစ်​၍​ငါ​မ​လာ ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။-
But it was my decision for myself, not to come again to you with sorrow.
2 ငါ​သည်​သင်​တို့​အား​ဝမ်း​နည်း​အောင်​ပြု​ပါ​မူ ငါ့​အား​ရွှင်​လန်း​စေ​မည့်​သူ​အ​ဘယ်​မှာ​ရှိ တော့​မည်​နည်း။ ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​များ က​လွဲ​၍ အ​ဘယ်​သူ​သည်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​တော့​အံ့​နည်း။-
For if I give you sorrow, who then will make me glad, but he who is made sad by me?
3 အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-
And I said this very thing in my letter, for fear that when I came I might have sorrow from those from whom it was right for me to have joy; being certain of this, that my joy is the joy of you all.
4 ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။
For out of much trouble and pain of heart and much weeping I sent my letter to you; not to give you sorrow, but so that you might see how great is the love which I have to you.
5 တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-)
But if anyone has been a cause of sorrow, he has been so, not to me only, but in some measure to all of you (I say this that I may not be over-hard on you).
6 သင်​တို့​လူ​များ​စု​၏​ဒဏ်​ပေး​မှု​ကို​ခံ​ရ​ခြင်း သည်​ပင်​လျှင် ထို​သူ့​အ​တွက်​လုံ​လောက်​သော အ​ပြစ်​ဒဏ်​ဖြစ်​၏။-
Let it be enough for such a man to have undergone the punishment which the church put on him;
7 ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-
So that now, on the other hand, it is right for him to have forgiveness and comfort from you, for fear that his sorrow may be over-great.
8 သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။-
For which cause my desire is that you will make your love to him clear by your acts.
9 ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-
And for the same reason I sent you a letter so that I might be certain of your desire to do my orders in all things.
10 ၁၀ သင်​တို့​သည်​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​ဖြေ လွှတ်​သော​အ​ခါ ငါ​သည်​လည်း​တစ်​ခု​ခု​ကို​ဖြေ လွှတ်​ရန်​လို​ပါ​လျှင် သင်​တို့​၏​မျက်​နှာ​ကို ထောက်​၍​ခ​ရစ်​တော်​၏​ရှေ့​မှောက်​တော်​၌​ထို သူ​၏​အြုပစ်​ကို​ဖြေ​လွှတ်​၏။-
But if you give forgiveness to anyone, I do the same: for if I have given forgiveness for anything, I have done it because of you, in the person of Christ;
11 ၁၁ သို့​မှ​သာ​စာ​တန်​အား​ငါ​တို့​အ​ပေါ်​အ​နိုင်​မ​ရ စေ​ရန်​တား​ဆီး​နိုင်​ပေ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​စာ​တန်​၏​အ​ကြံ​အ​စည်​များ ကို​သိ​ကြ​သော​ကြောင့်​တည်း။
So that Satan may not get the better of us: for we are not without knowledge of his designs.
12 ၁၂ ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-
Now when I came to Troas for the good news of Christ, and there was an open door for me in the Lord,
13 ၁၃ သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။
I had no rest in my spirit because Titus my brother was not there: so I went away from them, and came into Macedonia.
14 ၁၄ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-
But praise be to God who makes us strong to overcome in Christ, and makes clear through us in every place the value of the knowledge of him.
15 ၁၅ ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။-
For we are a sweet perfume of Christ to God in those who are getting salvation and in those who are going to destruction;
16 ၁၆ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။-
To the one it is a perfume of death to death; to the other a perfume of life to life. And who is enough for such things?
17 ၁၇ ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။
For we are not like the great number who make use of the word of God for profit: but our words are true, as from God, being said as before God in Christ.

< ၂ ကောရိန္သု 2 >