< ၂ ကောရိန္သု 2 >
1 ၁ ထို့ကြောင့်သင်တို့ထံနောက်တစ်ဖန်ငါလာလျှင် သင်တို့အားဝမ်းနည်းစေမည်ဖြစ်၍ငါမလာ ရန်စိတ်ပိုင်းဖြတ်ထား၏။-
Eshe iti tshiyanirawok'o gawat iti s'iilo it maants ando aanar twarawok'o k'ut'dek'niye tteshi.
2 ၂ ငါသည်သင်တို့အားဝမ်းနည်းအောင်ပြုပါမူ ငါ့အားရွှင်လန်းစေမည့်သူအဘယ်မှာရှိ တော့မည်နည်း။ ငါ့ကြောင့်ဝမ်းနည်းရသူများ ကလွဲ၍ အဘယ်သူသည်ငါ့အားစိတ်ရွှင် လန်းစေတော့အံ့နည်း။-
Dab iti tshiyaaniyalor ityere t shiyanitswotsiyere oko taan geneeúshituwo kone?
3 ၃ အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
Mank'o itsh t guut'uwere itok twoor taan geneúsho boon geyit ashuwots taan boshiyanirawok'o geeyatniye, t geneúwo it únets geneúwo b́wottsok'o amanirwe.
4 ၄ ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။
Shiyani eenonat nibi kic'on, ay aac'uwonowere wotdek'at itsh tguut' ayidek'at iti tshuntsok'o itdanetwok'owa etni bako iti shiyaaniyosha etaatniyaliye.
5 ၅ တစ်စုံတစ်ယောက်သည်လူတစ်ဦးအားဝမ်းနည်း စေသောအခါငါ့အားသာမက သင်တို့အားလုံး ကိုမဟုတ်လျှင်သင်တို့အချို့အဝက်ကိုလည်း ဝမ်းနည်းစေသည်။ (ထိုသူကိုကျပ်တည်းစွာ မစီရင်လို၍ဤသို့ဆိုခြင်းဖြစ်သည်။-)
Ash shiyanitso konwor fa'e wotiyal b́shiyaniyi taan b́woterawo b́ naando k'ees'iyo wot k'aya bako k'osh weeron ititse ayuwotsnoor shiyaanire.
6 ၆ သင်တို့လူများစု၏ဒဏ်ပေးမှုကိုခံရခြင်း သည်ပင်လျှင် ထိုသူ့အတွက်လုံလောက်သော အပြစ်ဒဏ်ဖြစ်၏။-
Han naari ashosh ititse ayuwots bíats boangshts fayo bísh bodfe.
7 ၇ ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-
Mansha ashaan weeralon shiyaanotse b́kindrawok'o dab maniyere bísh orowa err bín it kup'iyo itsh geyife.
8 ၈ သို့ဖြစ်၍သင်တို့သည်သူ့ကိုအမှန်တကယ် မေတ္တာထားကြောင်းကို သူသိရှိနားလည်အောင် ပြုကြရန်သင်တို့အားငါတောင်းပန်၏။-
Mank'owere bín it shuntsok'o aaniyi arikon it kiitsituwok'owo iti k'onirwe.
9 ၉ ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။-
Wosh ekeewnowere itsh tguut' fadeyar jam keewon aletswotsi it woto danoosha etaatniye.
10 ၁၀ သင်တို့သည်တစ်စုံတစ်ယောက်ကိုအပြစ်ဖြေ လွှတ်သောအခါ ငါသည်လည်းတစ်ခုခုကိုဖြေ လွှတ်ရန်လိုပါလျှင် သင်တို့၏မျက်နှာကို ထောက်၍ခရစ်တော်၏ရှေ့မှောက်တော်၌ထို သူ၏အြုပစ်ကိုဖြေလွှတ်၏။-
It bísh oorowe it eteet ashosh taawere oorowe etetuwe, bísh oorowe ti eteet naando b́beyalor taa Krstos shinatse oorowe tietet itsha erniye.
11 ၁၁ သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။
Man t k'alirwere shed'ani gond fino nodantsotse shed'ano noon b́ darirawk'owa etaatniye.
12 ၁၂ ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
Maniyere hakon Krstos doo shishiyo daniyosh T'iro'ad maants ti amor doonzo fini fengsho taash k'eshree,
13 ၁၃ သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
Ernmó t eshúwi Titoyi daatso t k'aztsotse t shayiro kash de'atse, mansh manoki krstiyaniwotsi jamiyat Mek'odoniyo maants ti ami.
14 ၁၄ သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။-
Ernmó jam aawo Krstos da'oon noon jishirwonat sheeng sháák' detsts shituwok'o Krstossh no detsts dano jam beyok nobetsitwok'o woshtso Izar Izewersh údo wotowe!
15 ၁၅ ငါတို့သည်ဘုရားသခင်အားခရစ်တော်ပူဇော် သည့်မွှေးကြိုင်သောနံ့သာရနံ့နှင့်တူကြ၏။ ထို ရနံ့သည်ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့ထံ သို့လည်းကောင်း၊ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့ ထံသို့လည်းကောင်းပျံ့နှံ့၍သွားလေသည်။-
No kashitwotssh wotowa t'afitwotssh wotowa Krstosn Ik'osh sheeng sháák'o detsts it'anok'o noone.
16 ၁၆ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့အတွက်ထို ရနံ့သည်သေစေတတ်သောအပုပ်နံ့ဖြစ်၍ ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့အတွက် အသက်ရှင်စေတတ်သည့်အမွှေးအကြိုင် ဖြစ်ပေသည်။ သို့ဖြစ်၍ဤကဲ့သို့သောအမှု ကိုအဘယ်သူဆောင်ရွက်နိုင်မည်နည်း။-
Ikosh k'iro maants jishit k'iri sháák' noone, k'oshosh kasho maants jishit kashi sháák' noone, beré finansh bodts wotituwo kone?
17 ၁၇ ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
Noo Ik' aap'tso jaak k'ac' kemiru ayuwotsk'o noonaliye, ernmó Ik'oke wosheets kááw woshetswotsk'o wotar Krstosn Ik' shinatse keewituwone.