< ၂ ကောရိန္သု 13 >
1 ၁ ယခုငါသည်တတိယအကြိမ်သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာတော်ကဖော်ပြသကဲ့သို့ ``အမှု ကိစ္စမှန်သမျှကိုသက်သေနှစ်ဦးသုံးဦး၏ထွက် ဆိုချက်အရစီရင်ဆုံးဖြတ်ရမည်။-''
É esta a terceira vez que vou ter convosco. Na boca de duas ou três testemunhas será confirmada toda a palavra.
2 ၂ ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။-
Já anteriormente o disse: e segunda vez o digo como se estivesse presente; agora pois, estando ausente, o digo aos que de antes pecaram e a todos os mais, que, se outra vez for, não lhes perdoarei;
3 ၃ ခရစ်တော်သည်ငါ့အားဖြင့်မိန့်တော်မူကြောင်း သက်သေကိုသင်တို့တောင်းဆိုကြသည့်အတိုင်း ငါလာသောအခါရစေမည်။ ခရစ်တော်သည်သင် တို့နှင့်ဆက်ဆံသောအခါစွမ်းအားနည်းတော် မမူဘဲ မိမိ၏တန်ခိုးတော်ကိုသင်တို့အား ထင်ရှားစွာပြတော်မူ၏။-
Visto que buscais uma prova de Cristo que fala em mim, o qual não é fraco para convosco, antes é poderoso entre vós.
4 ၄ ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။
Porque, ainda que foi crucificado por fraqueza, todavia vive pelo poder de Deus. Porque nós também somos fracos nele, porém viveremos com ele pelo poder de Deus em vós.
5 ၅ သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။-
Examinai-vos a vós mesmos, se permaneceis na fé; provai-vos a vós mesmos. Ou não vos conheceis a vós mesmos, que Jesus Cristo está em vós? Se não é que já estais reprovados.
6 ၆ ငါတို့သည်အစစ်အဆေးခံရာတွင်အောင်မြင် သူများဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်ဟု ငါမျှော်လင့်၏။-
Mas espero que entendereis que nós não somos reprovados.
7 ၇ သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-
Ora eu rogo a Deus que não façais mal algum, não para que sejamos achados aprovados, mas para que vós façais o bem, embora nós sejamos como reprovados.
8 ၈ ငါတို့သည်သမ္မာတရားတော်ကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှမပြုနိုင်ကြ။ သမ္မာတရား တော်ဘက်မှနေ၍သာလျှင်ပြုနိုင်ကြ၏။-
Porque nada podemos contra a verdade, senão pela verdade.
9 ၉ ငါတို့အားနည်း၍သင်တို့အားကြီးသောအခါ ငါတို့ဝမ်းသာသည်။ သို့ဖြစ်၍သင်တို့သည်အပြစ် ဆိုဖွယ်မရှိသူများဖြစ်လာကြစေရန်ကိုလည်း ငါတို့ဆုတောင်းပတ္ထနာပြု၏။-
Porque nos regozijamos de estar fracos, quando vós estais fortes; e o que desejamos é a vossa perfeição.
10 ၁၀ သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
Portanto, escrevo estas coisas estando ausente, para que, estando presente, não use de rigor, segundo o poder que o Senhor me deu para edificação, e não para destruição.
11 ၁၁ ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
Quanto ao mais, irmãos, regozijai-vos, sede perfeitos, sede consolados, sede de um mesmo parecer, vivei em paz; e o Deus do amor e da paz será convosco.
12 ၁၂ သင်တို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်သန့်ရှင်းသောနမ်းခြင်းနှင့်နှုတ်ဆက်ကြ လော့။
Saudai-vos uns aos outros com ósculo santo.
13 ၁၃ ဘုရားသခင်၏လူစုတော်ကသင်တို့ အားနှုတ်ဆက်ပါ၏။
Todos os santos vos saudam.
14 ၁၄ သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
A graça do Senhor Jesus Cristo, e o amor de Deus, e a comunhão do Espírito Santo seja com vós todos. Amém.