< ၂ ကောရိန္သု 11 >

1 ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-
I hope you can put up with a little more foolishness from me—well you already do put up with me!
2 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-
I agonize over you with a divine kind of jealousy, for I promised you to a single husband—Christ—so that I could present you as a pure virgin to him.
3 ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-
I worry that in some way, just as the serpent deceived Eve with his devious cunning, that you might be led astray in your thinking from your sincere and pure commitment to Christ.
4 လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။
If anyone comes and tells you about a different Jesus to the one we shared with you, you easily go along with them, accepting a different spirit to the one you received, and a different kind of good news to the one you believed.
5 ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-
I don't believe I'm inferior to these “super-apostles.”
6 ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။
Even though I may not be skilled in giving speeches, I do know what I'm talking about. We have made this absolutely clear to you in every way.
7 ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-
Was it wrong of me to humble myself so you could be elevated, since I shared the good news with you at no charge?
8 ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။-
I robbed as it were other churches, taking pay from them so I could work for you.
9 ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-
When I was there with you and needed something, I wasn't a burden to anyone because the believers who came from Macedonia took care of my needs. I was determined never to be a burden to you and I never shall.
10 ၁၀ ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-
This is as certain as the truth of Christ that is in me: nobody in all Achaia will stop me boasting about this!
11 ၁၁ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ဆို​ရ​သ​နည်း။ သင်​တို့ အား​မ​ချစ်​၍​လော။ ငါ​ချစ်​ကြောင်း​ကို​ဘု​ရား သ​ခင်​သိ​တော်​မူ​၏။
And why? Because I don't love you? God knows that I do!
12 ၁၂ သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။-
I'll continue to do what I've always done, so as to remove any opportunity for those who want to boast that their work is the same as ours.
13 ၁၃ ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။-
These people are false apostles, dishonest workers, who pretend to be apostles of Christ.
14 ၁၄ သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-
Don't be surprised at this for even Satan himself pretends to be an angel of light.
15 ၁၅ သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။
So it's no wonder then if those who serve him pretend to be agents of good. But their final end will be in accordance with what they've done.
16 ၁၆ တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-
Let me say it again: please don't think I'm being foolish. However, even if you do, accept me as someone who is foolish, and let me also boast a little.
17 ၁၇ ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
What I'm saying is not as the Lord would say it—all this foolish boasting.
18 ၁၈ သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။-
But since many others are boasting in the way the world does, let me boast too.
19 ၁၉ သင်​တို့​သည်​ပ​ညာ​ရှိ​ကြီး​များ​ဖြစ်​သ​ဖြင့် လူ မိုက်​များ​ကို​ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​ပေ​သည်။-
(You're happy to put up with fools, since you are so wise!)
20 ၂၀ သင်​တို့​သည်​မိ​မိ​တို့​အား​စေ​စား​သူ၊ အ​ခွင့် ကောင်း​ယူ​သူ၊ အ​မြတ်​ထုတ်​သူ၊ အ​ထင်​အ​မြင် သေး​သူ၊ ပါး​ရိုက်​သူ​တို့​ကို​သည်း​ခံ​ကြ​၏။-
You put up with people who make you slaves, who take what you have, who exploit you, who arrogantly put you down, who hit you in the face.
21 ၂၁ ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။ သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။-
I'm so sorry that we were too weak to do anything like that! But whatever people dare to boast about, I dare to do too. (Here I'm talking like a fool again.)
22 ၂၂ သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​သည်​ဟု ဆို​လျှင် ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း ဖြစ်​၏။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ် များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း​ဖြစ်​၏။-
Are they Hebrews? Me too. Are they Israelites? Me too. Are they descendants of Abraham? Me too.
23 ၂၃ သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-
Are they servants of Christ? (I know I'll sound like I'm crazy, talking like this.) But I have done so much more. I've worked harder, been imprisoned more often, whipped more times than I can count, faced death time and again.
24 ၂၄ ယု​ဒ​အ​မျိုး​သား​တို့​သည်​ငါ့​အား​သုံး​ဆယ့် ကိုး​ချက်​ရိုက်​ဒဏ်​ကို​ငါး​ကြိမ်​တိုင်​တိုင်​ပေး ခဲ့​ကြ​၏။-
Five times I received from the Jews the forty lashes less one.
25 ၂၅ ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-
Three times I was beaten with rods, once I was stoned, three times I was shipwrecked. Once I spent twenty-four hours adrift on the ocean.
26 ၂၆ ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-
During my many journeys I have faced the dangers of crossing rivers, robber gangs, attacks from my own countrymen, as well as from foreigners. I have faced danger in cities, in the deserts, and on the sea. I have faced the danger of people who pretend to be Christians.
27 ၂၇ အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-
I have faced hard labor and struggles, many sleepless nights, hungry and thirsty, often going without food, cold, without enough clothing to keep warm.
28 ၂၈ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-
Besides all this, I face the daily concerns of dealing with all the churches.
29 ၂၉ အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။
Who is weak, and I don't feel weak too? Who is led into sin, and I don't burn up?
30 ၃၀ ငါ​သည်​ဝါ​ကြွား​ရ​မည်​ဆို​လျှင် မိ​မိ​၏​အား နည်း​မှု​ကို​သာ​အ​ကြောင်း​ပြု​၍​ဝါ​ကြွား​မည်။-
If I have to boast, I will boast about how weak I am.
31 ၃၁ ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။- (aiōn g165)
The God and Father of the Lord Jesus—may he be praised forever—knows I am not lying. (aiōn g165)
32 ၃၂ ငါ​သည်​ဒ​မာ​သက်​မြို့​၌​ရှိ​စဉ်​အ​ရေ​တ ဘု​ရင်​၏​လက်​အောက်​ခံ​ဘု​ရင်​ခံ​သည် ငါ့ အား​ဖမ်း​ဆီး​ရန်​မြို့​တံ​ခါး​များ​တွင်​တပ် သား​များ​ကို​အ​စောင့်​ချ​ထား​၏။-
While I was in Damascus, the governor under King Aretas had the city guarded in order to capture me.
33 ၃၃ သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ငါ့​ကို​တောင်း တွင်​ထည့်​၍ ပြူ​တင်း​ပေါက်​မှ​မြို့​ရိုး​က​လျှော​ချ ကြ​သ​ဖြင့် ငါ​သည်​ထို​ဘု​ရင်​ခံ​၏​လက်​မှ လွတ်​မြောက်​ရ​ပေ​သည်။
But I was lowered in a basket from a window in the city wall, and so I escaped from him.

< ၂ ကောရိန္သု 11 >