< ၂ ကောရိန္သု 10 >

1 ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-
Now I Paul, myself, appeal to you by the humble-heartedness and selflessness of Christ - Paul who "in your presence is humble, but bold enough when he is absent" -
2 ငါ​တို့​သည်​လော​ကီ​အ​ကျိုး​ကို​မြော်​ကိုး​၍ ဆောင်​ရွက်​သူ​များ​ဖြစ်​သည်​ဟု​စွပ်​စွဲ​ဝေ​ဖန် ကြ​သော​သူ​တို့​အား ငါ​သည်​မိ​မိ​၏​ရဲ​စွမ်း သတ္တိ​ကို​ငါ​ပြ​နိုင်​ကြောင်း​ကို​သိ​စေ​လို​၏။ သို့ ဖြစ်​၍​သင်​တို့​ထံ​သို့​ငါ​ရောက်​ရှိ​လာ​သော အ​ခါ ထို​ရဲ​စွမ်း​သတ္တိ​ကို​ပြ​ရ​သည့်​အ​ဖြစ် နှင့်​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်။-
I beseech you, and I say, do not make me show my boldness, when I come in the boldness with which I think I shall show my courage against some who think that I am walking on the low level of the flesh.
3 ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။-
Though I do walk on the low level of the flesh, I do not make war as the flesh does;
4 ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-
for the weapons of my warfare are not weapons of the flesh, but mighty for God, in pulling down all fortresses.
5 ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။-
For I pull down imaginations and every crag that lifts itself against the knowledge of God. And I carry every thought away into captivity and subjection to Christ;
6 သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။
and I am fully prepared to punish every act of disobedience, when once your submission has been put beyond question.
7 သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။-
Look these facts in the face. If any man is fully persuaded as regards himself that he belongs to Christ, let him consider again with himself, that just as he is Christ’s, so also am I.
8 အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-
If, however, I were to boast more loudly concerning the authority which the Lord gave me (not to cast you down, but to build you up), I should have no cause for shame.
9 သို့​ဖြစ်​၍​ငါ​သည်​စာ​များ​ရေး​၍​သင်​တို့ အား​ခြောက်​လှန့်​နေ​သည်​ဟု​မ​ထင်​စေ​လို။-
Let it not seem as if I were overawing you with my letters.
10 ၁၀ ``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-
"His letters indeed," says one, "are mighty and forcible, but his personality is weak, and his speech contemptible."
11 ၁၁ ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။
Let such a man assure himself that my actions, when I am present, will be just like my words in my letters when I am absent.
12 ၁၂ မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-
I have not indeed the audacity to class myself among, or compare myself with, certain of the self-commenders; yet they are not wise in measuring themselves by one another and in comparing themselves with one another.
13 ၁၃ ငါ​တို့​မူ​ကား​ဝါ​ကြွား​သင့်​သည့်​အ​တိုင်း အ​တာ​ကို​ကျော်​လွန်​၍​ဝါ​ကြွား​ကြ​မည်​မ ဟုတ်။ သင်​တို့​တွင်​ငါ​တို့​လုပ်​ဆောင်​သော​လုပ် ငန်း​အ​ပါ​အ​ဝင်​ငါ​တို့​လုပ်​ဆောင်​ရန် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​သတ်​မှတ်​ပေး​တော်​မူ သည့်​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​၌​သာ​ငါ​တို့ ဝါ​ကြွား​ကြ​၏။-
I, however, will not indulge in undue boasting, but will confine it within the limits of the sphere to which God has assigned me - a sphere which reaches even to you.
14 ၁၄ သင်​တို့​သည်​ငါ​တို့​အ​တွက်​ဘု​ရား​သ​ခင်​သတ် မှတ်​ထား​သော​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​ပါ​ဝင် သ​ဖြင့် ငါ​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​ရာ​၌​နယ် ကျော်​ရာ​မ​ကျ။-
For I am not overstepping the limits of my authority, as though I reached you not; since I have already come even as far as Corinth to proclaim the gospel of Christ.
15 ၁၅ သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​သတ်​မှတ် ပေး​သည့်​လုပ်​ငန်း​အ​တွက်​မှ​လွဲ​၍ သူ​တစ်​ပါး တို့​၏​လုပ်​ဆောင်​ချက်​များ​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​မှု​မ​ပြု။ သင်​တို့​၏​ယုံ​ကြည်​ခြင်း ပါ​ရ​မီ​ရင့်​လာ​သည်​နှင့်​အ​မျှ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​နယ် ပယ်​အ​တွင်း သင်​တို့​ထံ​တွင်​အ​မှု​တော်​တို့ ကို​တိုး​ချဲ့​ဆောင်​ရွက်​နိုင်​ရန်​မျှော်​လင့်​၏။-
I am not "boasting beyond measure in the labors of others," but it is my hope that, as your faith goes on increasing among yourselves, by the enlargement of my appointed limits,
16 ၁၆ ထို​နောက်​ငါ​တို့​သည်​သင်​တို့​၏​ဒေ​သ​ကို​ကျော် လွန်​၍ အ​ခြား​ဒေ​သ​သစ်​များ​တွင်​သ​ခင်​ယေ​ရှု အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ နိုင်​သ​ဖြင့် သူ​တစ်​ပါး​တို့​၏​နယ်​ပယ်​အ​တွင်း​၌ ပြီး​စီး​ခဲ့​သည့်​ဆောင်​ရွက်​ချက်​များ​အ​တွက် ငါ တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​မ​လို​တော့​ပေ။
I may carry the gospel to countries beyond you; and not be boasting of work made ready to my hand within another man’s limit.
17 ၁၇ ကျမ်း​စာ​တော်​က ``ဂုဏ်​ယူ​ဝါ​ကြွား​လို​သူ​သည် သ​ခင်​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​တွက် သာ​ဂုဏ်​ယူ​ဝါ​ကြွား​ရ​မည်'' ဟု​ဆို​၏။-
Meanwhile. Let him who boasts, boast in the Lord.
18 ၁၈ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​သော​သူ​ဟူ​သည်​မှာ မိ​မိ​ကိုယ်​ကို​ချီး မြှောက်​သော​သူ​မ​ဟုတ်။ ကိုယ်​တော်​က​ချီး​မြှောက် တော်​မူ​သော​သူ​ဖြစ်​သော​ကြောင့်​တည်း။
For a man is proved worthy, not by his self-commendation, but when he is commended by the Lord.

< ၂ ကောရိန္သု 10 >