< ၂ ကောရိန္သု 1 >
1 ၁ ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်အဖြစ် ခန့်ထားခြင်းခံရ သူပေါလုနှင့်ညီတိမောသေတို့ထံမှ ကောရိန္သု ရှိဘုရားသခင်၏အသင်းတော်ဝင်များမှစ၍ အခါယပြည်နယ်ရှိဘုရားသခင်၏လူစု တော်ဝင်တို့ထံသို့စာရေးလိုက်ပါသည်။
Павел апостол Ісуса Христа, волею Божою, та Тимотей брат, церквам Божим у Коринтї з усїма сьвятими у всій Ахаї:
2 ၂ ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါစေ သော။
Благодать вам і впокій од Бога Отця нашого і Господа Ісуса Христа.
3 ၃ နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။-
Благословен Бог і Отець Господа нашого Ісуса Христа, Отець милосердя і Бог всякої утіхи,
4 ၄ ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
що втішає нас у всякому горю нашому, щоб змогли ми утішати тих, що у всякому горю, утїшеннєм, яким утішаємось самі від Бога.
5 ၅ ငါတို့သည်ခရစ်တော်ခံစားရသောများပြား သည့်ဒုက္ခဆင်းရဲတို့ကိုပါဝင်ခံစားရကြ သည့်နည်းတူ ခရစ်တော်အားဖြင့်ဘုရားသခင် ပေးတော်မူသောနှစ်သိမ့်မှုကိုလည်းခံယူရ ရှိကြ၏။-
Бо яко ж намножують ся страдання Христові в нас, так Христом намножуєть ся і утїшеннє наше.
6 ၆ ငါတို့ဆင်းရဲဒုက္ခခံရကြလျှင်သင်တို့နှစ် သိမ့်မှုနှင့် ကယ်တင်ခြင်းကိုခံယူရရှိကြစေ ရန်အတွက်ဖြစ်၏။ နှစ်သိမ့်မှုကိုငါတို့ရရှိ ကြပါလျှင် သင်တို့သည်လည်းငါတို့နည်း တူနှစ်သိမ့်မှုကိုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကိုသည်းခံသောစိတ်နှင့် ခံနိုင်သောခွန်အားရရှိကြ၏။-
Чи то ж ми скорбимо, то для вашого втїшення і спасення, котре звершуєть ся терпіннєм тих мук, що й ми терпимо; чи то ми втішаємось, то для вашого утїшення і спасення.
7 ၇ သို့ဖြစ်၍သင်တို့အတွက်မယိမ်းမယိုင်သော မျှော်လင့်ခြင်းငါတို့၌ရှိ၏။ သင်တို့သည်ငါ တို့ခံရသည့်ဆင်းရဲဒုက္ခမျိုးကိုခံရကြ သည့်နည်းတူငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုး ကိုလည်းရရှိကြကြောင်းငါတို့သိကြ၏။
І впованнє наше тверде про вас, знаючи, що як спільники ви страдання нашого, так і утїшення.
8 ၈ ညီအစ်ကိုတို့၊ အာရှပြည်တွင်ငါတို့ခံခဲ့ ရသည့်ဆင်းရဲဒုက္ခအကြောင်းကိုသင်တို့ အားပြန်လည်သတိရစေလို၏။ ငါတို့ မခံမရပ်နိုင်အောင်ဆင်းရဲဒုက္ခကိုခံရ သဖြင့် ငါတို့သည်အသက်ရှင်နိုင်ရန်မျှော် လင့်ချက်မရှိခဲ့ပေ။-
Бо не хочемо, браттє, щоб ви не відали про горе наше, що було нам в Азиї, що над міру і над силу тяжко було нам, так що не мали вже надії й жити.
9 ၉ ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။-
Та сами в собі присуд смерти мали, щоб не надїяти ся нам на себе, а на Бога, що підіймає мертвих,
10 ၁၀ သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။
котрий з такої смерти збавив нас і збавляє, і на котрого вповаємо, що й ще збавляти ме,
за підмогою і вашої за нас молитви, щоб за те, що нам даровано стараннєм многих, многі за нас і дякували.
12 ၁၂ ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
Се бо хвала наша, сьвідченнє совісти нашої, що ми в простоті і чистотї Божій, не в мудрости тілесній, а в благодати Божій жили на сьвітї, більше ж у вас.
13 ၁၃ ယခုငါရေးသားပေးပို့လိုက်သောစာများ တွင် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာများသာလျှင်ပါရှိ၏။-
Не инше бо пишеш вам, як або що читаєте, або розумієте; маю ж надїю, що й до кінця зрозумієте,
14 ၁၄ ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
як і зрозуміли нас від части, що ми хвала вам; яко ж і ви нам у день Господа нашого Ісуса Христа.
15 ၁၅ ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
І в сій певнотї хотїв був я прийти до вас перше, щоб і другу благодать мали,
16 ၁၆ မာကေဒေါနိပြည်သို့အသွားတွင်တစ်ကြိမ်၊ ထိုပြည်မှအပြန်တွင်တစ်ကြိမ်သင်တို့ထံသို့ ဝင်ရောက်ပြီးနောက်ယုဒပြည်သို့သွားနိုင်ရန် သင်တို့ထံမှအကူအညီကိုတောင်းခံမည် ဟုအကြံရှိ၏။-
а через вас пройти в Македонию, і знов з Македониі прийти до вас, а ви щоб провели мене в Юдею.
17 ၁၇ ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
Сього бажаючи, хиба я легким розумом що робив? або що задумую, чи по тілу задумую, щоб було в мене то так - так, то, ні - нї.
18 ၁၈ ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-
Вірен же Бог, що слово наше до вас не було "так" і "нї".
19 ၁၉ သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
Бо Син Божий Ісус Христос, вам вами проповідуваний, мною та Сильваном, та Тимотеем, не був "так" і "нї", а було у Йому "так".
20 ၂၀ ဘုရားသခင်၏ကတိတော်အပေါင်းတို့သည် ``ဟုတ်မှန်သည်'' ဟုဖော်ပြသောအရှင်ဖြစ် တော်မူ၏။ ထိုကြောင့်ငါတို့သည်ဘုရားသခင် ၏ဘုန်းအသရေတော်ထွန်းတောက်စေရန်ယေရှု ခရစ်ကိုအမှီပြု၍``အာမင်'' ဟုဆိုခြင်းဖြစ်၏။-
Бо, скільки обітниць Божих, то (все) в Йому "так" і в Йому "амінь", на славу Божу через нас.
21 ၂၁ သင်တို့နှင့်ငါတို့အားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းအသက်ရှင်စေတော်မူသောအရှင် မှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်ငါတို့အားသီး သန့်ရွေးချယ်တော်မူ၍၊-
Той же, що утверджує нас із вами у Христа й намастив нас - Бог,
22 ၂၂ မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
Він і запечатав нас, і дав задаток Духа в серцях наших.
23 ၂၃ ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
Я ж сьвідком Бога призиваю на свою душу, що, щадивши вас, ще не прийшов в Коринт.
24 ၂၄ သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
Не тому, що ми пануємо над вірою вашою; нї, ми помічники вашої радости, бо ви стоїте вірою.