< ၂ ရာဇဝင်ချုပ် 8 >
1 ၁ ရှောလမုန်သည်ဗိမာန်တော်နှင့် မိမိ၏နန်း တော်ကိုအနှစ်နှစ်ဆယ်တိုင်တိုင်တည်ဆောက် ရလေသည်။-
In zwanzig Jahren hatte Salomo das Haus des Herrn und sein Haus erbaut.
2 ၂ သူသည်မိမိအားဟိရံမင်းပြန်၍ပေးအပ် သည့်မြို့များကိုလည်းပြန်လည်တည်ထောင် ကာ ထိုမြို့တို့တွင်အခြေစိုက်နေထိုင်ရန် ဣသရေလအမျိုးသားတို့ကိုပို့တော်မူ၏။-
Danach baute Salomo die Städte aus, die Churam dem Salomo gegeben, und siedelte Israeliten darin an.
3 ၃ ဟာမတ်နှင့်ဇောဘနယ်များကိုလည်းတိုက် ခိုက်သိမ်းယူပြီးလျှင်၊-
Dann zog Salomo nach Hamat bei Soba und eroberte es.
4 ၄ သဲကန္တာရတွင်ရှိသောတာဒမော်မြို့ကိုတံ တိုင်းကာတော်မူ၏။ ဟာမတ်နယ်ရှိရိက္ခာသို လှောင်ရာမြို့အပေါင်းကိုလည်းပြန်လည် တည်ထောင်တော်မူ၏။-
Er baute auch Tadmor in der Wüste und alle Vorratsstädte aus, die er in Hamat angelegt hatte.
5 ၅ ရှောလမုန်သည်အောက်ပါမြို့များကိုပြန်လည် တည်ဆောက်တော်မူ၏။ (တံခါးကန့်လန့်ကျင် များနှင့်တကွတံတိုင်းကာရံထားသော) အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊-
Er baute auch Ober- und Nieder-Bet Choron aus, Festungen mit Mauern, Toren und Riegeln,
6 ၆ ဗာလတ်မြို့၊ ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းနှင့် စစ်ရထားစခန်းမြို့များဖြစ်လေသည်။ ယေရု ရှလင်မြို့၊ လေဗနုန်တောင်၊ နိုင်ငံတော်အရပ် ရပ်တွင် မိမိတည်ဆောက်လိုသမျှကိုတည် ဆောက်၏။-
ferner Baalat und alle Vorratsstädte, die Salomo besaß, alle Wagenstädte, die Städte für die Reiter und alles, was Salomo zu bauen wünschte in Jerusalem, auf dem Libanon und in seinem ganzen Herrschaftsbereich.
7 ၇ ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲကျန်ကြွင်းခဲ့သည့်ခါနာန်ပြည်သားများ မှဆင်းသက်လာသူတို့ကို မိမိ၏ချွေးတပ် အတွက်အသုံးပြုတော်မူ၏။ ထိုသူတို့အထဲ တွင်အာမောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထို သူတို့၏သားမြေးများသည်ယနေ့တိုင် အောင်ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
Aus allem Volk, das von den Chittitern, Amoritern, Perizitern, Chiwitern und Jebusitern übrig war und das nicht aus Israel war,
von seinen Söhnen, die nach ihm im Lande geblieben waren und die die Israeliten nicht ausgerottet hatten, hob Salomo zum Frondienst aus bis auf diesen Tag.
9 ၉ မင်းကြီးသည်အဘယ်ဣသရေလအမျိုးသား ကိုမျှချွေးတပ်တွင်အသုံးပြုတော်မမူ။ သူ တို့သည်စစ်သူရဲများ၊ တပ်မှူးများ၊ စစ်ရထား မှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့် အမှုထမ်းရကြလေသည်။-
Aber von den Israeliten machte Salomo keinen zum Knecht für seine Arbeit. Sie wurden Kriegsleute, Befehlshaber seiner Wagenkämpfer und Befehlshaber seiner Wagen und Reiter.
10 ၁၀ ရှောလမုန်မင်း၏ဆောက်လုပ်ရေးစီမံကိန်းများ တွင်လုပ်ကိုင်လျက်ရှိသောချွေးတပ်များကို ကြီးကြပ်အုပ်ချုပ်သူနှစ်ရာ့ငါးဆယ်ရှိသတည်း။
Dies waren die Oberen der Vögte des Königs Salomo, 210, die die Leute beaufsichtigten.
11 ၁၁ ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
Salomo aber brachte Pharaos Tochter aus der Davidsstadt in das Haus, das er für sie gebaut hatte. Denn er sprach: "Kein Weib wohne mir im Hause Davids, des Königs von Israel! Denn der Ort ist heilig, weil dahin die Lade des Herrn gekommen ist."
12 ၁၂ ရှောလမုန်သည်ဗိမာန်တော်ရှေ့တွင် မိမိတည် ဆောက်ထားသည့်ယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်တော်မူ၏။-
Damals brachte Salomo dem Herrn Brandopfer dar, auf dem Altar des Herrn, den er vor der Vorhalle erbaut hatte.
13 ၁၃ သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
Das Tägliche brachte er dar nach des Moses Gebot an den Sabbaten, Neumonden und Festen und dreimal im Jahre, an dem Feste der ungesäuerten Brote, am Wochenfeste und am Hüttenfeste.
14 ၁၄ ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
Nach seines Vaters David Anordnung bestellte er die Priesterabteilungen zu ihrem Dienste und die Leviten zu ihren Amtsverrichtungen, daß sie lobsangen und bei den Priestern den täglichen Dienst taten, ferner die Torhüter nach ihren Abteilungen für jedes Tor. Denn so war es Befehl des Gottesmannes David.
15 ၁၅ ပစ္စည်းသိုလှောင်ရုံများ၊ အခြားအမှုကိစ္စ များနှင့်ပတ်သက်၍ဒါဝိဒ်ပေးခဲ့သည့်ညွှန် ကြားချက်များကိုလည်းအသေးစိတ် လိုက်နာဆောင်ရွက်တော်မူ၏။
Man war in keinem Stücke abgewichen von des Königs Befehl betreffs der Priester und Leviten und der Schatzkammern.
16 ၁၆ ယခုအခါ၌ရှောလမုန်၏စီမံကိန်းရှိသမျှ ကိုလက်စသတ်လိုက်လေပြီ။ ထာဝရဘုရား၏ ဗိမာန်တော်ကိုအုတ်မြစ်ချချိန်မှတည်ဆောက် မှုလက်စသတ်ချိန်အထိ ဆောင်ရွက်စရာရှိ သမျှသောအလုပ်တို့သည်အောင်မြင်စွာ ပြီးစီးသွားလေပြီ။
So ward Salomos ganzes Werk fertig, von dem Tage an, an dem das Haus des Herrn gegründet wurde, bis zur gänzlichen Vollendung des Hauses des Herrn.
17 ၁၇ ထိုနောက်ရှောလမုန်သည်ဧဒုံပြည်၊ အာကွဗာ ပင်လယ်ကွေ့ပေါ်ရှိသင်္ဘောဆိပ်မြို့များဖြစ် သောဧဇယုန်ဂါဗာမြို့နှင့်ဧလုတ်မြို့သို့ကြွ တော်မူ၏။-
Damals war Salomo nach Esiongeber und Elot am Meeresufer im Lande Edom gezogen.
18 ၁၈ သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။
Churam aber sandte ihm durch seine Knechte Schiffe mit meereskundigen Knechten. Und sie kamen mit Salomos Knechten nach Ophir. Von da holten sie 450 Talente Gold und brachten es dem König Salomo.