< ၂ ရာဇဝင်ချုပ် 7 >
1 ၁ ထိုသို့ရှောလမုန်မင်းပတ္ထနာပြုပြီးသောအခါ မိုးကောင်းကင်မှမီးလျှံကျ၍ ပူဇော်သကာ တို့ကိုကျွမ်းလောင်သွားစေ၏။ ထိုနောက်ဗိမာန် တော်သည်ထာဝရဘုရား၏တောက်ပသော ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။-
Cuando Salomón terminó de orar, bajó fuego del cielo y consumió el holocausto y los sacrificios, y la gloria de Yahvé llenó la casa.
2 ၂ သို့ဖြစ်၍ယဇ်ပုရောဟိတ်တို့သည်ထာဝရ ဘုရား၏ဗိမာန်တော်ထဲသို့မဝင်နိုင်ကြ။-
Los sacerdotes no podían entrar en la casa de Yahvé, porque la gloria de Yahvé llenaba la casa de Yahvé.
3 ၃ ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
Todos los hijos de Israel miraban, cuando el fuego descendía y la gloria de Yahvé estaba sobre la casa. Se inclinaron con el rostro hacia el suelo sobre el pavimento, adoraron y dieron gracias a Yahvé, diciendo “Porque él es bueno, porque su bondad es eterna”.
4 ၄ ထိုနောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည်ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
Entonces el rey y todo el pueblo ofrecieron sacrificios ante el Señor.
5 ၅ မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
El rey Salomón ofreció un sacrificio de veintidós mil cabezas de ganado y ciento veinte mil ovejas. Así el rey y todo el pueblo dedicaron la casa de Dios.
6 ၆ ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
Los sacerdotes estaban de pie, según sus cargos; los levitas también con instrumentos de música de Yahvé, que el rey David había hecho para dar gracias a Yahvé, cuando David alababa por su ministerio, diciendo: “Porque su bondad es eterna.” Los sacerdotes tocaron las trompetas delante de ellos, y todo Israel se puso en pie.
7 ၇ ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။
Además, Salomón santificó el centro del atrio que estaba delante de la casa de Yahvé, porque allí ofrecía los holocaustos y la grasa de los sacrificios de paz, porque el altar de bronce que Salomón había hecho no podía recibir el holocausto, el presente y la grasa.
8 ၈ ရှောလမုန်မင်းနှင့်မြောက်ဘက်ဟာမတ်တောင် ကြားမှတောင်ဘက်အီဂျစ်ပြည်နယ်စပ်တိုင် အောင် အရပ်ရပ်မှလာရောက်ကြသောဣသရေလ ပြည်သူအပေါင်းတို့သည် သစ်ခက်တဲနေပွဲ တော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပပြီးနောက်၊-
Salomón celebró entonces la fiesta durante siete días, y todo Israel con él, una asamblea muy grande, desde la entrada de Hamat hasta el arroyo de Egipto.
9 ၉ အဋ္ဌမနေ့၌ဋ္ဌမ္မအစည်းအဝေးကိုကျင်းပ ကြ၏။ ယဇ်ပလ္လင်ကိုအနုမောဒနာပြုသည် မှာခုနစ်ရက်၊ ပွဲတော်ကျင်းပသည်မှာလည်း ခုနစ်ရက်ဖြစ်၏။-
El octavo día celebraron una asamblea solemne, pues celebraron la dedicación del altar durante siete días, y la fiesta durante siete días.
10 ၁၀ သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
El día veintitrés del mes séptimo, despidió al pueblo para que se fuera a sus tiendas, alegres y contentos de corazón por la bondad que Yahvé había mostrado a David, a Salomón y a su pueblo Israel.
11 ၁၁ ရှောလမုန်သည်ဗိမာန်တော်နှင့် နန်းတော်တည် ဆောက်မှုကိုမိမိ၏စီမံချက်နှင့်အညီထ မြောက်၍အပြီးသတ်သောအခါ၊-
Así terminó Salomón la casa de Yahvé y la casa del rey, y completó con éxito todo lo que le vino al corazón de Salomón para hacer en la casa de Yahvé y en su propia casa.
12 ၁၂ ထာဝရဘုရားသည်ညဥ့်အခါရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင်၏ဆုတောင်းပတ္ထနာ ကိုငါကြားပြီ။ သို့ဖြစ်၍ဤဗိမာန်တော်ကို ငါ့အားယဇ်ပူဇော်ရာဌာနအဖြစ်ဖြင့်ငါ လက်ခံ၏။-
Entonces Yahvé se le apareció a Salomón de noche y le dijo: “He escuchado tu oración y he elegido este lugar para mí como casa de sacrificio.
13 ၁၃ ငါသည်မိုးကိုခေါင်စေသည့်အခါ၌ဖြစ်စေ၊ ကောက်ပဲသီးနှံများကိုကိုက်ဖျက်ရန်ကျိုင်း ကောင်များကိုစေလွှတ်သည့်အခါ၌ဖြစ်စေ၊ ငါပိုင်ဆိုင်သူများဟုခေါ်ဆိုသမုတ်အပ် သည့်ငါ၏လူမျိုးတော်အားကာလနာ သင့်စေသောအခါ၌ဖြစ်စေ၊-
“Si cierro el cielo para que no llueva, o si ordeno a la langosta que devore la tierra, o si envío la peste entre mi pueblo,
14 ၁၄ သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
si mi pueblo, llamado por mi nombre, se humilla, ora, busca mi rostro y se convierte de sus malos caminos, entonces yo escucharé desde el cielo, perdonaré su pecado y sanaré su tierra.
15 ၁၅ ငါသည်ဤဗိမာန်တော်ကိုကြည့်ရှုစောင့်ရှောက် မည်။ ဤဗိမာန်တော်တွင်ပြုသမျှသောဆု တောင်းပတ္ထနာများကိုနားညောင်းမည်။-
Ahora mis ojos estarán abiertos y mis oídos atentos a la oración que se haga en este lugar.
16 ၁၆ ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။-
Porque ahora he elegido y santificado esta casa, para que mi nombre esté allí para siempre; y mis ojos y mi corazón estarán allí perpetuamente.
17 ၁၇ သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ငါ ၏တရားတော်ကိုစောင့်ထိန်း၍ငါပညတ်သမျှ အတိုင်းပြုကျင့်ကာငါ့အားကိုးကွယ်လျှင်၊-
“En cuanto a ti, si andas delante de mí como anduvo David, tu padre, y haces todo lo que te he mandado, y guardas mis estatutos y mis ordenanzas,
18 ၁၈ သင်၏ခမည်းတော်ဒါဝိဒ်အား`ဣသရေလပြည် တွင်အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်ရလိမ့်မည်မဟုတ်' ဟု ငါပေးခဲ့သည့် ကတိကိုတည်စေမည်။-
entonces estableceré el trono de tu reino, según el pacto que hice con David, tu padre, diciendo: ‘No te faltará un hombre que sea gobernante en Israel’.
19 ၁၉ သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
Pero si se apartan y abandonan mis estatutos y mis mandamientos que he puesto delante de ustedes, y van a servir a otros dioses y los adoran,
20 ၂၀ ငါပေးသနားသည့်ပြည်မှသင်တို့ကိုဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့် ငါသီးသန့်ထားသည့်ဤဗိမာန်တော်ကို လည်းစွန့်ခွာမည်ဖြစ်၍ အရပ်တကာရှိလူ တို့တွင်အထင်အမြင်သေးခြင်းနှင့်ပြောင် လှောင်ခြင်းဖြစ်စေမည်။
entonces los arrancaré de raíz de mi tierra que les he dado; y esta casa, que he santificado para mi nombre, la echaré de mi vista, y la convertiré en proverbio y en palabra de guerra entre todos los pueblos.
21 ၂၁ ``ယခုအခါဗိမာန်တော်သည်များစွာဂုဏ် အသရေရှိသော်လည်း ထိုအခါ၌မူအနီး မှဖြတ်သန်းသွားလာသူအပေါင်းတို့သည် အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့်ဤဗိမာန်တော်ကို ဤသို့စီရင်တော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
Esta casa, que es tan alta, todo el que pase por ella se asombrará y dirá: “¿Por qué ha hecho esto Yahvé a esta tierra y a esta casa?”
22 ၂၂ လူတို့က`ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်ပစ်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများထံတွင်ကျေးဇူးသစ္စာ ခံလျက်ထိုဘုရားတို့ကိုကိုးကွယ်ကြလေ ပြီ။ ထိုကြောင့်ထာဝရဘုရားသည်သူတို့အား ဤဘေးဒဏ်ကိုသင့်စေတော်မူပြီ' ဟုဖြေ ဆိုကြလိမ့်မည်။''
Responderán: “Porque abandonaron a Yahvé, el Dios de sus padres, que los sacó de la tierra de Egipto, y tomaron otros dioses, los adoraron y los sirvieron. Por eso ha traído sobre ellos todo este mal’”.