< ၂ ရာဇဝင်ချုပ် 5 >

1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။
וַתִּשְׁלַם֙ כָּל־הַמְּלָאכָ֔ה אֲשֶׁר־עָשָׂ֥ה שְׁלֹמֹ֖ה לְבֵ֣ית יְהוָ֑ה ס וַיָּבֵ֨א שְׁלֹמֹ֜ה אֶת־קָדְשֵׁ֣י ׀ דָּוִ֣יד אָבִ֗יו וְאֶת־הַכֶּ֤סֶף וְאֶת־הַזָּהָב֙ וְאֶת־כָּל־הַכֵּלִ֔ים נָתַ֕ן בְּאֹצְר֖וֹת בֵּ֥ית הָאֱלֹהִֽים׃ פ
2 ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-
אָז֩ יַקְהֵ֨יל שְׁלֹמֹ֜ה אֶת־זִקְנֵ֣י יִשְׂרָאֵ֗ל וְאֶת־כָּל־רָאשֵׁ֨י הַמַּטּ֜וֹת נְשִׂיאֵ֧י הָאָב֛וֹת לִבְנֵ֥י יִשְׂרָאֵ֖ל אֶל־יְרוּשָׁלִָ֑ם לְֽהַעֲל֞וֹת אֶת־אֲר֧וֹן בְּרִית־יְהוָ֛ה מֵעִ֥יר דָּוִ֖יד הִ֥יא צִיּֽוֹן׃
3 သူ​တို့​အား​လုံး​သည်​သစ်​ခက်​တဲ​နေ​ပွဲ​တော် အ​ခါ​၌​လာ​ရောက်​စု​ရုံး​ကြ​လေ​သည်။-
וַיִּקָּהֲל֧וּ אֶל־הַמֶּ֛לֶךְ כָּל־אִ֥ישׁ יִשְׂרָאֵ֖ל בֶּחָ֑ג ה֖וּא הַחֹ֥דֶשׁ הַשְּׁבִעִֽי׃
4 ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍-
וַיָּבֹ֕אוּ כֹּ֖ל זִקְנֵ֣י יִשְׂרָאֵ֑ל וַיִּשְׂא֥וּ הַלְוִיִּ֖ם אֶת־הָאָרֽוֹן׃
5 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ကို​လည်း သက်​ဆိုင်​ရာ​ပစ္စည်း​တန်​ဆာ​ရှိ​သ​မျှ​တို့​နှင့် တ​ကွ​ဗိ​မာန်​တော်​သို့​ပြောင်း​ရွှေ့​ကြ​၏။-
וַיַּעֲל֤וּ אֶת־הָאָרוֹן֙ וְאֶת־אֹ֣הֶל מוֹעֵ֔ד וְאֶת־כָּל־כְּלֵ֥י הַקֹּ֖דֶשׁ אֲשֶׁ֣ר בָּאֹ֑הֶל הֶעֱל֣וּ אֹתָ֔ם הַכֹּהֲנִ֖ים הַלְוִיִּֽם׃
6 ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
וְהַמֶּ֣לֶךְ שְׁלֹמֹ֗ה וְכָל־עֲדַ֧ת יִשְׂרָאֵ֛ל הַנּוֹעָדִ֥ים עָלָ֖יו לִפְנֵ֣י הָאָר֑וֹן מְזַבְּחִים֙ צֹ֣אן וּבָקָ֔ר אֲשֶׁ֧ר לֹֽא־יִסָּפְר֛וּ וְלֹ֥א יִמָּנ֖וּ מֵרֹֽב׃
7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-
וַיָּבִ֣יאוּ הַ֠כֹּהֲנִים אֶת־אֲר֨וֹן בְּרִית־יְהוָ֧ה אֶל־מְקוֹמ֛וֹ אֶל־דְּבִ֥יר הַבַּ֖יִת אֶל־קֹ֣דֶשׁ הַקְּדָשִׁ֑ים אֶל־תַּ֖חַת כַּנְפֵ֥י הַכְּרוּבִֽים׃
8 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။-
וַיִּהְי֤וּ הַכְּרוּבִים֙ פֹּרְשִׂ֣ים כְּנָפַ֔יִם עַל־מְק֖וֹם הָאָר֑וֹן וַיְכַסּ֧וּ הַכְּרוּבִ֛ים עַל־הָאָר֥וֹן וְעַל־בַּדָּ֖יו מִלְמָֽעְלָה׃
9 ထမ်း​ပိုး​အ​ဖျား​များ​ကို​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​ဝင်​ဝ​တစ်​နေ​ရာ​မှ​တွေ့​မြင်​နိုင်​သော်​လည်း အ​ခြား​မည်​သည့်​နေ​ရာ​က​မျှ​မ​တွေ့​မ​မြင် နိုင်။ ထို​ထမ်း​ပိုး​များ​သည်​ယ​နေ့​တိုင်​အောင်​ထို နေ​ရာ​တွင်​ရှိ​ပေ​သေး​၏။-
וַֽיַּאֲרִיכוּ֮ הַבַּדִּים֒ וַיֵּרָאוּ֩ רָאשֵׁ֨י הַבַּדִּ֤ים מִן־הָאָרוֹן֙ עַל־פְּנֵ֣י הַדְּבִ֔יר וְלֹ֥א יֵרָא֖וּ הַח֑וּצָה וַֽיְהִי־שָׁ֔ם עַ֖ד הַיּ֥וֹם הַזֶּֽה׃
10 ၁၀ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။
אֵ֚ין בָּֽאָר֔וֹן רַ֚ק שְׁנֵ֣י הַלֻּח֔וֹת אֲשֶׁר־נָתַ֥ן מֹשֶׁ֖ה בְּחֹרֵ֑ב אֲשֶׁ֨ר כָּרַ֤ת יְהוָה֙ עִם־בְּנֵ֣י יִשְׂרָאֵ֔ל בְּצֵאתָ֖ם מִמִּצְרָֽיִם׃ פ
11 ၁၁ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။
וַיְהִ֕י בְּצֵ֥את הַכֹּהֲנִ֖ים מִן־הַקֹּ֑דֶשׁ כִּ֠י כָּל־הַכֹּהֲנִ֤ים הַֽנִּמְצְאִים֙ הִתְקַדָּ֔שׁוּ אֵ֖ין לִשְׁמ֥וֹר לְמַחְלְקֽוֹת׃
12 ၁၂
וְהַלְוִיִּ֣ם הַמְשֹׁרֲרִ֣ים לְכֻלָּ֡ם לְאָסָ֡ף לְהֵימָ֣ן לִֽ֠ידֻתוּן וְלִבְנֵיהֶ֨ם וְלַאֲחֵיהֶ֜ם מְלֻבָּשִׁ֣ים בּ֗וּץ בִּמְצִלְתַּ֙יִם֙ וּבִנְבָלִ֣ים וְכִנֹּר֔וֹת עֹמְדִ֖ים מִזְרָ֣ח לַמִּזְבֵּ֑חַ וְעִמָּהֶ֤ם כֹּֽהֲנִים֙ לְמֵאָ֣ה וְעֶשְׂרִ֔ים מחצררים בַּחֲצֹֽצְרֽוֹת׃
13 ၁၃
וַיְהִ֣י כְ֠אֶחָד למחצצרים וְלַמְשֹֽׁרֲרִ֜ים לְהַשְׁמִ֣יעַ קוֹל־אֶחָ֗ד לְהַלֵּ֣ל וּלְהֹדוֹת֮ לַיהוָה֒ וּכְהָרִ֣ים ק֠וֹל בַּחֲצֹצְר֨וֹת וּבִמְצִלְתַּ֜יִם וּבִכְלֵ֣י הַשִּׁ֗יר וּבְהַלֵּ֤ל לַיהוָה֙ כִּ֣י ט֔וֹב כִּ֥י לְעוֹלָ֖ם חַסְדּ֑וֹ וְהַבַּ֛יִת מָלֵ֥א עָנָ֖ן בֵּ֥ית יְהוָֽה׃
14 ၁၄
וְלֹא־יָֽכְל֧וּ הַכֹּהֲנִ֛ים לַעֲמ֥וֹד לְשָׁרֵ֖ת מִפְּנֵ֣י הֶעָנָ֑ן כִּֽי־מָלֵ֥א כְבוֹד־יְהוָ֖ה אֶת־בֵּ֥ית הָאֱלֹהִֽים׃ פ

< ၂ ရာဇဝင်ချုပ် 5 >