< ၂ ရာဇဝင်ချုပ် 4 >
1 ၁ ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။-
Moreover he made an altar of brass, twenty cubits the length thereof, and twenty cubits the breadth thereof, and ten cubits the height thereof.
2 ၂ အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
Also he made a molten sea of ten cubits from brim to brim, round in compass, and five cubits the height thereof; and a line of thirty cubits did compass it round about.
3 ၃ ရေကန်၏အပြင်အနားပတ်လည်ကိုနွားရုပ် များဖြင့်တန်ဆာဆင်ထား၏။ ထိုနွားရုပ်များ အထက်အောက်အတန်းနှစ်တန်းကိုရေကန်နှင့် တစ်စပ်တည်းသွန်းလုပ်ထားသတည်း။-
And under it was the similitude of oxen, which did compass it round about: ten in a cubit, compassing the sea round about. Two rows of oxen were cast, when it was cast.
4 ၄ ရေကန်သည်အရပ်တစ်မျက်နှာလျှင်သုံးကောင် ကျ၊ အရပ်လေးမျက်နှာမူနေသောကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းထက်တွင် တည်လျက်ရှိ၏။-
It stood on twelve oxen, three looking toward the north, and three looking toward the west, and three looking toward the south, and three looking toward the east: and the sea was set above on them, and all their hinder parts were inward.
5 ၅ ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍ ယင်း ၏အပေါ်အနားသည်ဖလားနှုတ်ခမ်းကဲ့သို့ ပန်းပွင့်ချပ်သဏ္ဌာန်အပြင်သို့ခုံးတက်နေလေ သည်။ ထိုရေကန်သည်ရေဂါလံတစ်သောင်း ငါးထောင်မျှဝင်သတည်း။-
And the thickness of it was an handbreadth, and the brim of it like the work of the brim of a cup, with flowers of lilies; and it received and held three thousand baths.
6 ၆ သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
He made also ten lavers, and put five on the right hand, and five on the left, to wash in them: such things as they offered for the burnt offering they washed in them; but the sea was for the priests to wash in.
7 ၇ သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
And he made ten candlesticks of gold according to their form, and set them in the temple, five on the right hand, and five on the left.
He made also ten tables, and placed them in the temple, five on the right side, and five on the left. And he made an hundred basins of gold.
9 ၉ သူတို့သည်ယဇ်ပုရောဟိတ်များအတွက် အတွင်းတံတိုင်းကိုဆောက်လုပ်ပြီးနောက် အပြင် တံတိုင်းကိုလည်းဆောက်လုပ်ကြ၏။ ဤတံတိုင်း နှစ်ခု၏စပ်ကြား၌ရှိသောတံခါးများကို ကြေးဝါဖြင့်ဖုံးအုပ်ကြ၏။-
Furthermore he made the court of the priests, and the great court, and doors for the court, and overlaid the doors of them with brass.
10 ၁၀ ရေကန်ကိုဗိမာန်တော်၏အရှေ့တောင်ဘက်တွင် ထားကြ၏။
And he set the sea on the right side of the east end, over against the south.
11 ၁၁ ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။
And Huram made the pots, and the shovels, and the basins. And Huram finished the work that he was to make for king Solomon for the house of God;
To wit, the two pillars, and the pommels, and the capitals which were on the top of the two pillars, and the two wreaths to cover the two pommels of the capitals which were on the top of the pillars;
And four hundred pomegranates on the two wreaths; two rows of pomegranates on each wreath, to cover the two pommels of the capitals which were on the pillars.
He made also bases, and lavers made he on the bases;
One sea, and twelve oxen under it.
The pots also, and the shovels, and the meat hooks, and all their instruments, did Huram his father make to king Solomon for the house of the LORD of bright brass.
17 ၁၇ ထိုအရာများကိုမင်းကြီးသည်ယော်ဒန်မြစ် ဝှမ်း၊ သုကုတ်မြို့နှင့်ဇာသန်မြို့များကြား၌ ရှိသောကြေးရည်ကြိုစက်တွင်သွန်းလုပ်စေ တော်မူသည်။-
In the plain of Jordan did the king cast them, in the clay ground between Succoth and Zeredathah.
18 ၁၈ ပြုလုပ်ရသောပစ္စည်းအရေအတွက်မှာများ ပြားလှသဖြင့် ကုန်ကျသည့်ကြေးဝါအလေး ချိန်ကိုအဘယ်သူမျှမသိချေ။
Thus Solomon made all these vessels in great abundance: for the weight of the brass could not be found out.
19 ၁၉ ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
And Solomon made all the vessels that were for the house of God, the golden altar also, and the tables where on the show bread was set;
20 ၂၀ စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
Moreover the candlesticks with their lamps, that they should burn after the manner before the oracle, of pure gold;
21 ၂၁ တန်ဆာဆင်ရန်ပန်းပွင့်များ၊ မီးခွက်များ နှင့်မီးကိုင်တန်ဆာများ၊-
And the flowers, and the lamps, and the tongs, made he of gold, and that perfect gold;
22 ၂၂ မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။
And the snuffers, and the basins, and the spoons, and the censers, of pure gold: and the entry of the house, the inner doors thereof for the most holy place, and the doors of the house of the temple, were of gold.