< ၂ ရာဇဝင်ချုပ် 36 >
1 ၁ ယုဒပြည်သူတို့သည်ယောရှိ၏သားတော် ယောခတ်ကိုရွေးချယ်၍ ယေရုရှလင်မြို့ တွင်မင်းအဖြစ်ဘိသိက်ပေးကြ၏။-
Hahoi, khocanaw ni Josiah capa Jehoahaz hah a ceikhai awh teh, Jerusalem vah a na pa yueng lah siangpahrang a tawk sak awh.
2 ၂ ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိ သောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့တွင်သုံးလမျှ နန်းစံရလေသည်။-
Jehoahaz teh siangpahrang a tawk nah kum 23 touh a pha teh, Jerusalem vah thapa yung thum touh a bawi.
3 ၃ အီဂျစ်ဘုရင်နေခေါသည်သူ့ကိုဖမ်းဆီးထား ပြီးနောက်ယုဒပြည်သူတို့ထံမှ လက်ဆောင် ပဏ္ဏာအဖြစ်ဖြင့်ငွေအလေးချိန်ပေါင်ခုနစ် ထောင့်ငါးရာနှင့်ရွှေပေါင်ချိန်ခုနစ်ဆယ့် ငါးပေါင်ကိုတောင်းခံတော်မူ၏။-
Izip siangpahrang ni Jerusalem siangpahrang lah onae a kâhat sak. A ram heh ngun tangka talen 100 touh hoi sui talen 4 touh a rawng sak.
4 ၄ နေခေါသည်ယောခတ်၏ညီဧလျာကိမ်ကို ယုဒပြည်ဘုရင်အဖြစ်နန်းတင်ပြီးလျှင် ယောယကိမ်ဟူသောနာမည်သစ်ကိုပေး လေသည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတော်မူ၏။
Izip siangpahrang ni a nawngha Eliakim teh Judah hoi Jerusalem siagpahrang lah a tawk sak. A min teh Jehoiakim telah a thung pouh teh, Neko ni a nawngha Jehoahaz teh Izip ram a ceikhai.
5 ၅ ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-
Jehoiakim teh siangpahrang a tawk nah, kum 25 touh a pha teh, Jerusalem vah kum 11 touh a bawi. BAWIPA Cathut e hmaitung hawihoehnae ouk a sak.
6 ၆ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
Babilon siangpahrang Nebukhadnezar ni ahni tuk hanelah a tho teh, Babilon lah ceikhai hanelah, sum bawtarui hoi a ka tek.
7 ၇ ဗိမာန်တော်ဘဏ္ဍာအချို့ကိုလည်းယူ၍ မိမိ၏ဗာဗုလုန်နန်းတော်တွင်ထားတော် မူ၏။-
Nebukhadnezar ni BAWIPA e im dawk e hnopainaw hah Babilon lah a ceikhai awh teh, Babilon e a Cathut e im dawk a ta.
8 ၈ ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
Jehoiakim kâroenae kaawm rae naw pueng hoi, panuetkatho e hno a sak e naw hoi, a khosaknae naw teh khenhaw! Isarel hoi Judah siangpahrangnaw e lairui cauk dawk thut lah ao. Hahoi a capa Jehoiakim ni a yueng lah let a bawi.
9 ၉ ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။-
Jehoiakim teh siangpahrang a tawk nah kum 18 touh a pha. Jerusalem vah thapa yung thum touh hoi hnin hra touh a bawi. BAWIPA e hmaitung hawihoehnae ouk a sak.
10 ၁၀ နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
Hote kum abaw toteh, siangpahrang Nebukhadnezar ni a tami a poun teh ahni teh, BAWIPA im dawk e hnopai kahawi poung e hoi Babilon lah a hrawi awh. A nawngha Zedekiah hah Judah ram hoi Jerusalem vah, siangpahrang a tawk sak awh.
11 ၁၁ ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-
Zedekiah teh siangpahrang a tawk nah, kum 21 touh a pha. Jerusalem vah kum 11 touh a uk.
12 ၁၂ သူသည်ထာဝရဘုရားကိုပြစ်မှား၍ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုသူ ပရော ဖက်ယေရမိ၏စကားကိုနှိမ့်ချသောစိတ် ဖြင့်နားမထောင်ဘဲနေ၏။
BAWIPA Cathut hmaitung kahawihoehe hno a sak teh, BAWIPA lawk ka dei e profet Jeremiah e hmalah kârahnoum ngai hoeh.
13 ၁၃ ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
Cathut min lahoi lawk ka kam kung siangpahrang Nebukhadnezar taranlahoi taran a thaw. A lung a pata sak teh, Isarel BAWIPA Cathut koe lah, kamlang hoeh nahanlah a lungtang sak.
14 ၁၄ ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။-
Vaihmanaw pueng hoi, tamimayanaw pueng nihai, Cathut ka panuek hoeh naw ni a sak awh e patet e panuetkatho poung e hno hah a sak awh. Jerusalem kathoung sak e BAWIPA im hai a khin sak awh.
15 ၁၅ သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။-
A na mintoenaw e BAWIPA Cathut ni kâhruetcuetnae poe hanelah amom a thaw teh, patounenaw hah ahnimouh koe a patoun. Bangkongtetpawiteh, tamimaya hoi a onae hmuen hai a pouk.
16 ၁၆ သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
Hateiteh, ahnimouh taranlahoi BAWIPA lungkhuek sak teh, a roum hoeh totouh Cathut e patounenaw hah a panuikhai awh teh, a lawk hah a dudam awh teh, a profet hah a dudam awh.
17 ၁၇ ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
Hatdawkvah, Khaldean siangpahrang hah ahnimouh koe a matheng sak teh, ahni ni thoundounnaw hah hmuen kathoung koe a thei. Thoundoun tangla hoi hnamthun e matawng totouh pahrennae tawn laipalah ahnimae kut dawk koung a poe.
18 ၁၈ ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
Cathut im dawk kaawm e hlaamnaw pueng kathoung kalen hoi BAWIPA im dawk ta e hnopai pueng, siangpahrang hno pâtung e hoi kahrawikungnaw e hno pâtung e totouh, Babilon vah a ceikhai.
19 ၁၉ သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
Cathut e im hai hmai a sawi awh teh, Jerusalem kalupnae hai koung a raphoe awh. Haw e im kalenpui hah hmai a sawi awh teh, haw e hlaam kahawihnawn kaawm e pueng hai, koung a raphoe awh.
20 ၂၀ အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
Persia uknaeram ni a uk hoehnahlan totouh, ama hoi a capa san lah a coung roinae hmuen koe, tahloi dawk hoi ka hlout e hah Babilon lah a ceikhai awh teh,
21 ၂၁ သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။
Isarel ram ni sabbath hnin a lunghawi hoehroukrak, Jeremiah pahni hno lahoi, BAWIPA e lawk akuep nahanelah doeh. Kum 70 kuepsaknae hnin dawkvah, tami kingdi lah onae tueng pueng dawk ram ni sabbath hah a ya han.
22 ၂၂ ပေရသိဘုရင်ကုရု နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။
Hat toteh, siangpahrang Sairus a bawi hoi Jeremiah e pahni hno lahoi BAWIPA lawk a kuep thai nahanelah, uknaeram pueng dawk pathang hane hoi thut hane hai BAWIPA ni Persia siangpahrang Sairus lungthin hah a tho sak.
23 ၂၃ ထိုအမိန့်တော်တွင်``ဤအမိန့်ကားပေရသိ ဧကရာဇ်ကုရု၏အမိန့်တော်ဖြစ်၏။ ကောင်း ကင်ဗိုလ်ခြေဘုရင်ဘုရားသခင်ထာဝရ ဘုရားသည်ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည်ယေရုရှလင် မြို့၌ကိုယ်တော်၏အတွက် ဗိမာန်တော်ကို တည်ဆောက်ရန်တာဝန်ကိုငါ့အားပေးအပ် တော်မူလေပြီ။ ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြကုန်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဖော်ပြပါရှိလေသည်။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။
Persia siangpahrang Sairus ni hettelah a dei. Talai siangpahrang uknaeramnaw pueng teh, kalvan e BAWIPA Cathut ni na poe toe. Hahoi Judah ram dawk kaawm e Jerusalem vah im sak pouh hanelah kâ na poe. Amae taminaw pueng koe apimaw kaawm. BAWIPA Cathut hah ahni koe awm naseh, luen sak awh.