< ၂ ရာဇဝင်ချုပ် 35 >

1 ယော​ရှိ​မင်း​သည်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့်​ယေ​ရု​ရှ​လင်​မြို့ တွင် ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​၍​ပ​ထ​မ​လ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ထို​ပွဲ​တော်​အ​တွက် သိုး​နွား​များ​ကို​သတ်​စေ​၏။-
Josias célébra à Jérusalem la Pâque en l’honneur de Yahweh, et on immola la Pâque le quatorzième jour du premier mois.
2 မင်း​ကြီး​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဗိ​မာန် တော်​တွင်​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​သတ်​မှတ်​ပေး​ပြီး​လျှင် ယင်း​တို့​ကို ကျေ​ပွန်​စွာ​ထမ်း​ဆောင်​ကြ​ရန်​အား​ပေး တိုက်​တွန်း​တော်​မူ​၏။-
Il établit les prêtres dans leurs fonctions, et il les encouragea à faire le service dans la maison de Yahweh.
3 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-
Il dit aux lévites qui enseignaient tout Israël et qui étaient consacrés à Yahweh: « Placez l’arche sainte dans la maison qu’a bâtie Salomon, fils de David, roi d’Israël; vous n’avez plus à la porter sur l’épaule. Servez maintenant Yahweh, votre Dieu, et son peuple d’Israël.
4 ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​မင်း​ပေး အပ်​တော်​မူ​ခဲ့​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​အ​ရ သား​ချင်း​စု​အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ​ရာ ယူ​ရ​ကြ​မည်။-
Tenez-vous prêts, selon vos familles, dans vos classes, selon le règlement de David, roi d’Israël, et selon le dispositif de Salomon, son fils.
5 ယင်း​သို့​ပြု​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အိမ်​ထောင်​စု​တိုင်း​ကို သင်​တို့​အ​နက်​အ​ချို့​တို့ သည်​ကူ​ညီ​မ​စ​နိုင်​စေ​ရန်​စီ​စဉ်​ဆောင်​ရွက် ကြ​လော့။-
Tenez-vous dans le sanctuaire, selon les divisions des familles de vos frères, les fils du peuple, — pour chaque division une classe de la famille des lévites.
6 သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
Immolez la Pâque, sanctifiez-vous et préparez-la pour vos frères, pour qu’on se conforme à la parole de Yahweh, qu’il a dite par l’organe de Moïse. »
7 ယော​ရှိ​မင်း​သည်​ပ​သ​ခါ​ပွဲ​တော်​တွင်​ပြည် သူ​တို့​အ​သုံး​ပြု​ရန်​အ​တွက် မိ​မိ​ပိုင်​သိုး ကြီး​သိုး​ငယ်​နှင့် ဆိတ်​ငယ်​ကောင်​ရေ​သုံး သောင်း၊ နွား​ကောင်​ရေ​သုံး​ထောင်​ပေး​လှူ တော်​မူ​၏။-
Josias donna aux gens du peuple du petit bétail, agneaux et chevreaux, au nombre de trente mille, le tout en vue de la Pâque, pour tous ceux qui se trouvaient là, et trois mille bœufs, le tout pris sur les biens du roi.
8 သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။-
Ses chefs firent spontanément un présent au peuple, aux prêtres et aux lévites: Helcias, Zacharias et Jahiel, princes de la maison de Dieu, donnèrent aux prêtres pour la Pâque deux mille six cents agneaux et trois cents bœufs;
9 လေ​ဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​များ​ဖြစ်​ကြ သော​ကော​န​နိ၊ ရှေ​မာ​ယ၊ ရှေ​မာ​ယ​၏​ညီ နာ​သ​နေ​လ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ​နှင့်​ယော ဇ​ဗဒ်​တို့​က​လည်း​လေ​ဝိ​အ​နွယ်​ဝင်​တို့​ယဇ် ပူ​ဇော်​ရန်​အ​တွက် သိုး​ငယ်​ဆိတ်​ငယ်​ကောင် ရေ​ငါး​ရာ​ကို​ပေး​လှူ​ကြ​၏။
Chonénias, Séméïas et Nathanaël, ses frères, Hasabias, Jéhiel et Jozabad, princes des lévites, donnèrent aux lévites pour la Pâque cinq mille agneaux et cinq cents bœufs.
10 ၁၀ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ရန်​လို​အပ်​သည့်​ပြင် ဆင်​မှု​များ​ပြု​လုပ်​ပြီး​သော​အ​ခါ​ယဇ်​ပု​ရော ဟိတ်​များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မင်း​ကြီး ၏​အ​မိန့်​တော်​အ​တိုင်း​မိ​မိ​တို့​၏​နေ​ရာ​များ ကို​ယူ​ကြ​၏။-
Ainsi le service fut organisé: les prêtres se tinrent à leurs postes, ainsi que les lévites, selon leurs divisions, conformément à l’ordre du roi.
11 ၁၁ လေဝိ​အနွယ်​ဝင်​တို့​သည်​သိုး​များ​ဆိတ်​များ​ကို သတ်​ပြီး​နောက်​အ​ရေ​ကို​ခွာ​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင်​သွေး​ကို​ပက်​ဖြန်း ကြ​၏။-
Les lévites immolèrent la Pâque, et les prêtres répandaient le sang qu’ils recevaient de leur main, tandis que les lévites dépouillaient les victimes.
12 ၁၂ ထို​နောက်​သူ​တို့​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ညွှန်​ကြား​ထား​သည့်​အ​တိုင်း မီး​ရှို့​ရန် ယဇ်​ကောင်​များ​ကို​ပြည်​သူ​တို့​အား​အိမ် ထောင်​စု​အ​လိုက်​ခွဲ​ဝေ​ပေး​ကြ​၏။-
Ils mirent à part les morceaux destinés à l’holocauste, pour les donner aux divisions des familles des gens du peuple, afin qu’ils les offrissent à Yahweh, comme il est écrit dans le livre de Moïse; et de même pour les bœufs.
13 ၁၃ လေဝိ​အ​နွယ်​ဝင်​တို့​သည်​သတ်​မှတ်​ထား​သည့်​စည်း မျဉ်း​များ​အ​ရ​ပ​သ​ခါ​ယဇ်​ကို​မီး​တင်​၍​မြေ အိုး၊ သံ​က​ရား၊ သံ​ဒယ်​များ​နှင့်​ပြုတ်​ကြ​ပြီး လျှင်​ပြည်​သူ​တို့​အား​အ​လျင်​အ​မြန်​ဝေ​ပေး ကြ​၏။-
Ils firent rôtir au feu la Pâque, selon le règlement, et ils firent cuire les saintes offrandes dans des pots, des chaudrons et des poêles, et ils s’empressèrent de les distribuer à tous les gens du peuple.
14 ၁၄ ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။-
Ensuite ils préparèrent la Pâque pour eux et pour les prêtres; car les prêtres, fils d’Aaron, furent occupés, jusqu’à la nuit, à offrir l’holocauste et les graisses: c’est pourquoi les lévites la préparèrent pour eux et pour les prêtres, fils d’Aaron.
15 ၁၅ အာ​သပ်​သား​ချင်း​စု​မှ​ဂီ​တ​ပ​ညာ​သည် များ​ဖြစ်​ကြ​သည့်​အာ​သပ်၊ ဟေ​မန်​နှင့်​ဘု​ရင် ပ​ရော​ဖက်​ယေ​ဒု​သုန်​တို့​သည်​ဒါ​ဝိဒ်​မင်း ညွှန်​ကြား​ချက်​အ​ရ မိ​မိ​တို့​နှင့်​ဆိုင်​ရာ​နေ​ရာ များ​တွင်​ရှိ​နေ​ကြ​၏။ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​သည်​မိ​မိ​တို့​အား​သတ်​မှတ် ချ​ထား​သည့်​နေ​ရာ​များ​မှ​ထွက်​ခွာ​ကြ​ရန် မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​အ​တွက် အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​က ပ​သ​ခါ ည​စာ​ကို​ပြင်​ဆင်​ပေး​ကြ​သော​ကြောင့် ဖြစ်​၏။-
Les chantres, fils d’Asaph, étaient à leur place, selon l’ordre de David, d’Asaph, d’Héman et d’Idithun, le voyant du roi, et les portiers étaient à chaque porte; ils n’avaient pas à se détourner de leur office, car leurs frères, les lévites, préparaient pour eux la Pâque.
16 ၁၆ ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​မှု၊ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​မှု​နှင့်​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ကို​ဆက်​ကပ်​မှု​တို့​အ​တွက် ယော​ရှိ​မင်း​၏ အ​မိန့်​တော်​အ​တိုင်း​နေ့​ချင်း​ပြင်​ဆင်​ကြ​၏။-
Ainsi fut organisé tout le service de Yahweh, en ce jour-là, pour célébrer la Pâque et offrir des holocaustes sur l’autel de Yahweh, conformément à l’ordre du roi Josias.
17 ၁၇ ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-
Les enfants d’Israël qui se trouvaient là célébrèrent la Pâque en ce temps, et la fête des Azymes pendant sept jours.
18 ၁၈ ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​ပ​သ​ခါ​ပွဲ​တော်​ကို ဤ​ကဲ့ သို့​ကျင်း​ပ​ခဲ့​ဘူး​သည်​မ​ရှိ။ ယော​ရှိ​မင်း​နန်း​စံ တစ်​ဆယ့်​ရှစ်​နှစ်​မြောက်​၌​ယော​ရှိ​မင်း​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ ကျင်း​ပ ကြ​သည့်​ပ​သ​ခါ​ပွဲ​တော်​မျိုး​ကို​အ​ခြား အ​ဘယ်​ဘု​ရင်​မျှ​မ​ကျင်း​ပ​ခဲ့​ဘူး​ချေ။
Aucune Pâque pareille à celle-ci n’avait été célébrée en Israël depuis les jours de Samuel le prophète, et aucun des rois d’Israël n’avait fait une Pâque pareille à celle que célébrèrent Josias, les prêtres et les lévites, tout Juda et tout Israël qui se trouvaient là, et les habitants de Jérusalem.
19 ၁၉
Ce fut la dix-huitième année du règne de Josias que cette Pâque fut célébrée.
20 ၂၀ ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊-
Après tout cela, lorsque Josias eut réparé la maison de Yahweh, Néchao, roi d’Égypte, monta pour combattre à Charcamis, sur l’Euphrate; et Josias sortit à sa rencontre.
21 ၂၁ နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။-
Et Néchao lui envoya des messagers pour dire: « Que me veux-tu, roi de Juda? Ce n’est pas contre toi que je viens aujourd’hui; mais c’est contre une maison avec laquelle je suis en guerre, et Dieu m’a dit de me hâter. Cesse de t’opposer à Dieu, qui est avec moi, et qu’il ne te fasse pas mourir! »
22 ၂၂ သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။
Mais Josias ne se détourna pas de lui et se déguisa pour l’attaquer; il n’écouta pas les paroles de Néchao, qui venaient de la bouche de Dieu; il s’avança pour combattre dans la plaine de Mageddo.
23 ၂၃ တိုက်​ပွဲဝင်​နေ​စဉ်​ယော​ရှိ​သည်​အီ​ဂျစ်​လေး​သည် တော်​တို့​၏​မြား​ချက်​ထိ​မှန်​သ​ဖြင့်``ငါ​သည် ပြင်း​စွာ​ဒဏ်​ရာ​ရ​ပြီ။ ငါ့​အား​ထုတ်​ဆောင် သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
Les archers tirèrent sur le roi Josias, et le roi dit à ses serviteurs: « Transportez-moi, car je suis gravement blessé. »
24 ၂၄ သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။
Ses serviteurs le transportèrent du char, et le placèrent dans l’autre char qui était à lui, et l’emmenèrent à Jérusalem. Il mourut, et fut enterré dans les sépulcres de ses pères. Tout Juda et Jérusalem pleurèrent Josias.
25 ၂၅ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။
Jérémie composa une lamentation sur Josias; tous les chanteurs et toutes les chanteuses ont parlé de Josias dans leurs lamentations, jusqu’à ce jour; on en a fait une coutume en Israël. Et voici que ces chants sont écrits dans les Lamentations.
26 ၂၆ ထာ​ဝရ​ဘု​ရား​အား​ယော​ရှိ​ဆည်း​ကပ်​ပုံ​နှင့် ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ပုံ​တို့​ကို လည်း​ကောင်း၊-
Le reste des actes de Josias, et ses œuvres pieuses conformes à ce qui est écrit dans la loi de Yahweh,
27 ၂၇ သူ​၏​အတ္ထု​ပ္ပတ္တိ​အ​စ​အ​ဆုံး​နှင့်​သူ​ဆောင် ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လည်း​ကောင်း​ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
ses actes, les premiers et les derniers, voici que cela est écrit dans le livre des rois d’Israël et de Juda.

< ၂ ရာဇဝင်ချုပ် 35 >