< ၂ ရာဇဝင်ချုပ် 34 >
1 ၁ ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရ လေသည်။-
De oito anos era Josias quando começou a reinar, e trinta e um anos reinou em Jerusalém.
2 ၂ သူသည်ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။ မိမိ၏ဘေးတော်ဒါဝိဒ် မင်း၏စံနမူနာကိုယူ၍ဘုရားသခင်၏ တရားတော်ရှိသမျှကိုတိကျစွာလိုက် နာကျင့်သုံး၏။
Este fez o que era correto aos olhos do SENHOR, e andou nos caminhos de Davi seu pai, sem desviar-se à direita nem à esquerda.
3 ၃ ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
A os oito anos de seu reinado, sendo ainda jovem, começou a buscar ao Deus de Davi seu pai; e aos doze anos começou a limpar a Judá e a Jerusalém dos altos, bosques, esculturas, e imagens de fundição.
4 ၄ သူ၏ညွှန်ကြားချက်အရမင်းချင်းတို့သည် ဗာလဘုရားအားဝတ်ပြုကိုးကွယ်ရာယဇ် ပလ္လင်များကိုချိုးဖဲ့ချေမှုန်းပြီးလျှင် ထို ယဇ်ပလ္လင်များတွင်ယဇ်ပူဇော်ခဲ့ကြသူ တို့၏သင်္ချိုင်းများအပေါ်တွင်ကြဲဖြန့် ကြ၏။-
E derrubaram diante dele os altares dos baalins, e fez pedaços as imagens do sol, que estavam postas encima; despedaçou também os bosques, e as esculturas e estátuas de fundição, e esmigalhou-as, e dispersou o pó sobre os sepulcros dos que a elas haviam sacrificado.
5 ၅ မင်းကြီးသည်ရုပ်တုကိုးကွယ်သူယဇ် ပုရောဟိတ်တို့၏အရိုးများကိုသူတို့၏ ယဇ်ပလ္လင်များပေါ်တင်၍မီးရှို့စေ၏။ ဤ သို့ပြုခြင်းအားဖြင့်ယုဒပြည်နှင့်ယေရု ရှလင်မြို့တို့ကိုဘာသာရေးထုံးနည်း အရသန့်စင်မှုကိုပြန်လည်ရရှိစေ တော်မူ၏။-
Queimou ademais os ossos dos sacerdotes sobre seus altares, e limpou a Judá e a Jerusalém.
6 ၆ သူသည်မနာရှေနယ်မြေ၊ ဧဖရိမ်နယ်မြေ၊ ရှိမောင်နယ်မြေနှင့်မြောက်ဘက်ရှိနဿလိ နယ်မြေတိုင်အောင်အရပ်ရပ်ရှိမြို့များနှင့် ပျက်စီးသောအရပ်များ၌လည်းဤနည်း အတိုင်းပြုတော်မူ၏။-
O mesmo fez nas cidades de Manassés, Efraim, e Simeão, até em Naftali, com seus lugares assolados ao redor.
7 ၇ မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
E quando havia derrubado os altares e os bosques, e quebrado e esmigalhado as esculturas, e destruído todos os ídolos por toda a terra de Israel, voltou-se a Jerusalém.
8 ၈ ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-
Aos dezoito anos de seu reinado, depois de haver limpado a terra, e a casa, enviou a Safã filho de Azalias, e a Maaseias governador da cidade, e a Joá filho de Jeoacaz, chanceler, para que reparassem a casa do SENHOR seu Deus.
9 ၉ (ဧဖရိမ်၊ မနာရှေနှင့်အခြားမြောက်ဘက် နိုင်ငံသားများထံမှလည်းကောင်း၊ ယုဒ နိုင်ငံသားများ၊ ဗင်္ယာမိန်အနွယ်ဝင်များ နှင့်ယေရုရှလင်မြို့သူမြို့သားများထံမှ လည်းကောင်း) ဗိမာန်တော်တွင်လေဝိအနွယ် ဝင်တံခါးစောင့်များကောက်ခံရရှိသော ငွေကိုယဇ်ပုရောဟိတ်မင်းဟိလခိအား ပေးအပ်ကြ၏။-
Os quais vieram a Hilquias, grande sacerdote, e deram o dinheiro que havia sido posto na casa do SENHOR, que os levitas que guardavam a porta haviam recolhido da mão de Manassés e de Efraim e de todas as restantes de Israel, e de todo Judá e Benjamim, havendo depois voltado a Jerusalém.
10 ၁၀ ထိုနောက်ထိုငွေကိုဗိမာန်တော်မွမ်းမံပြင် ဆင်မှုကြီးကြပ်သူသုံးဦးတို့လက်သို့ ပေးအပ်ကြ၏။-
E entregaram-no em mão dos que faziam a obra, que eram capatazes na casa do SENHOR; os quais o davam aos que faziam a obra e trabalhavam na casa do SENHOR, para reparar e restaurar o templo.
11 ၁၁ သူတို့သည်ထိုငွေဖြင့်လက်သမားနှင့် ဗိသုကာတို့လက်သို့ပေးအပ်ရာသူတို့ ကတစ်ဖန်ယုဒဘုရင်များလျစ်လူရှု သဖြင့် ယိုယွင်းပျက်စီးလျက်နေသော အဆောက်အအုံများကိုပြင်ဆင်ရန် ကျောက်များနှင့်သစ်သားများဝယ်ယူ ကြလေသည်။-
Davam também aos oficiais e pedreiros para que comprassem pedra lavrada, e madeira para as juntas, e para cobertura das casas, as quais haviam destruído os reis de Judá.
12 ၁၂ ဤအလုပ်ကိုလုပ်ဆောင်သူတို့သည်လုံးဝ စိတ်ချယုံကြည်ရသူများဖြစ်၏။ ထိုသူတို့ အားလေဝိအနွယ်ဝင်မေရာရိသားချင်းစု မှယာဟပ်နှင့်သြဗဒိ၊ လေဝိအနွယ်ဝင် ကောဟပ်သားချင်းစုမှဇာခရိနှင့်မေရှုလံ တို့ကြီးကြပ်အုပ်ချုပ်ရကြ၏။ (လေဝိ အနွယ်ဝင်အပေါင်းတို့သည်ဂီတပညာ တွင်ကျွမ်းကျင်သူများဖြစ်သတည်း။-)
E estes homens procediam com fidelidade na obra: e eram seus governadores Jaate e Obadias, levitas dos filhos de Merari; e Zacarias e Mesulão dos filhos de Coate, para que ativassem a obra; e dos levitas, todos os entendidos em instrumentos musicais.
13 ၁၃ လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။
Também supervisionavam sobre os operários, e eram capatazes dos que se ocupavam em qualquer classe de obra; e dos levitas havia escribas, governadores, e porteiros.
14 ၁၄ ပစ္စည်းသိုလှောင်ခန်းမှငွေကိုထုတ်ယူနေစဉ် ဟိလခိသည်မောရှေအား ဘုရားသခင်ပေး အပ်တော်မူခဲ့သည့်ပညတ်တရားတည်းဟူ သော ထာဝရဘုရား၏ပညတ်ကျမ်းကို တွေ့ရှိရ၏။-
E ao tirar o dinheiro que havia sido posto na casa do SENHOR, Hilquias o sacerdote achou o livro da lei do SENHOR dada por meio de Moisés.
15 ၁၅ သို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။-
E dando conta Hilquias, disse a Safã escriba: Eu ei achado o livro da lei na casa do SENHOR. E deu Hilquias o livro a Safã.
16 ၁၆ ရှာဖန်သည်လည်းမင်းကြီးထံသို့ယူသွား ကာ``အကျွန်ုပ်တို့သည်အရှင်စေခိုင်းသမျှ သောအမှုတို့ကိုဆောင်ရွက်ပြီးပါပြီ။-
E Safã o levou ao rei, e contou-lhe o negócio, dizendo: Teus servos cumpriram tudo o que lhes foi encarregado.
17 ၁၇ ဗိမာန်တော်တွင်ထားရှိသည့်ငွေကိုလည်းယူ၍ အလုပ်သမားများနှင့်သူတို့အားကြီးကြပ် အုပ်ချုပ်သူတို့၏လက်သို့ ပေးအပ်လိုက်ပါ ပြီ'' ဟုအစီရင်ခံပြီးနောက်၊-
Reuniram o dinheiro que se achou na casa do SENHOR, e o entregaram em mão dos comissionados, e em mão dos que fazem a obra.
18 ၁၈ ``ဤကျမ်းကိုအကျွှန်ုပ်အားပရောဟိတ်မင်း ဟိလခိကပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်ကျမ်းကိုကျယ်စွာဖတ်ပြလေ၏။
A mais disto, declarou Safã escriba ao rei, dizendo: O sacerdote Hilquias me deu um livro. E leu Safã nele diante do rei.
19 ၁၉ ယင်းသို့ဖတ်ပြသည်ကိုမင်းကြီးကြားသော အခါ မိမိ၏အဝတ်များကိုဆုတ်လေသည်။-
E logo que o rei ouviu as palavras da lei, rasgou suas vestes;
20 ၂၀ သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-
E mandou a Hilquias e a Aicã filho de Safã, e a Abdom filho de Mica, e a Safã escriba, e a Asaías servo do rei, dizendo:
21 ၂၁ ``သင်တို့သည်ထာဝရဘုရားထံတော်သို့သွား ၍ဤကျမ်းတွင်ပါရှိသည့်သွန်သင်ချက် အကြောင်းကို ငါ့အတွက်နှင့်ယုဒပြည်နှင့် ဣသရေလပြည်တွင်ကျန်ရှိနေသေးသော သူတို့အတွက်မေးမြန်းကြလော့။ ငါတို့ ၏ဘိုးဘေးများသည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ခဲ့ကြ။ ကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များ ကိုမလိုက်နာခဲ့ကြသဖြင့် ထာဝရဘုရားသည်ငါတို့အားအမျက်ထွက် တော်မူပြီ'' ဟုမိန့်တော်မူ၏။
Andai, e consultai ao SENHOR de mim, e dos restantes de Israel e de Judá, acerca das palavras do livro que se achou; porque grande é o furor do SENHOR que há caído sobre nós, porquanto nossos pais não guardaram a palavra do SENHOR, para fazer conforme tudo o que está escrito neste livro.
22 ၂၂ မင်းကြီး၏အမိန့်အရဟိလခိနှင့်အချို့ သောသူတို့သည် ယေရုရှလင်မြို့သစ်ပိုင်းတွင် နေထိုင်သူ၊ ဟုလဒအမည်ရှိအမျိုးသမီး ပရောဖက်ထံသို့သွား၍စုံစမ်းမေးမြန်း ကြ၏။ (ထိုအမျိုးသမီး၏ခင်ပွန်း၊ ဟရဟတ် ၏မြေး၊ တိကဝ၏သား၊ ရှလ္လုံသည်ဗိမာန် တော်ဆိုင်ရာဝတ်လုံများကိုထိန်းသိမ်းရ သူဖြစ်သတည်း။) သူတို့သည်ထိုအမျိုး သမီးအားဖြစ်ပျက်သည့်အမှုအရာများ ကိုပြောပြကြ၏။-
Então Hilquias e os do rei foram a Hulda profetisa, mulher de Salum, filho de Tocate, filho de Harás, guarda das vestimentas, a qual morava em Jerusalém na segunda parte [da cidade] e disseram-lhe as palavras ditas.
23 ၂၃ ထိုအခါအမျိုးသမီးသည်သူတို့အားမင်း ကြီးထံသို့၊-
E ela respondeu: o SENHOR o Deus de Israel disse assim: Dizei ao homem que vos enviou a mim, que assim disse o SENHOR:
24 ၂၄ ထာဝရဘုရားထံမှဗျာဒိတ်တော်ကိုပြန် ကြားစေ၏။ ဗျာဒိတ်တော်မှာ``မင်းကြီးအား ဖတ်ပြသည့်ကျမ်းတွင်ရေးသားပါရှိသည့် ကျိန်စာများအတိုင်း ယေရုရှလင်မြို့နှင့် တကွမြို့သူမြို့သားအပေါင်းကိုငါ သုတ်သင်ဖျက်ဆီးတော်မူမည်။-
Eis que eu trago mal sobre este lugar, e sobre os moradores dele, e todas as maldições que estão escritas no livro que leram diante do rei de Judá:
25 ၂၅ သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
Por quanto me deixaram, e sacrificaram a deuses alheios, provocando-me à ira em todas as obras de suas mãos; portanto meu furor destilará sobre este lugar, e não se apagará.
26 ၂၆ မင်းကြီးအားဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက `သင်သည် ပညတ်ကျမ်းတွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
Mas ao rei de Judá, que vos enviou a consultar ao SENHOR, assim lhe direis: o SENHOR o Deus de Israel disse assim: Porquanto ouviste as palavras do livro,
27 ၂၇ ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
E teu coração se enterneceu, e te humilhaste diante de Deus ao ouvir suas palavras sobre este lugar, e sobre seus moradores, e te humilhaste diante de mim, e rasgaste tuas vestes, e choraste em minha presença, eu também te ei ouvido, diz o SENHOR.
28 ၂၈ ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
Eis que eu te recolherei com teus pais, e serás recolhido em teus sepulcros em paz, e teus olhos não verão todo o mal que eu trago sobre este lugar, e sobre os moradores dele. E eles referiram ao rei a resposta.
29 ၂၉ ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
Então o rei enviou e juntou todos os anciãos de Judá e de Jerusalém.
30 ၃၀ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ မှစ၍ဆင်းရဲသူချမ်းသာသူအပါအဝင် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့် အတူဗိမာန်တော်သို့ကြွတော်မူ၏။ မင်းကြီး သည်ထိုသူအပေါင်းတို့အားဗိမာန်တော်ထဲ ၌တွေ့ရှိရသောပဋိညာဉ်ကျမ်းစောင်ကို အစအဆုံးဖတ်ပြတော်မူ၏။-
E subiu o rei à casa do SENHOR, e com ele todos os homens de Judá, e os moradores de Jerusalém, e os sacerdotes, e os levitas, e todo o povo desde o maior até o menor; e leu a ouvidos deles todas as palavras do livro do pacto que havia sido achado na casa do SENHOR.
31 ၃၁ သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
E estando o rei em pé em seu lugar, fez aliança diante do SENHOR de caminhar após o SENHOR, e de guardar seus mandamentos, seus testemunhos, e seus estatutos, de todo seu coração e de toda sua alma, praticando as palavras do pacto que estavam escritas naquele livro.
32 ၃၂ မင်းကြီးသည်ဗင်္ယာမိန်အနွယ်ဝင်များနှင့် ယေရုရှလင်မြို့တွင်ရှိသမျှသောသူတို့ အားလည်း ပဋိညာဉ်တော်ကိုစောင့်ထိန်းရန် ကတိပြုစေတော်မူ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သူမြို့သားတို့သည်ဘိုးဘေး များ၏ဘုရားသခင်နှင့်မိမိတို့ပြုသည့် ပဋိညာဉ်တော်ပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးကြလေသည်။-
E fez que se obrigassem a ele todos os que estavam em Jerusalém e em Benjamim: e os moradores de Jerusalém fizeram conforme ao pacto de Deus, do Deus de seus pais.
33 ၃၃ ယောရှိမင်းသည်ဣသရေလအမျိုးသား တို့ပိုင်သည့်နယ်မြေမှစက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်ရုပ်တုရှိသမျှကိုဖျက်ဆီး၍ မိမိအသက်ရှင်သမျှကာလပတ်လုံး ပြည်သူတို့အားဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်စေ တော်မူ၏။
E tirou Josias todas as abominações de todas as terras dos filhos de Israel, e fez a todos os que se acharam em Israel servirem ao SENHOR seu Deus. Não se desviaram de seguir o SENHOR o Deus de seus pais, todo o tempo que ele viveu.