< ၂ ရာဇဝင်ချုပ် 33 >

1 မ​နာ​ရှေ​သည်​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက် ချိန်​၌​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ ရ​လေ​သည်။-
မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
2 မ​နာ​ရှေ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ချီ​တက် စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော​လူ မျိုး​တို့​၏​အ​ကျင့်​ဋ္ဌ​လေ့​များ​ကို​ယူ​၍​ကိုယ် တော်​အား​ပြစ်​မှား​၏။-
ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
3 မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။-
ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
4 ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-
ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
5 ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
6 မိ​မိ​၏​သား​တော်​များ​ကို​ဟိန္နုံ​ချိုင့်​တွင်​မီး​ဖြင့် ပူ​ဇော်​၏။ မင်း​ကြီး​သည်​နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​ကျင့်​သုံး​၍​ဗေ​ဒင်​ဆရာ​နှင့်​နတ် ဝင်​သည့်​သူ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​များ​ကို​တောင်း ယူ​တတ်​လေ​သည်။ သူ​သည်​ထာ​ဝရ​ဘုရား​အား လွန်​စွာ​ပြစ်​မှား​၍​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​၏။-
မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
7 သူ​သည်​ရုပ်​တု​တစ်​ခု​ကို​ဗိ​မာန်​တော်​တွင်​ထား ၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက်​၍​ထာ​ဝရ​ဘုရား က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော​လ​မုန်​အား``ဣ​သ ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နယ်​မြေ ရှိ​သ​မျှ​အ​နက် ငါ​ရွေး​ချယ်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​ရှိ​ဤ​ဗိ​မာန်​တော်​၌ ငါ့​ကို အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​မည်။-
ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။
8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-
ငါမှာထား သမျှ အတိုင်း ၊ မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9 မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။
မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ၊ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် ၊ သာ၍ဆိုး သောအမှုကိုပြု စေ၏။
10 ၁၀ ထာ​ဝရ​ဘု​ရား​သည်​မ​နာ​ရှေ​နှင့်​ပြည်​သူ​တို့ အား သ​တိ​ပေး​တော်​မူ​သော်​လည်း​သူ​တို့ သည်​နား​မ​ထောင်​ကြ။-
၁၀ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
11 ၁၁ သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
၁၁အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
12 ၁၂ မင်း​ကြီး​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​သော​အ​ခါ မာန်​မာ​န​ကျိုး​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ပြီး​လျှင်​ကူ​မ တော်​မူ​ရန်​အ​သ​နား​ခံ​တော်​မူ​၏။-
၁၂ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
13 ၁၃ ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။
၁၃ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။
14 ၁၄ ထို​နောက်​မ​နာ​ရှေ​သည်​ဒါ​ဝိဒ်​မြို့​တော်​အ​ရှေ့ ဘက်​ဂိ​ဟုန်​စမ်း​ချောင်း​အ​နီး​ချိုင့်​ဝှမ်း​တစ်​နေ ရာ​မှ မြောက်​ဘက်​ငါး​တံ​ခါး​နှင့်​သြ​ဖေ​လ​ဟု ခေါ်​တွင်​သည့်​အ​ရပ်​တိုင်​အောင်​အ​ပြင်​မြို့​ရိုး ကို​မြှင့်​တင်​လိုက်​လေ​သည်။ မင်း​ကြီး​သည်​ယု​ဒ ပြည်​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​ရှိ​သ​မျှ​တွင် လည်း​တပ်​မှူး​တစ်​ယောက်​ကို​တပ်​စု​တစ်​စု​နှင့် တ​ကွ​ခန့်​ထား​တော်​မူ​၏။-
၁၄ထိုနောက် ၊ ဒါဝိဒ် မြို့ ပြင် ၊ ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ၊ ဩဖေလ ရဲတိုက်ပတ်လည် ၌ ၎င်း ၊ အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။
15 ၁၅ သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-
၁၅တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ၍ ၊ ဗိမာန် တော် တောင် ပေါ် ၊ ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။
16 ၁၆ ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
၁၆ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
17 ၁၇ ပြည်​သူ​တို့​သည်​အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​၌​လည်း​ဆက်​လက်​၍ ယဇ်​များ​ကို ပူ​ဇော်​ကြ​သော်​လည်း​ထာ​ဝရ​ဘု​ရား​ကို​သာ ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။
၁၇သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။
18 ၁၈ မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
၁၈မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ၏။
19 ၁၉ မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။-
၁၉သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။
20 ၂၀ မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
၂၀မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။
21 ၂၁ အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။-
၂၁အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။
22 ၂၂ သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-
၂၂ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။
23 ၂၃ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော်​ကဲ့​သို့​စိတ်​နှ​လုံး နှိမ့်​ချ​၍​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​မ​ချဉ်း ကပ်။ ခ​မည်း​တော်​ထက်​ပင်​ပို​၍​အ​ပြစ်​ကူး လွန်​တော်​မူ​၏။
၂၃ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
24 ၂၄ အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-
၂၄မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ နန်းတော် ၌ လုပ်ကြံ ကြ၏။
25 ၂၅ သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။
၂၅အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ ၊ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။

< ၂ ရာဇဝင်ချုပ် 33 >