< ၂ ရာဇဝင်ချုပ် 33 >
1 ၁ မနာရှေသည်ယုဒဘုရင်အဖြစ်နန်းတက် ချိန်၌အသက်တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည် ယေရုရှလင်မြို့တွင်ငါးဆယ့်ငါးနှစ်နန်းစံ ရလေသည်။-
Manasses was of twelue yeer, whanne he bygan to regne, and he regnyde in Jerusalem fyue and fifti yeer.
2 ၂ မနာရှေသည်ကိုယ်တော်၏လူမျိုးတော်ချီတက် စဉ်က ထာဝရဘုရားနှင်ထုတ်တော်မူသောလူ မျိုးတို့၏အကျင့်ဋ္ဌလေ့များကိုယူ၍ကိုယ် တော်အားပြစ်မှား၏။-
Forsothe he dide yuel bifor the Lord bi abhomynaciouns of hethene men, whiche the Lord destriede bifor the sones of Israel.
3 ၃ မိမိ၏ခမည်းတော်ဟေဇကိဖျက်သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကိုပြန်လည်တည် ဆောက်လေသည်။ ဗာလဘုရားအားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလ ဘုရင်အာဟပ်နည်းတူအာရှရဘုရားမ၏ တံခွန်တိုင်များစိုက်ထူ၍ကြယ်နက္ခတ်များ ကိုဝတ်ပြုရှိခိုး၏။-
And he turnede, and restoride the hiye places, whiche Ezechie, his fadir, hadde destried. And he bildide auteris to Baalym, and made wodis, and worschipide al the knyythod of heuene, and heriede it.
4 ၄ ကိုယ်တော်အားထာဝစဉ်ဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဟု ထာဝရဘုရားမိန့်တော်မူရာ ဗိမာန်တော်တွင်ရုပ်တုများကိုပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၏။-
And he bildide auteris in the hows of the Lord, of which the Lord hadde seid, My name schal be in Jerusalem with outen ende.
5 ၅ ဗိမာန်တော်တံတိုင်းနှစ်ထပ်တွင်ကြယ်နက္ခတ် များကိုပူဇော်ရန်ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
Sotheli he bildide tho auteris to al the knyythod of heuene in the twei large places of the hows of the Lord.
6 ၆ မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
And he made hise sones to passe thorouy the fier in the valei of Beennon; he kepte dremes; he suede fals diuynyng bi chiteryng of briddis; he seruyde witche craftis; he hadde with hym astronomyeris and enchaunteris, `ethir trigetours, that disseyuen mennus wittis, and he wrouyte many yuelis bifor the Lord to terre hym to wraththe.
7 ၇ သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။-
Also he settide a grauun signe and a yotun signe in the hows of the Lord, of which hows God spak to Dauid, and to Salomon, his sone, and seide, Y schal sette my name with outen ende in this hows and in Jerusalem, which Y chees of alle the lynagis of Israel;
8 ၈ ဣသရေလအမျိုးသားတို့သည်ငါ၏ အမိန့်တော်ရှိသမျှကိုလိုက်နာ၍ မောရှေ ပေးအပ်သည့်ပညတ်ရှိသမျှကိုစောင့်ထိန်း ကြလျှင် ငါသည်သူတို့ကိုဘိုးဘေးတို့ အားငါပေးအပ်ခဲ့သည့်ပြည်တော်မှနှင် ထုတ်တော်မူမည်မဟုတ်'' ဟုမိန့်တော် မူခဲ့၏။-
and Y schal not make the foot of Israel to moue fro the lond which Y yaf to her fadris, so oneli if thei kepen to do tho thingis whiche Y comaundide to hem, and al the lawe, and cerymonyes, and domes, bi the hond of Moises.
9 ၉ မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။
Therfor Manasses disseyuede Juda, and the dwelleris of Jerusalem, that thei diden yuel, more than alle hethene men, whiche the Lord hadde distriede fro the face of the sones of Israel.
10 ၁၀ ထာဝရဘုရားသည်မနာရှေနှင့်ပြည်သူတို့ အား သတိပေးတော်မူသော်လည်းသူတို့ သည်နားမထောင်ကြ။-
And the Lord spak to hym, and to his puple; and thei nolden take heed.
11 ၁၁ သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
Therfor the Lord brouyte on hem the princes of the oost of the kyng of Assiriens; and thei token Manasses, and bounden hym with chaynes, and stockis, and ledden hym in to Babiloyne.
12 ၁၂ မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
And aftir that he was angwischid, he preiede `his Lord God, and dide penaunce gretli bifor the God of hise fadris.
13 ၁၃ ဘုရားသခင်သည်မနာရှေ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူ၍ သူ့အားယေရု ရှလင်မြို့သို့ပြန်လည်သွားရောက်အုပ်စိုးခွင့် ကိုပေးတော်မူ၏။ ထိုအခါမှထာဝရဘုရား သည်ဘုရားမှန်ကြောင်းမနာရှေသေချာ စွာသိလေ၏။
And he preiede God, and bisechide ententifli; and God herde his preier, and brouyte hym ayen `in to Jerusalem in to his rewme; and Manasses knew, that the Lord hym silf is God.
14 ၁၄ ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-
Aftir these thingis he bildide the wal with out the citee of Dauid, at the west of Gion, in the valei, fro the entryng of the yate of fischis, bi cumpas `til to Ophel; and he reiside it gretli; and he ordeynede princes of the oost in alle the stronge citees of Juda.
15 ၁၅ သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
And he dide awei alien goddis and symylacris fro the hows of the Lord; and he dide awei the auteris, whiche he hadde maad in the hil of the hows of the Lord, and in Jerusalem, and he castide awei alle with out the citee.
16 ၁၆ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။-
Certis he restoride the auter of the Lord, and offride theronne slayn sacrifices, and pesible sacrifices, and preisyng; and he comaundide Juda to serue the Lord God of Israel.
17 ၁၇ ပြည်သူတို့သည်အခြားဝတ်ပြုကိုးကွယ်ရာ ဌာနများ၌လည်းဆက်လက်၍ ယဇ်များကို ပူဇော်ကြသော်လည်းထာဝရဘုရားကိုသာ ပူဇော်ကြခြင်းဖြစ်၏။
Netheles the puple offride yit in hiy places to `her Lord God.
18 ၁၈ မနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။-
Forsothe the residue of dedis of Manasses, and his bisechyng to `his Lord God, and the wordis of profetis, that spaken to hym in the name of the Lord God of Israel, ben conteyned in the wordis of the kyngis of Israel.
19 ၁၉ မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
And his preier, and the heryng, and alle synnes, and dispisyng, also the places in whiche he bildide hiy thingis, and made wodis and ymagis, bifor that he dide penaunce, ben writun in the bokis of Ozai.
20 ၂၀ မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
Forsothe Manasses slepte with hise fadris, and thei birieden hym in his hows; and Amon, his sone, regnyde for hym.
21 ၂၁ အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်နှစ်နှစ်မျှနန်းစံရလေသည်။-
Amon was of two and twenti yeer, whanne he bigan to regne; and he regnyde twei yeer in Jerusalem.
22 ၂၂ သူသည်မိမိ၏ခမည်းတော်မနာရှေကဲ့သို့ပင် ထာဝရဘုရားအားပြစ်မှား၍ခမည်းတော်ကိုး ကွယ်ခဲ့သည့်ရုပ်တုများကိုပင်ကိုးကွယ်၏။-
And he dide yuel in the siyt of the Lord, as Manasses, his fadir, hadde do; and he offride, and seruyde to alle the idols, whiche Manasses hadde maad.
23 ၂၃ သို့ရာတွင်သူသည်ခမည်းတော်ကဲ့သို့စိတ်နှလုံး နှိမ့်ချ၍ထာဝရဘုရားထံတော်သို့မချဉ်း ကပ်။ ခမည်းတော်ထက်ပင်ပို၍အပြစ်ကူး လွန်တော်မူ၏။
And he reuerenside not the face of the Lord, as Manasses, `his fadir, reuerenside; and he dide mych gretter trespassis.
24 ၂၄ အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်လုပ်ကြံကြ၏။-
And whanne his seruauntis `hadden swore to gyder ayens hym, thei killiden hym in his hows.
25 ၂၅ သို့ရာတွင်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။
Sotheli the residue multitude of the puple, aftir that thei hadden slayn hem that `hadden slayn Amon, ordeyneden Josie, his sone, kyng for hym.