< ၂ ရာဇဝင်ချုပ် 32 >

1 ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။-
Sau các việc này và sự thành tín này, thì San-chê-ríp loán đến trong xứ Giu-đa, vây các thành bền vững, có ý hãm lấy nó.
2 သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊-
Khi Ê-xê-chia thấy San-chê-ríp đã đến, toan hãm đánh Giê-ru-sa-lem,
3 မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။-
thì người hội nghị với các quan trưởng và những người mạnh dạn đặng ngăn nước suối ở ngoài thành; họ bèn giúp đỡ người.
4
Dân sự nhóm lại đông, chận các suối và các khe chảy giữa xứ, mà rằng: Làm gì để cho vua A-si-ri đến, thấy có nước nhiều?
5 မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
Người tự can đảm, xây đắp vách thành đã bị hư lủng, xây nó lên đến tận tháp; rồi lại xây một cái vách khác ở phía ngoài; người làm cho vững chắc Mi-lô ở trong thành Đa-vít và chế nhiều cây lao cùng khiên.
6 မင်း​ကြီး​သည်​မြို့​သား​အ​ပေါင်း​တို့​အား တပ်​မ​တော်​အ​ရာ​ရှိ​များ​၏​အောက်​တွင် ထား​ရှိ​ကာ​မြို့​တံ​ခါး​ဝ​ရှိ​ကွက်​လပ်​တွင် စု​ဝေး​စေ​ပြီး​လျှင်၊-
Người lập những quan tướng trên dân sự, rồi hiệp lập chúng lại gần mình tại phố bên cửa thành, nói động lòng chúng, mà rằng:
7 ``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။-
Khá vững lòng bền chí, chớ sợ, chớ kinh hãi trước mặt vua A-si-ri và đám quân đông đảo theo người; vì có một Đấng ở cùng chúng ta thắng hơn kẻ ở với họ:
8 သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။
với người chỉ một cánh tay xác thịt; còn với chúng ta có Giê-hô-va Đức Chúa Trời của chúng ta đặng giúp đỡ và chiến tranh thế cho chúng ta. Dân sự bèn nương cậy nơi lời của Ê-xê-chia, vua Giu-đa.
9 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သ​နာ ခ​ရိပ်​သည် မိ​မိ​တပ်​မ​တော်​နှင့်​အ​တူ​လာ​ခိ​ရှ မြို့​၌​ပင်​ရှိ​နေ​စဉ် ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​ရှိ​နေ​ကြ​သော​ယု​ဒ​ပြည်​သူ​တို့​ထံ သို့​စေ​တ​မန်​လွှတ်​၍၊-
Sau việc ấy, San-chê-ríp, vua A-si-ri, với cả đạo binh của người hãy còn vây La-ki, có sai các đầy tớ người đến Ê-xê-chia và dân Giu-đa ở tại Giê-ru-sa-lem, mà nói rằng:
10 ၁၀ ``သင်​တို့​ယေရု​ရှ​လင်​မြို့​သား​များ​သည်​အ​ဝိုင်း ခံ​လျက်​နေ​ရ​ချိန်​၌​ပင်​အ​ဘယ်​သို့​လျှင် စိတ် ချ​လက်​ချ​နေ​နိုင်​ကြ​ပါ​သ​နည်း​ဟု​ငါ အာ​ရှု​ရိ​ဧ​က​ရာဇ်​မေး​မြန်း​လိုက်​၏။-
San-chê-ríp, vua A-si-ri, nói như vầy: Các ngươi nương cậy điều gì, mà chịu ở vậy trong thành Giê-ru-sa-lem như thế?
11 ၁၁ ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
Ê-xê-chia nói rằng: Giê-hô-va Đức Chúa Trời chúng ta sẽ giải cứu chúng ta khỏi tay vua A-si-ri, ấy há chẳng phải người dỗ dành các ngươi đặng phó các ngươi đói khát cho chết hay sao?
12 ၁၂ ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ယု​ဒ ပြည်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​ယဇ်​ပလ္လင်​တစ်​ခု​တည်း​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​၍​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြော​ကြား​သူ​ကား​ဟေဇ​ကိ​ပင်​ဖြစ်​သည်။-
Chớ thì chẳng phải chính Ê-xê-chia này đã cất những nơi cao và bàn thờ của Ngài, rồi biểu dân Giu-đa và Giê-ru-sa-lem rằng: Các ngươi khá thờ lạy trước một bàn thờ, và chỉ xông hương tại trên đó mà thôi?
13 ၁၃ ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။-
Các ngươi há chẳng biết điều ta và tổ phụ ta đã làm cho các dân thiên hạ sao? Các thần của những dân tộc thiên hạ, há giải cứu xứ chúng nó được khỏi tay ta ư?
14 ၁၄ ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-
Nội trong các thần của những dân tộc mà tổ phụ ta đã diệt hết đi, há có thần nào giải cứu dân mình cho khỏi tay ta chăng? Dễ có một mình Thần các ngươi giải cứu các ngươi được khỏi tay ta chớ!
15 ၁၅ ယ​ခု​သင်​တို့​အား​ဟေ​ဇ​ကိ​မ​လှည့်​စား​မ​ဖြား ယောင်း​စေ​နှင့်။ သူ​၏​စ​ကား​ကို​သင်​တို့​မ​ယုံ ကြ​စေ​နှင့်။ အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​မျှ မိ​မိ​၏​လူ​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက် မှ​ကယ်​နိုင်​ခဲ့​ဘူး​သည်​မ​ရှိ။ သို့​ဖြစ်​၍​သင်​တို့ ၏​ဘု​ရား​သည်​လည်း​အ​မှန်​ပင်​သင်​တို့​အား မ​ကယ်​နိုင်'' ဟု​ပြော​ကြား​စေ​လေ​သည်။
Vậy bây giờ, chớ để Ê-xê-chia phỉnh gạt, khuyên dụ các ngươi như thế, và các ngươi chớ tin người; vì chẳng có thần của dân nào nước nào giải cứu dân mình được khỏi tay ta hay là khỏi tay tổ phụ ta; huống chi Đức Chúa Trời các ngươi giải cứu các ngươi khỏi tay ta!
16 ၁၆ အာ​ရှု​ရိ​တပ်​မှူး​သည်​လည်း​ထာ​ဝရ​အ​ရှင် ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား ၏​အ​စေ​ခံ​ဟေ​ဇ​ကိ​အား​လည်း​ကောင်း​ထို ထက်​ပင်​ပို​မို​ရှုတ်​ချ​ပြော​ဆို​ကြ​သေး​၏။-
Các đầy tớ người lại còn nói nghịch cùng Giê-hô-va là Đức Chúa Trời thật, và nghịch cùng Ê-xê-chia, là tôi tớ Ngài.
17 ၁၇ ဧ​က​ရာဇ်​မင်း​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ကို​အာ​ခံ​လျက် ပေး​ပို့ သော​အ​မှာ​တော်​စာ​တွင်``အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​ဘု​ရား​များ​သည်​မိ​မိ​တို့​၏​လူ​များ အား​ငါ​၏​လက်​မှ​မ​ကယ်​နိုင်​ခဲ့​ကြ။ ဟေ​ဇ​ကိ ၏​ဘု​ရား​သည်​လည်း​မိ​မိ​၏​လူ​တို့​ကို​ငါ ၏​လက်​မှ​ကယ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု ဖော်​ပြ​ထား​သ​တည်း။-
Người cũng viết thơ sỉ nhục Giê-hô-va Đức Chúa Trời của Y-sơ-ra-ên, và nói phạm đến Ngài mà rằng: Hễ thần của các dân tộc thiên hạ chẳng giải cứu dân mình khỏi tay ta thế nào, thì thần của Ê-xê-chia cũng chẳng giải cứu được dân sự người khỏi tay ta thế ấy.
18 ၁၈ တပ်​မှူး​တို့​သည်​မြို့​ရိုး​ပေါ်​ရှိ​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား​ခြိမ်း​ခြောက်​ကာ​စိတ်​ပျက်​အား လျော့​အောင်​ပြု​၍ မြို့​ကို​အ​လွယ်​တ​ကူ​သိမ်း ပိုက်​နိုင်​စေ​ရန်​ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် အော်​ဟစ်​ပြော​ဆို​ကြ​လေ​သည်။-
Chúng la lớn lên, nói bằng tiếng Giu-đa cho dân Giê-ru-sa-lam ở trên vách thành, đặng làm cho chúng sợ hoảng, để hãm lấy thành.
19 ၁၉ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။
Chúng lại nói về Đức Chúa Trời của Giê-ru-sa-lem, như thể các thần của dân thiên hạ đều là công việc của tay người ta làm ra.
20 ၂၀ ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။-
Vua Ê-xê-chia, và tiên tri Ê-sai, con trai A-mốt, cầu nguyện về việc này, và kêu la thấu đến trời.
21 ၂၁ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။
Đức Giê-hô-va bèn sai một thiên sứ diệt những người mạnh dạn, các quan trưởng và các quan tướng ở trong trại quân của vua A-si-ri. người trở về trong xứ mình, mặt hổ thẹn; và khi người vào trong miễu thần mình, có những kẻ bởi lòng người sanh ra đều lấy gươm giết người tại đó.
22 ၂၂ ဤ​နည်း​အား​ဖြင့်​ထာ​ဝရ​ဘု​ရား​သည်​ဟေ ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ်​၏​လက် မှ​လည်း​ကောင်း၊ အ​ခြား​ရန်​သူ​များ​၏​လက် မှ​လည်း​ကောင်း​ကယ်​တော်​မူ​၍​ပတ်​ဝန်း​ကျင် နိုင်​ငံ​များ​နှင့်​ငြိမ်း​ချမ်း​မှု​ကို​ပေး​တော်​မူ​၏။-
Như vậy Đức Giê-hô-va cứu Ê-xê-chia và dân cư thành Giê-ru-sa-lem khỏi tay San-chê-ríp, vua A-si-ri, và khỏi tay mọi người khác, cùng phù hộ cho chúng bốn bên.
23 ၂၃ လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။
Có nhiều người đem những lễ vật đến dâng cho Đức Giê-hô-va tại Giê-ru-sa-lem, và những vật quí báu cho Ê-xê-chia, vua Giu-đa; nên từ khi ấy về sau, người được tôn cao trước mặt các nước.
24 ၂၄ ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။-
Trong lúc ấy, Ê-xê-chia bị đau hòng chết; người cầu nguyện Đức Giê-hô-va, Đức Giê-hô-va phán cùng người, và ban cho người một dấu lạ.
25 ၂၅ သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-
Nhưng Ê-xê-chia chẳng báo đáp lại ơn Chúa mà người đã lãnh, vì lòng người tự cao; bèn có cơn thạnh nộ của Chúa nổi lên cùng người, cùng Giu-đa và Giê-ru-sa-lem.
26 ၂၆ နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။
Song Ê-xê-chia hạ sự tự cao trong lòng mình xuống, người và dân cư Giê-ru-sa-lem cũng vậy, nên trong đời Ê-xê-chia, cơn thạnh nộ của Đức Giê-hô-va không giáng trên chúng.
27 ၂၇ ဟေ​ဇ​ကိ​သည်​လွန်​စွာ​ချမ်း​သာ​ကြွယ်​ဝ​လာ ပြီး​လျှင် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ ရေ​ကြီး​မြင့်​လေ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​များ၊ နံ့​သာ​မျိုး​များ၊ ဒိုင်း​လွှား​များ နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ​သို​လှောင် ရန်​တိုက်​များ​ကို​တည်​ဆောက်​တော်​မူ​၏။-
Ê-xê-chia được rất giàu rất sang; người cất những kho để trữ bạc, vàng, đá quí, thuốc thơm, khiên, và các thứ khí giới tốt đẹp;
28 ၂၈ စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံလွင်​ဆီ​အ​တွက်​ကုန် လှောင်​ရုံ​များ၊ မိ​မိ​၏​ကျွဲ​နွား​များ​အ​တွက် တင်း​ကုပ်​များ၊ သိုး​များ​အ​တွက်​ခြံ​များ ကို​လည်း​တည်​ဆောက်​တော်​မူ​၏။-
những lẫm đặng chứa ngũ cốc, rượu, và dầu; những chuồng để nhốt các thứ thú vật, bầy chiên, và bầy bò.
29 ၂၉ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဤ​အ​ရာ များ​အ​ပြင်​သိုး​နွား​များ​နှင့်​အ​ခြား​ပစ္စည်း ဥစ္စာ​အ​မြောက်​အ​မြား​ကို​လည်း​ပေး​သ​နား တော်​မူ​သ​ဖြင့် သူ​သည်​မြောက်​မြား​စွာ​သော မြို့​တို့​ကို​တည်​ထောင်​တော်​မူ​၏။-
Người cũng xây những thành, có nhiều bầy chiên và bò; vì Đức Chúa Trời ban cho người rất nhiều của cải.
30 ၃၀ ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။-
Aáy là Ê-xê-chia này lấp nguồn trên của nước Ghi-hôn, và dẫn nó chảy ngầm dưới đất qua phía tây của thành Đa-vít. Trong mọi việc Ê-xê-chia được hanh thông.
31 ၃၁ တိုင်း​ပြည်​တွင်​ဖြစ်​ပွား​ခဲ့​သော​အံ့​ဖွယ်​အ​မှု ကို​စုံ​စမ်း​ရန်​ဗာ​ဗု​လုန်​သံ​တ​မန်​များ​လာ ရောက်​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​သည်​ဟေ ဇ​ကိ​၏​သ​ဘော​ကို​စမ်း​သပ်​သိ​ရှိ​နိုင်​ရန်​သူ ပြု​လို​သည့်​အ​တိုင်း​ပြု​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။
Song khi sứ giả mà vua Ba-by-lôn sai đến người đặng hỏi thăm dấu lạ đã xảy ra trong xứ, thì Đức Chúa Trời tạm lìa bỏ người đặng thử người, để cho biết mọi điều ở trong lòng người.
32 ၃၂ ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-
Các công việc khác của Ê-xê-chia, và những việc thiện của người, đều chép trong sách dị tượng của Ê-sai, đấng tiên tri, con trai của A-mốt, và trong sách các vua Giu-đa và Y-sơ-ra-ên.
33 ၃၃ ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
Ê-xê-chia an giấc cùng tổ phụ mình, người ta chôn người trong lăng tẩm cao của con cháu Đa-vít; cả Giu-đa và Giê-ru-sa-lem đều tôn kính người lúc người thác; Ma-na-se, con trai người, cai trị thế cho người.

< ၂ ရာဇဝင်ချုပ် 32 >