< ၂ ရာဇဝင်ချုပ် 32 >
1 ၁ ဤသို့ဟေဇကိသည်ထာဝရဘုရားအား သစ္စာနှင့်ဆည်းကပ်ကိုးကွယ်လျက်နေသည့် နောက်ပိုင်း၌ အာရှုရိဧကရာဇ်သနာခရိပ် သည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ လေသည်။ သူသည်တံတိုင်းကာရံထားသည့် မြို့များကိုဝိုင်းရံတိုက်ခိုက်ကာ မြို့ရိုးများ ကိုချိုးဖောက်ဝင်ရောက်ရန်မိမိ၏တပ်မ တော်အားအမိန့်ပေးတော်မူ၏။-
Näiden tapausten ja Hiskian vakaan vaelluksen jälkeen tuli Sanherib, Assurin kuningas, ja hyökkäsi Juudaan, piiritti sen varustettuja kaupunkeja ja aikoi valloittaa ne itsellensä.
2 ၂ သနာခရိပ်သည်ယေရုရှလင်မြို့ကိုလည်း တိုက်ခိုက်ရန်ကြံစည်လျက်ရှိကြောင်း ဟေဇကိ သိမြင်သောအခါ၊-
Kun Hiskia näki Sanheribin tulevan ja olevan aikeessa sotia Jerusalemia vastaan,
3 ၃ မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။-
neuvotteli hän päämiestensä ja urhojensa kanssa tukkiaksensa vesilähteet, jotka olivat kaupungin ulkopuolella; ja he kannattivat häntä siinä.
Niin kokoontui paljon kansaa, ja he tukkivat kaikki lähteet ja puron, joka juoksee sen seudun läpi; sillä he sanoivat: "Miksi Assurin kuninkaat tultuansa löytäisivät vettä viljalti?"
5 ၅ မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
Ja hän rohkaisi mielensä, rakensi koko revityn osan muuria ja korotti torneja ja teki sen ulkopuolelle toisen muurin, varusti Millon Daavidin kaupungissa ja teetti paljon heittoaseita ja kilpiä.
6 ၆ မင်းကြီးသည်မြို့သားအပေါင်းတို့အား တပ်မတော်အရာရှိများ၏အောက်တွင် ထားရှိကာမြို့တံခါးဝရှိကွက်လပ်တွင် စုဝေးစေပြီးလျှင်၊-
Ja hän asetti sotapäälliköitä kansalle ja kokosi heidät luoksensa aukealle kaupungin portin eteen ja puhui ystävällisesti heille ja sanoi:
7 ၇ ``အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြလော့။ အာရှုရိဧကရာဇ်ကိုသော်လည်းကောင်း၊ သူ ဦးစီးခေါင်းဆောင်ပြုသည့်တပ်မတော်ကို သော်လည်းကောင်းမကြောက်ကြနှင့်။ သူ၏ တန်ခိုးစွမ်းရည်ထက်ပိုမိုကြီးမားသော တန်ခိုးစွမ်းရည်ငါတို့တွင်ရှိ၏။-
"Olkaa lujat ja rohkeat, älkää peljätkö älkääkä arkailko Assurin kuningasta ja kaikkea joukkoa, joka on hänen kanssansa; sillä se, joka on meidän kanssamme, on suurempi kuin se, joka on hänen kanssansa.
8 ၈ သူ၏ဘက်၌လူသားတို့၏တန်ခိုးစွမ်းရည် သာလျှင်ရှိပေသည်။ ငါတို့ဘက်၌မူကား ကူမတော်မူ၍စစ်ပွဲများတွင်ပါဝင်တိုက် ခိုက်တော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူ၏'' ဟုမိန့်တော် မူလေသည်။ ဤသို့မင်းကြီးမိန့်တော်မူ သောစကားကြောင့်လူတို့သည်အား တက်လာကြကုန်၏။
Hänen kanssansa on lihan käsivarsi, mutta meidän kanssamme on Herra, meidän Jumalamme, meitä auttamassa ja meidän sotiamme sotimassa." Ja kansa luotti Hiskian, Juudan kuninkaan, sanoihin.
9 ၉ ကာလအနည်းငယ်ကြာသောအခါသနာ ခရိပ်သည် မိမိတပ်မတော်နှင့်အတူလာခိရှ မြို့၌ပင်ရှိနေစဉ် ဟေဇကိနှင့်ယေရုရှလင် မြို့တွင်ရှိနေကြသောယုဒပြည်သူတို့ထံ သို့စေတမန်လွှတ်၍၊-
Tämän jälkeen Sanherib, Assurin kuningas, ollessaan itse koko sotavoimansa kanssa Laakiin edustalla, lähetti palvelijoitansa Jerusalemiin Hiskian, Juudan kuninkaan, luo ja kaikkien Jerusalemissa olevien Juudan miesten luo ja käski sanoa:
10 ၁၀ ``သင်တို့ယေရုရှလင်မြို့သားများသည်အဝိုင်း ခံလျက်နေရချိန်၌ပင်အဘယ်သို့လျှင် စိတ် ချလက်ချနေနိုင်ကြပါသနည်းဟုငါ အာရှုရိဧကရာဇ်မေးမြန်းလိုက်၏။-
"Näin sanoo Sanherib, Assurin kuningas: Mihin te luotatte, kun jäätte Jerusalemiin saarroksiin?
11 ၁၁ ဟေဇကိကသင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားငါ၏လက်မှကယ်တော် မူမည်ဟုဆိုချေသည်။ သို့ရာတွင်ဟေဇကိ သည်သင်တို့အစာရေစာငတ်မွတ်၍သေကြ စေရန်လှည့်စားပြောဆိုနေခြင်းဖြစ်၏။-
Eikö Hiskia viettele teitä ja saata teitä kuolemaan nälkään ja janoon, kun hän sanoo: Herra, meidän Jumalamme, pelastaa meidät Assurin kuninkaan käsistä?
12 ၁၂ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန များနှင့်ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ယုဒ ပြည်သူများနှင့် ယေရုရှလင်မြို့သူမြို့သား တို့အားယဇ်ပလ္လင်တစ်ခုတည်းတွင်နံ့သာ ပေါင်းကိုမီးရှို့ပူဇော်၍ဝတ်ပြုကိုးကွယ် ရန်ပြောကြားသူကားဟေဇကိပင်ဖြစ်သည်။-
Eikö tämä sama Hiskia ole poistanut hänen uhrikukkuloitansa ja alttareitansa ja sanonut Juudalle ja Jerusalemille näin: 'Yhden ainoan alttarin edessä on teidän kumartaen rukoiltava ja sillä uhreja poltettava'?
13 ၁၃ ငါနှင့်ငါ၏ဘိုးဘေးများသည်အတိုင်းတိုင်း အပြည်ပြည်မှလူတို့အားအဘယ်သို့ပြု ခဲ့သည့်ကိုသင်တို့မသိကြပါသလော။ အခြားအဘယ်တိုင်းနိုင်ငံ၏ဘုရားများ သည်မိမိတို့လူများအားအာရှုရိဧကရာဇ် ၏လက်မှကယ်ခဲ့ကြပါသနည်း။-
Ettekö tiedä, mitä minä ja minun isäni olemme tehneet muiden maiden kaikille kansoille? Ovatko näiden maiden kansain jumalat voineet pelastaa maatansa minun käsistäni?
14 ၁၄ ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
Onko kukaan minun isieni tuhoamien kansojen kaikista jumalista voinut pelastaa kansaansa minun käsistäni? Kuinka sitten teidän Jumalanne voisi pelastaa teidät minun käsistäni?
15 ၁၅ ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
Älkää siis antako Hiskian näin pettää ja vietellä itseänne älkääkä uskoko häntä, sillä ei minkään kansan eikä minkään valtakunnan jumala ole voinut pelastaa kansaansa minun käsistäni tai minun isieni käsistä, saati sitten teidän Jumalanne: ei hän pelasta teitä minun käsistäni."
16 ၁၆ အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။-
Ja hänen palvelijansa puhuivat vielä enemmän Herraa Jumalaa ja hänen palvelijaansa Hiskiaa vastaan.
17 ၁၇ ဧကရာဇ်မင်းသည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ကိုအာခံလျက် ပေးပို့ သောအမှာတော်စာတွင်``အတိုင်းတိုင်းအပြည် ပြည်မှဘုရားများသည်မိမိတို့၏လူများ အားငါ၏လက်မှမကယ်နိုင်ခဲ့ကြ။ ဟေဇကိ ၏ဘုရားသည်လည်းမိမိ၏လူတို့ကိုငါ ၏လက်မှကယ်နိုင်လိမ့်မည်မဟုတ်'' ဟု ဖော်ပြထားသတည်း။-
Hän kirjoitti myös kirjeen herjatakseen Herraa, Israelin Jumalaa, ja puhuakseen häntä vastaan; siinä sanottiin näin: "Niinkuin muiden maiden kansain jumalat eivät ole pelastaneet kansojansa minun käsistäni, niin ei Hiskiankaan Jumala ole pelastava kansaansa minun käsistäni".
18 ၁၈ တပ်မှူးတို့သည်မြို့ရိုးပေါ်ရှိယေရုရှလင်မြို့ သားတို့အားခြိမ်းခြောက်ကာစိတ်ပျက်အား လျော့အောင်ပြု၍ မြို့ကိုအလွယ်တကူသိမ်း ပိုက်နိုင်စေရန်ဟေဗြဲဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြလေသည်။-
Ja Jerusalemin kansalle, jota oli muurilla, he huusivat kovalla äänellä juudankielellä nostaakseen heissä pelon ja kauhun, että saisivat kaupungin valloitetuksi.
19 ၁၉ သူတို့သည်ယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကိုလူတို့လက်ဖြင့်ပြုလုပ်သောရုပ်တု များဖြစ်သည့်အခြားလူမျိုးတို့၏ဘုရား များနှင့်တန်းတူထား၍ပြောဆိုကြ၏။
Ja he puhuivat Jerusalemin Jumalasta niinkuin muiden maiden kansain jumalista, jotka ovat ihmiskätten tekoa.
20 ၂၀ ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။-
Mutta kuningas Hiskia ja profeetta Jesaja, Aamoksen poika, rukoilivat tämän tähden ja huusivat taivaan puoleen.
21 ၂၁ ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
Silloin Herra lähetti enkelin, joka tuhosi kaikki sotaurhot, ruhtinaat ja päälliköt Assurin kuninkaan leirissä, niin että hän häpeä kasvoillaan palasi takaisin maahansa. Ja kun hän kerran meni jumalansa temppeliin, kaatoivat hänet siellä miekalla ne, jotka olivat lähteneet hänen omasta ruumiistansa.
22 ၂၂ ဤနည်းအားဖြင့်ထာဝရဘုရားသည်ဟေ ဇကိနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား အာရှုရိဧကရာဇ်သနာခရိပ်၏လက် မှလည်းကောင်း၊ အခြားရန်သူများ၏လက် မှလည်းကောင်းကယ်တော်မူ၍ပတ်ဝန်းကျင် နိုင်ငံများနှင့်ငြိမ်းချမ်းမှုကိုပေးတော်မူ၏။-
Näin Herra vapahti Hiskian ja Jerusalemin asukkaat Sanheribin, Assurin kuninkaan, käsistä ja kaikkien käsistä, ja hän johdatti heitä joka taholla.
23 ၂၃ လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
Ja monet toivat Herralle lahjoja Jerusalemiin ja Hiskialle, Juudan kuninkaalle, kalleuksia; ja hän kohosi sen jälkeen kaikkien kansojen silmissä.
24 ၂၄ ထိုအချိန်ကာလလောက်၌ပင်ဟေဇကိသည် သေလုနီးပါးဖျားနာသဖြင့် ဆုတောင်းပတ္ထ နာပြုတော်မူ၏။ ထာဝရဘုရားသည်သူပြန် လည်ကျန်းမာလာမည့်နိမိတ်ကိုပြတော်မူ၏။-
Niihin aikoihin Hiskia sairastui ja oli kuolemaisillaan. Niin hän rukoili Herraa, ja hän vastasi hänelle ja antoi hänelle tapahtua ihmeen.
25 ၂၅ သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
Mutta Hiskia ei palkinnut hyvää hyvällä, vaan hänen sydämensä ylpistyi; sentähden hänen ja Juudan ja Jerusalemin osaksi tuli viha.
26 ၂၆ နောက်ဆုံးတွင်ဟေဇကိနှင့်ယေရုရှလင်မြို့ သူမြို့သားတို့သည်နှိမ့်ချသောစိတ်ရှိလာ ကြသဖြင့် ထာဝရဘုရားသည်ဟေဇကိ ၏လက်ထက်ကာလတွင်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မမူ။
Mutta kun Hiskia nöyrtyi sydämensä ylpeydestä, hän ja Jerusalemin asukkaat, ei Herran viha kohdannut heitä Hiskian päivinä.
27 ၂၇ ဟေဇကိသည်လွန်စွာချမ်းသာကြွယ်ဝလာ ပြီးလျှင် လူအပေါင်းတို့၏ရှေ့တွင်ဂုဏ်အသ ရေကြီးမြင့်လေ၏။ သူသည် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ၊ နံ့သာမျိုးများ၊ ဒိုင်းလွှားများ နှင့်အခြားအဖိုးတန်ပစ္စည်းများသိုလှောင် ရန်တိုက်များကိုတည်ဆောက်တော်မူ၏။-
Hiskialle tuli ylen paljon rikkautta ja kunniaa; hän hankki itselleen aarrekammioita hopeata, kultaa, kalliita kiviä, hajuaineita, kilpiä ja kaikkinaisia kallisarvoisia kaluja varten,
28 ၂၈ စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီအတွက်ကုန် လှောင်ရုံများ၊ မိမိ၏ကျွဲနွားများအတွက် တင်းကုပ်များ၊ သိုးများအတွက်ခြံများ ကိုလည်းတည်ဆောက်တော်မူ၏။-
varastohuoneita jyvä-, viini-ja öljysatoa varten ja talleja kaikenlaisille juhdille ja karjalaumoja tarhoihin.
29 ၂၉ ထာဝရဘုရားသည်သူ့အားဤအရာ များအပြင်သိုးနွားများနှင့်အခြားပစ္စည်း ဥစ္စာအမြောက်အမြားကိုလည်းပေးသနား တော်မူသဖြင့် သူသည်မြောက်မြားစွာသော မြို့တို့ကိုတည်ထောင်တော်မူ၏။-
Myös rakennutti hän itsellensä kaupunkeja ja hankki suuret laumat pikkukarjaa ja raavaskarjaa, sillä Jumala oli antanut hänelle ylen suuren omaisuuden.
30 ၃၀ ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
Hiskia myös tukki Giihonin veden yläjuoksun ja johti veden alas, länteenpäin, Daavidin kaupunkiin. Ja Hiskia menestyi kaikessa, mitä hän teki.
31 ၃၁ တိုင်းပြည်တွင်ဖြစ်ပွားခဲ့သောအံ့ဖွယ်အမှု ကိုစုံစမ်းရန်ဗာဗုလုန်သံတမန်များလာ ရောက်ချိန်၌ပင်လျှင် ဘုရားသခင်သည်ဟေ ဇကိ၏သဘောကိုစမ်းသပ်သိရှိနိုင်ရန်သူ ပြုလိုသည့်အတိုင်းပြုနိုင်ခွင့်ကိုပေးတော် မူ၏။
Niinpä Jumala ainoastaan koetellakseen häntä ja tullakseen tuntemaan kaiken, mitä hänen sydämessään oli, jätti hänet Baabelin ruhtinasten lähettiläiden valtaan, jotka olivat lähetetyt hänen luokseen tiedustelemaan ihmettä, joka oli tapahtunut maassa.
32 ၃၂ ဟေဇကိမင်းလုပ်ဆောင်ခဲ့သောအခြား အမှုအရာရှိသမျှနှင့်ထာဝရဘုရား အားဆည်းကပ်ပုံတို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယ၏ဗျာဒိတ်ရူပါရုံ ကျမ်း၊ ယုဒရာဇဝင်နှင့်ဣသရေလရာဇဝင် တွင်ရေးထားသတည်း။-
Mitä muuta on kerrottavaa Hiskiasta ja hänen hurskaista teoistansa, katso, se on kirjoitettuna profeetta Jesajan, Aamoksen pojan, näyssä, Juudan ja Israelin kuningasten kirjassa.
33 ၃၃ ဟေဇကိကွယ်လွန်သောအခါသူ၏အလောင်း ကိုဘုရင်များ၏သင်္ချိုင်းအထက်ပိုင်းတွင်သင်္ဂြိုဟ် ကြ၏။ သူကွယ်လွန်ချိန်၌ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့သည်သူ့အား အထူးဂုဏ်ပြုကြ၏။ သားတော်မနာရှေ သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
Ja Hiskia meni lepoon isiensä tykö, ja hänet haudattiin siihen, mistä noustaan Daavidin jälkeläisten haudoille. Ja koko Juuda ja Jerusalemin asukkaat osoittivat hänelle kunniaa, kun hän kuoli. Ja hänen poikansa Manasse tuli kuninkaaksi hänen sijaansa.