< ၂ ရာဇဝင်ချုပ် 31 >
1 ၁ ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
And at the completion of all this, gone out have all Israel who are found present to the cities of Judah, and break the standing-pillars, and cut down the shrines, and break down the high places and the altars, out of all Judah and Benjamin, and in Ephraim and Manasseh, even to completion, and all the sons of Israel turn back, each to his Possession, to their cities.
2 ၂ ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
And Hezekiah appointeth the courses of the priests, and of the Levites, by their courses, each according to his service, of the priests and of the Levites, for burnt-offering, and for peace-offerings, to minister, and to give thanks, and to give praise in the gates of the camps of Jehovah.
3 ၃ မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။
And a portion of the king, from his substance, [is] for burnt-offerings, for burnt-offerings of the morning, and of the evening, and the burnt-offerings of sabbaths, and of new moons, and of appointed seasons, as it is written in the law of Jehovah.
4 ၄ ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
And he saith to the people, to the inhabitants of Jerusalem, to give the portion of the priests, and of the Levites, so that they are strengthened in the law of Jehovah;
5 ၅ အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။-
and at the spreading forth of the thing have the sons of Israel multiplied the first-fruit of corn, new wine, and oil, and honey, and of all the increase of the field, and the tithe of the whole in abundance they have brought in.
6 ၆ ယုဒမြို့များတွင်နေထိုင်သူအပေါင်းတို့သည် လည်း မိမိတို့၏သိုးနွားဆယ်ပုံတစ်ပုံနှင့် လှူဖွယ်ပစ္စည်းအမြောက်အမြားကိုယူဆောင် လာပြီးလျှင် ထာဝရဘုရားအားဆက်ကပ် လှူဒါန်းကြ၏။-
And the sons of Israel and Judah, those dwelling in cities of Judah, they also a tithe of herd and flock, and a tithe of the holy things that are sanctified to Jehovah their God, have brought in, and they give — heaps, heaps;
7 ၇ ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
in the third month they have begun to lay the foundation of the heaps, and in the seventh month they have finished.
8 ၈ မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
And Hezekiah and the heads come in and see the heaps, and bless Jehovah and His people Israel,
9 ၉ မင်းကြီးသည်ထိုလှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အားမိန့်ကြားတော်မူသော အခါ၊-
and Hezekiah inquireth at the priests and the Levites concerning the heaps,
10 ၁၀ ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
and Azariah the head priest, of the house of Zadok, speaketh unto him, and saith, 'From the beginning of the bringing of the heave-offering to the house of Jehovah, [there is] to eat, and to be satisfied, and to leave abundantly, for Jehovah hath blessed His people, and that left [is] this store.'
11 ၁၁ မင်းကြီး၏အမိန့်တော်အရဗိမာန်တော် အနီးတွင် ပစ္စည်းသိုလှောင်ခန်းများကိုပြင် ဆင်ပြီးလျှင်၊-
And Hezekiah saith to prepare chambers in the house of Jehovah, and they prepare,
12 ၁၂ ထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။-
and they bring in the heave-offering, and the tithe, and the holy things faithfully; and over them is a leader, Conaniah the Levite, and Shimei his brother [is] second;
13 ၁၃ သူတို့၏လက်အောက်တွင်အမှုထမ်းရန် လေဝိ အနွယ်ဝင်ဆယ်ဦးဖြစ်ကြသောယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ် နှင့်ဗေနာယတို့ကိုလည်းခန့်ထားကြ၏။ ဤရာထူးများကိုဟေဇကိမင်းနှင့်ယဇ် ပုရောဟိတ်မင်းအာဇရိတို့၏အမိန့်အရ ခန့်ထားခြင်းဖြစ်သတည်း။-
and Jehiel, and Azaziah, and Nahath, and Asahel, and Jerimoth, and Jozabad, and Eliel, and Ismachiah, and Mahath, and Benaiah, [are] inspectors under the hand of Conaniah and Shimei his brother, by the appointment of Hezekiah the king, and Azariah leader of the house of God.
14 ၁၄ လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။-
And Kore son of Imnah the Levite, the gatekeeper at the east, [is] over the willing-offerings of God, to give the heave-offering of Jehovah, and the most holy things.
15 ၁၅ ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။-
And by his hand [are] Eden, and Miniamin, and Jeshua, and Shemaiah, Amariah, and Shechaniah, in cities of the priests, faithfully to give to their brethren in courses, as the great so the small,
apart from their genealogy, to males from a son of three years and upward, to every one who hath gone in to the house of Jehovah, by the matter of a day in its day, for their service in their charges, according to their courses;
17 ၁၇ ယဇ်ပုရောဟိတ်များသည်မိမိတို့သား ချင်းစုအလိုက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရကြ၍အသက်နှစ်ဆယ်နှင့် အထက်ရှိလေဝိအနွယ်ဝင်များမှာမူ လုပ်ငန်း အဖွဲ့များအလိုက်တာဝန်ထမ်းဆောင်ကြ ရ၏။-
and the genealogy of the priests by the house of their fathers, and of the Levites, from a son of twenty years and upward, in their charges, in their courses;
18 ၁၈ ထိုသူအပေါင်းတို့သည်မိမိတို့အတွက် သီးသန့်ထားသောတာဝန်ဝတ္တရားများကို အချိန်မရွေးထမ်းဆောင်ရန်အသင့်ရှိအပ် သည်ဖြစ်၍ သားမယားများနှင့်တကွ အခြားမှီခိုသူများနှင့်အတူမှတ်ပုံ တင်ထားရကြလေသည်။-
and to the genealogy among all their infants, their wives, and their sons, and their daughters to all the congregation, for in their faithfulness they sanctify themselves in holiness.
19 ၁၉ အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
And to sons of Aaron, the priests, in the fields of the suburb of their cities, in every city and city, [are] men who have been defined by name, to give portions to every male among the priests, and to every one who reckoned himself by genealogy among the Levites.
20 ၂၀ ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
And Hezekiah doth thus in all Judah, and doth that which is good, and that which is right, and that which is true, before Jehovah his God;
21 ၂၁ သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။
and in every work that he hath begun for the service of the house of God, and for the law, and for the command, to seek to his God, with all his heart he hath wrought and prospered.