< ၂ ရာဇဝင်ချုပ် 3 >
1 ၁ ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
၁ယေရုရှလင်မြို့တွင် ၊မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော် မူရာအရပ်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း ကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသော အရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ၏။
3 ၃ ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။-
၃ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံတထောင်နှစ်ဆယ်ရှိ၏။
4 ၄ ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
၄အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျားအတောင်နှစ်ဆယ်၊ အမြင့်အတောင်တရာ နှစ်ဆယ်ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။
5 ၅ အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
၅အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။
6 ၆ မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
၆အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှါ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။
7 ၇ သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
၇အိမ်တော်၏ထုပ်၊ လျောက်တိုင်၊ ထရုံ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ၏။
8 ၈ အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
၈အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ၏။
9 ၉ ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
၉ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။
10 ၁၀ မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
၁၀အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။
11 ၁၁ ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-
၁၁ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည်၏။
၁၂အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ၏။
၁၃ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ်၏။
14 ၁၄ အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
၁၄ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ် သော ကုလားတာကိုလည်း လုပ်လေ၏။
15 ၁၅ မင်းကြီးသည်ငါးဆယ့်နှစ်ပေမြင့်သောတိုင် ကြီးနှစ်လုံးကိုသွန်းလုပ်ပြီးလျှင်ဗိမာန်တော် ၏ရှေ့တွင်ထားတော်မူ၏။ တိုင်ထိပ်တစ်ခုစီ ပေါ်တွင်ခုနစ်ပေခွဲမြင့်သောတိုင်အုပ်ရှိ၏။-
၁၅အရှည်သုံးဆယ်ငါးထောင်ရှိသော တိုင်နှစ်တိုင် ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။
16 ၁၆ တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
၁၆ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ကြိုးများကိုလည်း လုပ်၍တိုင်ထိပ်အပေါ်မှာ ထား၏။ သလဲသီးအလုံးတရာ တို့ကိုလည်း လုပ်၍ကြိုးပေါ်မှာ ဆွဲထား၏။
17 ၁၇ ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။
၁၇ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ျာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။