< ၂ ရာဇဝင်ချုပ် 3 >
1 ၁ ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-
၁
၂ယေရုရှလင် မြို့တွင် ၊ မောရိ တောင် ပေါ် မှာ ခမည်းတော် ဒါဝိဒ် အား ထာဝရဘုရား ထင်ရှား တော်မူရာအရပ် ၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း ကို ဒါဝိဒ် ပြင်ဆင် ခဲ့ပြီးသော အရပ် ၌ ရှောလမုန် သည် နန်းစံ လေး နှစ် ၊ ဒုတိယ လ ၊ နှစ် ရက်နေ့တွင် ထာဝရဘုရား ၏ အိမ် တော်ကို တည် စ ပြုတော်မူ၏။
3 ၃ ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။-
၃ရှောလမုန် သည် ဘုရားသခင် ၏အိမ် တော်ကို တည်ဆောက် ခြင်းအမှု၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ၊ သံတောင် အားဖြင့် အလျား သည် အတောင် ခြောက်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ရှိ၏။
4 ၄ ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
၄အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့်ညီ၍ အလျား အတောင် နှစ်ဆယ် ၊ အမြင့် အတောင်တရာ နှစ်ဆယ် ရှိ၏။ ရွှေစင် နှင့် မွမ်းမံ လျက်ရှိ၏။
5 ၅ အခန်းမကြီးမှာစွန်ပလွံပင်နှင့် ကွန်ရွက် ပုံသဏ္ဌာန်များထုလုပ်ထားသောသစ်ကတိုး သားပျဉ်များတပ်ဆင်ကာရွှေဖြင့်မွမ်းမံ ထား၏။-
၅အိမ် တော်အတွင်းအမိုးကို ထင်းရူး ပျဉ်ပြား ဖြင့် ပြီးစေလျက် စွန်ပလွံ ပင်များနှင့် ကြိုး များတို့ကို ထု ၍ ရွှေစင် နှင့် မွမ်းမံ လေ၏။
6 ၆ မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
၆အိမ် တော်၌ အသရေ တင့်တယ်စေခြင်းငှါ ကျောက် မြတ် တို့ကို စီချယ် ၏။ မွမ်းမံသောရွှေ သည် ပါရဝိမ် ရွှေ ဖြစ်၏။
7 ၇ သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
၇အိမ် တော်၏ထုပ် ၊ လျောက်၊ တိုင်၊ ထရံ ၊ တံခါးရွက် တို့ကို ရွှေ နှင့် မွမ်းမံ ၍ ထရံ ပေါ် မှာ ခေရုဗိမ် အရုပ် များကို ထု လေ၏။
8 ၈ အလွန်သန့်ရှင်းရာဌာနတော်ဟုနာမည်တွင် သောအတွင်းခန်းသည်အလျားမှာပေသုံးဆယ်၊ အနံမှာဗိမာန်တော်အနံအတိုင်းပေသုံးဆယ် ရှိ၏။ အလွန်သန့်ရှင်းရာဌာနတော်ကိုမွမ်းမံ ရန်ရွှေနှစ်ဆယ့်ငါးတန်ကိုအသုံးပြုတော် မူ၏။-
၈အလွန် သန့်ရှင်းရာ ဌာန တော်ကိုလည်း အိမ် တော်အနံ နှင့်ညီစွာ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် လုပ်၍ ရွှေစင် အခွက် ခြောက် ထောင် နှင့် မွမ်းမံ လေ၏။
9 ၉ ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
၉ရွှေ မှိုအချိန် ကား အကျပ် ငါးဆယ် ရှိ၏။ အထက် ခန်းတို့ကိုလည်း ရွှေ နှင့်မွမ်းမံ ၏။
10 ၁၀ မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
၁၀အလွန်သန့်ရှင်း သော အခန်း ၌ ခေရုဗိမ် နှစ်ပါး ကို ထု လုပ်၍ ရွှေ နှင့် မွမ်းမံ ၏။
11 ၁၁ ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-
၁၁ခေရုဗိမ် အတောင် တို့သည် အတောင် နှစ်ဆယ် ရှည် ၏။
၁၂အတောင် တဘက်လျှင် အလျားငါး တောင် စီ ရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တဘက်စီအိမ် တော်ထရံ ကို မှီ လျက် ရှိကြ၏။
၁၃ထို ခေရုဗိမ် တို့သည် အတွင်း သို့ မျက်နှာ ပြုလျက် ၊ မတ်တတ် နေ၍ အတောင် တို့ကို ဖြန့် သဖြင့် အတောင် နှစ်ဆယ် ကျယ်၏။
14 ၁၄ အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
၁၄ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သော အထည်၊ ပိတ်ချော ဖြင့် ပြီး၍ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ ကိုလည်း လုပ် လေ၏။
15 ၁၅ မင်းကြီးသည်ငါးဆယ့်နှစ်ပေမြင့်သောတိုင် ကြီးနှစ်လုံးကိုသွန်းလုပ်ပြီးလျှင်ဗိမာန်တော် ၏ရှေ့တွင်ထားတော်မူ၏။ တိုင်ထိပ်တစ်ခုစီ ပေါ်တွင်ခုနစ်ပေခွဲမြင့်သောတိုင်အုပ်ရှိ၏။-
၁၅အရှည်သုံးဆယ် ငါး တောင် ရှိသောတိုင် နှစ် တိုင် ကိုလည်း လုပ် ၍ အိမ် တော်ရှေ့ မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ၏။
16 ၁၆ တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
၁၆ဗျာဒိတ် ဌာနတော်၌ ရှိသကဲ့သို့ကြိုး များကိုလည်း လုပ် ၍ တိုင် ထိပ် အပေါ် မှာထား ၏။ သလဲသီး အလုံးတရာ တို့ကိုလည်း လုပ် ၍ ကြိုး ပေါ် မှာ ဆွဲ ထား၏။
17 ၁၇ ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။
၁၇ထိုတိုင် တို့ကို ဗိမာန် တော်ရှေ့ မှာ လက်ျာ ဘက် လက်ဝဲ ဘက်၌ စိုက် ထား၍ ၊ လက်ျာ တိုင်ကိုယာခိန် ၊ လက်ဝဲ တိုင်ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။