< ၂ ရာဇဝင်ချုပ် 29 >
1 ၁ ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။-
E Ezequias começou a reinar sendo de vinte e cinco anos, e reinou vinte e nove anos em Jerusalém. O nome de sua mãe foi Abia, filha de Zacarias.
2 ၂ သူသည်ဘေးတော်ဒါဝိဒ်မင်း၏စံနမူနာ ကိုလိုက်၍ ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။
E fez o que era correto aos olhos do SENHOR, conforme a todas as coisas que havia feito Davi seu pai.
3 ၃ ဟေဇကိသည်မိမိနန်းတက်သည့်နှစ် ပထမလ၌ ဗိမာန်တော်တံခါးများကို ပြန်လည်ဖွင့်လှစ်၍ပြုပြင်စေတော်မူ၏။-
No primeiro ano de seu reinado, no mês primeiro, abriu as portas da casa do SENHOR, e as reparou.
4 ၄ သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အား ဗိမာန်တော်အရှေ့တံတိုင်းအတွင်း တွင်စုဝေးစေပြီးလျှင်၊-
E fez vir os sacerdotes e levitas, e juntou-os na praça oriental.
5 ၅ မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
E disse-lhes: Ouvi-me, levitas, e santificai-vos agora, e santificareis a casa do SENHOR o Deus de vossos pais, e tirareis do santuário a imundícia.
6 ၆ ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
Porque nossos pais se rebelaram, e fizeram o que era mau aos olhos do SENHOR nosso Deus; que lhe deixaram, e apartaram seus olhos do tabernáculo do SENHOR, e lhe voltaram as costas.
7 ၇ သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
E ainda fecharam as portas do pórtico, e apagaram as lâmpadas; não queimaram incenso, nem sacrificaram holocausto no santuário ao Deus de Israel.
8 ၈ သို့ဖြစ်၍ထာဝရဘုရားသည်ယုဒပြည် နှင့် ယေရုရှလင်မြို့တို့ကိုအမျက်ထွက်၍ ပြုတော်မူသောအမှုတို့ကို မြင်ရကြသူ အပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ ကုန်၏။ ဤအဖြစ်အပျက်ကိုသင်တို့ကောင်း စွာသိကြ၏။-
Portanto a ira do SENHOR veio sobre Judá e Jerusalém, e os entregou à aflição, ao espanto, e ao escárnio, como vedes vós com vossos olhos.
9 ၉ ငါတို့၏ဖခင်များသည်စစ်ပွဲတွင်ကျဆုံး ခဲ့ကြ၍ ငါတို့သားမယားများသည်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းကိုခံရကြလေ သည်။
E eis que nossos pais caíram à espada, nossos filhos e nossas filhas e nossas mulheres estão em cativeiro por isso.
10 ၁၀ ``အမျက်တော်ပြေစေရန်ယခုငါသည် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားနှင့်ပဋိညာဉ်ပြုရန်အကြံ ရှိ၏။-
Agora, pois, eu determinei fazer aliança com o SENHOR o Deus de Israel, para que afaste de nós a ira de seu furor.
11 ၁၁ ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
Filhos meus, não vos enganeis agora, porque o SENHOR vos escolheu para que estejais diante dele, e lhe sirvais, e sejais seus ministros, e lhe queimeis incenso.
12 ၁၂ ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။
Então os levitas se levantaram, Maate filho de Amasai, e Joel filho de Azarias, dos filhos de Coate; e dos filhos de Merari, Quis filho de Abdi, e Azarias filho de Jealelel; e dos filhos de Gérson, Joá filho de Zima, e Éden filho de Joá;
E dos filhos de Elisafã, Sinri e Jeuel; e dos filhos de Asafe, Zacarias e Matanias;
E dos filhos de Hemã, Jeiel e Simei; e dos filhos de Jedutum, Semaías e Uziel.
15 ၁၅ ထိုသူတို့သည်လေဝိအနွယ်ဝင်အချင်း ချင်းတို့အားစုဝေးစေပြီးလျှင် ဘာသာ ရေးထုံးနည်းအရသန့်စင်မှုကိုပြုစေ ကြ၏။ ထိုနောက်သူတို့သည်မင်းကြီးမိန့် မှာတော်မူခဲ့သည့်အတိုင်း ထာဝရဘုရား ၏တရားနှင့်အညီဗိမာန်တော်ကို သန့်စင်စေကြ၏။-
Estes juntaram a seus irmãos, e santificaram-se, e entraram, conforme ao mandamento do rei e as palavras do SENHOR, para limpar a casa do SENHOR.
16 ၁၆ ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
E entrando os sacerdotes dentro da casa do SENHOR para limpá-la, tiraram toda a imundícia que acharam no templo do SENHOR, ao átrio da casa do SENHOR; a qual tomaram os levitas, para tirá-la fora ao ribeiro de Cedrom.
17 ၁၇ သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။
E começaram a santificar o primeiro do mês primeiro, e aos oito do mesmo mês vieram ao pórtico do SENHOR: e santificaram a casa do SENHOR em oito dias, e no dezesseis do mês primeiro acabaram.
18 ၁၈ လေဝိအနွယ်ဝင်တို့သည် ဟေဇကိမင်း အား``အကျွန်ုပ်တို့သည်မီးရှို့ရာပူဇော် သကာများအတွက်ယဇ်ပလ္လင်၊ ရှေ့တော်မုန့် တင်ရာစားပွဲနှင့်အသုံးအဆောင်များ အပါအဝင်ဗိမာန်တော်တစ်ခုလုံးကို ဘာသာရေးထုံးနည်းအရသန့်စင်မှု ဆောင်ရွက်ပြီးကြပါပြီ။-
Logo passaram ao rei Ezequias e disseram-lhe: Já limpamos toda a casa do SENHOR, o altar do holocausto, e todos seus instrumentos, e a mesa da proposição com todos seus utensílios.
19 ၁၉ အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။
Assim preparamos e santificamos todos os vasos que em sua transgressão havia descartado o rei Acaz, quando reinava: e eis que estão diante do altar do SENHOR.
20 ၂၀ ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။-
E levantando-se de manhã o rei Ezequias reuniu os principais da cidade, e subiu à casa do SENHOR.
21 ၂၁ မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
E apresentaram sete novilhos, sete carneiros, sete cordeiros, e sete bodes, para expiação pelo reino, pelo santuário e por Judá. E disse aos sacerdotes filhos de Arão, que os oferecessem sobre o altar do SENHOR.
22 ၂၂ ယဇ်ပုရောဟိတ်တို့သည်ဦးစွာနွားများ ကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက် ဖြန်းကြ၏။ ထိုနောက်သိုးများကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။ ထိုနောက်သိုးငယ်များကိုသတ်၍သွေး ကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။-
Mataram, pois, os bois, e os sacerdotes tomaram a sangue, e espargiram-na sobre o altar; mataram logo os carneiros, e espargiram o sangue sobre o altar; também mataram os cordeiros, e espargiram o sangue sobre o altar.
23 ၂၃ နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။-
Fizeram depois chegar os bodes da expiação diante do rei e da multidão, e puseram sobre eles suas mãos:
24 ၂၄ ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
E os sacerdotes os mataram, e expiando espargiram o sangue deles sobre o altar, para reconciliar a todo Israel: porque por todo Israel mandou o rei fazer o holocausto e a expiação.
25 ၂၅ မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
Pôs também levitas na casa do SENHOR com címbalos, e saltérios, e harpas, conforme ao mandamento de Davi, e de Gade vidente do rei, e de Natã profeta: porque aquele mandamento foi por mão do SENHOR, por meio de seus profetas.
26 ၂၆ သူတို့သည်ဒါဝိဒ်မင်းအသုံးပြုခဲ့သော တူရိယာမျိုးများကိုကိုင်၍ရပ်နေကြ၏။ ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုင်၍ရပ်နေကြ၏။-
E os levitas estavam com os instrumentos de Davi, e os sacerdotes com trombetas.
27 ၂၇ မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
Então mandou Ezequias sacrificar o holocausto no altar; e ao tempo que começou o holocausto, começou também o cântico do SENHOR, com as trombetas e os instrumentos de Davi rei de Israel.
28 ၂၈ ထိုအရပ်တွင်ရှိနေသောသူအပေါင်းတို့ သည် ယဇ်များကိုမီးရှို့ပူဇော်ပြီးသည် အထိပါဝင်၍ဝတ်ပြုကိုးကွယ်ကြ၏။ သီချင်းသီဆိုသူများကသီချင်းသီဆို၍ တံပိုးခရာမှုတ်သူများကတံပိုးခရာ မှုတ်ကြကုန်၏။-
E toda a multidão adorava, e os cantores cantavam, e os trombetas soavam as trombetas; tudo até acabar-se o holocausto.
29 ၂၉ ထိုနောက်မင်းကြီးနှင့်ပြည်သူအပေါင်းတို့ သည်ဒူးထောက်လျက် ဘုရားသခင်အား ရှိခိုးကြလေသည်။-
E quando acabaram de oferecer, inclinou-se o rei, e todos os que com ele estavam, e adoraram.
30 ၃၀ ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
Então o rei Ezequias e os príncipes disseram aos levitas que louvassem ao SENHOR pelas palavras de Davi e de Asafe vidente: e eles louvaram com grande alegria, e inclinando-se adoraram.
31 ၃၁ ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
E respondendo Ezequias disse: Vós vos haveis consagrado agora ao SENHOR; achegai-vos pois, e apresentai sacrifícios e louvores na casa do SENHOR. E a multidão apresentou sacrifícios e louvores; e todo generoso de coração, holocaustos.
32 ၃၂ သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊-
E foi o número dos holocaustos que trouxe a congregação, setenta bois, cem carneiros, duzentos cordeiros; tudo para o holocausto do SENHOR.
33 ၃၃ လူတို့စားရန်အတွက်နွားကောင်ရေခြောက် ရာနှင့် သိုးကောင်ရေသုံးထောင်ကိုလည်း ယဇ် ပူဇော်ဖို့ယူဆောင်လာကြ၏။-
E as ofertas foram seiscentos bois, e três mil ovelhas.
34 ၃၄ ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
Mas os sacerdotes eram poucos, e não podiam o suficiente a tirar o couro dos holocaustos; e assim seus irmãos os levitas lhes ajudaram até que acabaram a obra, e até que os sacerdotes se santificaram: porque os levitas tiveram maior prontidão de coração para se santificarem que os sacerdotes.
35 ၃၅ တစ်ကောင်လုံးမီးရှို့ပူဇော်ရသည့်ယဇ် များအပြင် လူတို့စားသုံးသည့်ယဇ်များ မှဆီဥကိုမီးရှို့ပူဇော်မှု၊ မီးရှို့ရာပူဇော် သကာများနှင့်အတူဆက်ကပ်ရသည့် စပျစ်ရည်ကို သွန်းလောင်းပူဇော်မှုတို့ကို လည်းယဇ်ပုရောဟိတ်များကတာဝန် ယူရကြလေသည်။ သို့ဖြစ်၍ဗိမာန်တော်၌ဝတ်ပြုကိုးကွယ် မှုသည်ပြန်လည်တည်မြဲလေ၏။-
Assim, pois, havia grande abundância de holocaustos, com gorduras de ofertas pacíficas, e libações de cada holocausto. E ficou ordenado o serviço da casa do SENHOR.
36 ၃၆ ထာဝရဘုရားသည်ဤအမှုတို့ကိုလျင် မြန်စွာဆောင်ရွက်နိုင်ခွင့်ပေးတော်မူသဖြင့် ဟေဇကိမင်းနှင့်ပြည်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
E alegrou-se Ezequias, e todo o povo, de que Deus houvesse preparado o povo; porque a coisa foi prontamente feita.