< ၂ ရာဇဝင်ချုပ် 29 >

1 ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။-
Ezekias var fem og tyve Aar gammel, da han blev Konge, og han herskede ni og tyve Aar i Jerusalem. Hans Moder hed Abija og var en Datter af Zekarja.
2 သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။
Han gjorde, hvad der var ret i HERRENS Øjne, ganske som hans Fader David.
3 ဟေ​ဇ​ကိ​သည်​မိ​မိ​နန်း​တက်​သည့်​နှစ် ပ​ထ​မ​လ​၌ ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပြန်​လည်​ဖွင့်​လှစ်​၍​ပြု​ပြင်​စေ​တော်​မူ​၏။-
I sit første Regeringsaars første Maaned lod han HERRENS Hus's Porte aabne og sætte i Stand.
4 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​တို့​အား ဗိ​မာန်​တော်​အ​ရှေ့​တံ​တိုင်း​အ​တွင်း တွင်​စု​ဝေး​စေ​ပြီး​လျှင်၊-
Derpaa lod han Præsterne og Leviterne komme, samlede dem paa den aabne Plads mod Øst
5 မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​သည်။ မင်း​ကြီး က``အ​ချင်း​လေ​ဝိ​အ​နွယ်​ဝင်​တို့၊ သင်​တို့ သည်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ပူ​ဇော်​လျက် သင်​တို့​ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​သန့်​စင်​မှု ကို​ဆောင်​ရွက်​ကြ​လော့။ ဗိ​မာန်​တော်​ကို​ညစ် ညမ်း​စေ​သည့်​အ​ရာ​ဟူ​သ​မျှ​ကို​ဖယ်​ရှား ကြ​လော့။-
og sagde til dem: »Hør mig, Leviter! Helliger nu eder selv og helliger HERRENS, eders Fædres Guds, Hus og faa det urene ud af Helligdommen.
6 ငါ​တို့​ဘိုး​ဘေး​များ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​ဖောက်​၍ ကိုယ်​တော်​မ​နှစ်​သက်​သည့်​အ​မှု​တို့​ကို​ပြု ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​စွန့်​၍ စံ​တော်​မူ​ရာ​ဌာ​န​ကို​ကျော​ခိုင်း​ကြ​၏။-
Thi vore Fædre var troløse og gjorde, hvad der var ondt i HERREN vor Guds Øjne, de forlod ham, idet de vendte Ansigtet bort fra HERRENS Bolig og vendte den Ryggen;
7 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပိတ်​ထား​ပြီး​လျှင် မီး​ခွက်​များ​တွင်​မီး​ငြိမ်း စေ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​မှု​မ​ပြု​ကြ။ မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​လည်း​မ​ဆက်​သ​ကြ။-
de lukkede endog Forhallens Porte, slukkede Lamperne, brændte ikke Røgelse og bragte ikke Israels Gud Brændofre i Helligdommen.
8 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​ပြည် နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​ကို​အ​မျက်​ထွက်​၍ ပြု​တော်​မူ​သော​အ​မှု​တို့​ကို မြင်​ရ​ကြ​သူ အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​ကောင်း စွာ​သိ​ကြ​၏။-
Derfor kom HERRENS Vrede over Juda og Jerusalem, og han gjorde dem til Rædsel, Forfærdelse og Skændsel, som I kan se med egne Øjne.
9 ငါ​တို့​၏​ဖ​ခင်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​ကြ​၍ ငါ​တို့​သား​မ​ယား​များ​သည်​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ​ကြ​လေ သည်။
Se, vore Fædre er faldet for Sværdet, vore Sønner, Døtre og Hustruer ført i Fangenskab for den Sags Skyld.
10 ၁၀ ``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-
Men nu har jeg i Sinde at slutte en Pagt med HERREN, Israels Gud, for at hans glødende Vrede maa vende sig fra os.
11 ၁၁ ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်၊ ထာ​ဝရ​ဘု​ရား အား​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရန်​နှင့် ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​တွင်​ဦး​ဆောင် ရန် ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​သူ​များ​မှာ သင်​တို့​ပင်​ဖြစ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
Saa lad det nu, mine Sønner, ikke skorte paa Iver, thi eder har HERREN udvalgt til at staa for hans Aasyn og tjene ham og til at være hans Tjenere og tænde Offerild for ham!«
12 ၁၂ ထို​အ​ရပ်​၌​ရှိ​သော​လေဝိ​အ​နွယ်​ဝင်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကော​ဟပ်​သား​ချင်း စု​မှ​အာ​မ​သဲ​၏​သား​မာ​ဟတ်​နှင့်​အာ​ဇ​ရိ ၏​သား​ယော​လ။ မေ​ရာ​ရိ​သား​ချင်း​စု​မှ​အာ ဗ​ဒိ​၏​သား​ကိ​ရှ​နှင့်​ယေ​ဟ​လေ​လ​၏​သား အာ​ဇ​ရိ။ ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​ဇိမ္မ​၏​သား ယော​အာ​နှင့်​ယော​အာ​၏​သား​ဧ​ဒင်။ ဧ​လိ ဇ​ဖန်​သား​ချင်း​စု​မှ​ရှိ​မ​ရိ​နှင့်​ယေ​ယေ​လ။ အာ​သပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မတ္တ​နိ။ ဟေ​မန်​သား​ချင်း​စု​မှ​ယေ​ဟေ​လ​နှင့်​ရှိ​မိ။ ယေ​ဒု​သုန်​သား​ချင်း​စု​မှ​ရှေ​မာ​ယ​နှင့် သြ​ဇေ​လ။
Da rejste følgende Leviter sig: Mahat, Amasajs Søn, og Joel, Azarjas Søn, af Kehatiternes Sønner; af Merariterne Kisj, Abdis Søn, og Azarja, Jehallel'els Søn; af Gersoniterne Joa, Zimmas Søn, og Eden, Joas Søn;
13 ၁၃
af Elizafans Sønner Sjimri og Je'uel; af Asafs Sønner Zekarja og Mattanja;
14 ၁၄
af Hemans Sønner Jehiel og Sjim'i; og af Jedutuns Sønner Sjemaja og Uzziel;
15 ၁၅ ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။-
og de samlede deres Brødre, og de helligede sig og skred saa efter Kongens Befaling til at rense HERRENS Hus i Henhold til HERRENS Forskrifter.
16 ၁၆ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။
Og Præsterne gik ind i det indre af HERRENS Hus for at rense det, og alt det urene, de fandt i HERRENS Tempel, bragte de ud i HERRENS Hus's Forgaard, hvor Leviterne tog imod det for at bringe det ud i Kedrons Dal.
17 ၁၇ သူ​တို့​သည်​ပ​ထ​မ​လ​တစ်​ရက်​နေ့​မှ​အ​စ ပြု​၍ မုခ်​ဦး​ခန်း​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် သန့်​စင်​မှု​ကို​ဆောင်​ရွက်​ကြ​ရာ​ရှစ်​ရက်​နေ့ ၌​ပြီး​စီး​သွား​၏။ ထို​နောက်​သူ​တို့​သည် ထပ်​မံ​၍​ရှစ်​ရက်​တိုင်​တိုင် လ​ဆန်း​တစ်​ဆယ့် ခြောက်​ရက်​နေ့​အ​ထိ​ဗိ​မာန်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​မှု​အ​တွက်​ပြင်​ဆင်​ကြ​လေ သည်။
Paa den første Dag i den første Maaned begyndte de at hellige, og paa den ottende Dag i Maaneden var de kommet til HERRENS Forhal; saa helligede de HERRENS Hus i otte Dage, og paa den sekstende Dag i den første Maaned var de færdige.
18 ၁၈ လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။-
Derpaa gik de ind til Kong Ezekias og sagde: »Vi har nu renset hele HERRENS Hus, Brændofferalteret med alt, hvad der hører dertil, og Skuebrødsbordet med alt, hvad der hører dertil;
19 ၁၉ အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​အား​အာ ခတ်​မင်း​သစ္စာ​ဖောက်​စဉ်​အ​ခါ​က ယူ​သွား သည့်​အ​သုံး​အ​ဆောင်​များ​ကို​လည်း​ပြန် ၍​ယူ​ဆောင်​ကာ​ပြန်​လည်​ဆက်​ကပ်​ပြီး ကြ​ပါ​ပြီ။ ထို​အ​ရာ​အား​လုံး​သည် ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် ရှိ​ပါ​၏'' ဟု​သံ​တော်​ဦး​တင်​ကြ​၏။
og alle de Kar, som Kong Akaz i sin Troløshed vanhelligede, da han var Konge, dem har vi bragt paa Plads og helliget; se, de staar nu foran HERRENS Alter!«
20 ၂၀ ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။-
Næste Morgen tidlig samlede Kong Ezekias Byens Øverster og gik op til HERRENS Hus.
21 ၂၁ မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။-
Derpaa bragte man syv Tyre, syv Vædre, syv Lam og syv Gedebukke til Syndoffer for Riget, Helligdommen og Juda; og han bød Arons Sønner Præsterne ofre dem paa HERRENS Alter.
22 ၂၂ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။-
De slagtede saa Tyrene, og Præsterne tog imod Blodet og sprængte det paa Alteret; saa slagtede de Vædrene og sprængte Blodet paa Alteret; saa slagtede de Lammene og sprængte Blodet paa Alteret;
23 ၂၃ နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။-
endelig bragte de Syndofferbukkene frem for Kongen og Forsamlingen, og de lagde Hænderne paa dem;
24 ၂၄ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။
saa slagtede Præsterne dem og bragte Blodet paa Alteret som Syndoffer for at skaffe hele Israel Soning; thi Kongen havde sagt, at Brændofferet og Syndofferet skulde være for hele Israel.
25 ၂၅ မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-
Og han opstillede Leviterne ved HERRENS Hus med Cymbler, Harper og Citre efter Davids, Kongens Seer Gads og Profeten Natans Bud, thi Budet var givet af HERREN gennem hans Profeter.
26 ၂၆ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-
Og Leviterne stod med Davids Instrumenter og Præsterne med Trompeterne.
27 ၂၇ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-
Derpaa bød Ezekias, at Brændofferet skulde ofres paa Alteret, og samtidig med Ofringen begyndte ogsaa HERRENS Sang og Trompeterne, ledsaget af Kong David af Israels Instrumenter.
28 ၂၈ ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။-
Da kastede hele Forsamlingen sig til Jorden, medens Sangen lød og Trompeterne Klang, og alt dette varede, til man var færdig med Brændofferet.
29 ၂၉ ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။-
Saa snart man var færdig med Brændofferet, knælede Kongen og alle, der var hos ham, ned og tilbad.
30 ၃၀ ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။
Derpaa bød Kong Ezekias og Øversterne Leviterne at lovsynge HERREN med Davids og Seeren Asafs Ord; og de sang Lovsangen med Jubel og bøjede sig og tilbad.
31 ၃၁ ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-
Ezekias tog da til Orde og sagde: »I har nu indviet eder til HERREN; saa træd da frem og bring Slagtofre og Lovprisningsofre til HERRENS Hus!« Saa bragte Forsamlingen Slagtofre og Lovprisningsofre, og enhver, hvis Hjerte tilskyndede ham dertil, bragte Brændofre.
32 ၃၂ သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-
De Brændofre, Forsamlingen bragte, udgjorde 70 Stykker Hornkvæg, 100 Vædre og 200 Lam, alt som Brændofre til HERREN;
33 ၃၃ လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။-
og Helligofrene udgjorde 600 Stykker Hornkvæg og 3000 Stykker Smaakvæg.
34 ၃၄ ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-)
Dog var Præsterne for faa til at flaa Huden af alle Brændofrene, derfor hjalp deres Brødre Leviterne dem, indtil Arbejdet var fuldført og Præsterne havde helliget sig; thi Leviterne viste redeligere Vilje til at hellige sig end Præsterne.
35 ၃၅ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရ​သည့်​ယဇ် များ​အ​ပြင် လူ​တို့​စား​သုံး​သည့်​ယဇ်​များ မှ​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​မှု၊ မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​နှင့်​အ​တူ​ဆက်​ကပ်​ရ​သည့် စ​ပျစ်​ရည်​ကို သွန်း​လောင်း​ပူ​ဇော်​မှု​တို့​ကို လည်း​ယဇ်​ပု​ရော​ဟိတ်​များ​က​တာ​ဝန် ယူ​ရ​ကြ​လေ​သည်။ သို့​ဖြစ်​၍​ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ် မှု​သည်​ပြန်​လည်​တည်​မြဲ​လေ​၏။-
Desuden var der en Mængde Brændofre, hvortil kom Fedtstykkerne af Takofrene og Drikofrene til Brændofrene. Saaledes bragtes Tjenesten i HERRENS Hus i Orden.
36 ၃၆ ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။
Og Ezekias og alt Folket glædede sig over, hvad Gud havde beredt Folket, thi det hele var sket saa hurtigt.

< ၂ ရာဇဝင်ချုပ် 29 >