< ၂ ရာဇဝင်ချုပ် 28 >
1 ၁ အာခတ်သည်အသက်နှစ်ဆယ်၌နန်းတက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်း စံရလေသည်။ သူသည်ဘေးတော်ဒါဝိဒ်မင်း ၏ကောင်းသောစံနမူနာကိုမလိုက်ဘဲ ထာဝရဘုရားမနှစ်သက်သောအမှုတို့ ကိုပြု၍၊-
Viginti annorum erat Achaz cum regnare cœpisset: et sedecim annis regnavit in Ierusalem: non fecit rectum in conspectu Domini sicut David pater eius:
2 ၂ ဣသရေလဘုရင်တို့၏လမ်းစဉ်ကိုလိုက်၏။ သူသည်ဗာလဘုရား၏ရုပ်တုများကို သွန်းလုပ်စေ၍၊-
sed ambulavit in viis regum Israel, insuper et statuas fudit Baalim.
3 ၃ ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
Ipse est, qui adolevit incensum in Valle Benennom, et lustravit filios suos in igne iuxta ritum gentium, quas interfecit Dominus in adventu filiorum Israel.
4 ၄ ရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။
Sacrificabat quoque, et thymiama succendebat in excelsis, et in collibus, et sub omni ligno frondoso.
5 ၅ အာခတ်သည်အပြစ်ပြုသဖြင့်ထာဝရဘုရား သည် ရှုရိဘုရင်အားသူ့ကိုနှိမ်နင်း၍ ယုဒပြည် သူအမြောက်အမြားကိုသုံ့ပန်းများအဖြစ် ဖြင့် ဒမာသက်မြို့သို့သိမ်းသွားခွင့်ပေးတော် မူ၏။ ထာဝရဘုရားသည်ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာအားအာခတ်ကို နှိမ်နင်း၍တစ်နေ့ချင်းတွင် ယုဒတပ်သား တစ်သိန်းနှစ်သောင်းကိုလည်းသတ်ဖြတ်ခွင့် ပေးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရား အားစွန့်ပစ်ကြသဖြင့် ကိုယ်တော်သည် ဤသို့ဖြစ်ပျက်စေတော်မူခြင်းဖြစ် သတည်း။-
Tradiditque eum Dominus Deus eius in manu regis Syriæ, qui percussit eum, magnamque prædam cepit de eius imperio, et adduxit in Damascum: manibus quoque regis Israel traditus est, et percussus plaga grandi.
Occiditque Phacee, filius Romeliæ, de Iuda centum viginti millia in die uno, omnes viros bellatores: eo quod reliquissent Dominum Deum patrum suorum.
7 ၇ ဇိခရိဆိုသူဣသရေလတပ်သားတစ်ယောက် သည် အာခတ်၏သားတော်မာသေယ၊ နန်းတော် အုပ်ချုပ်ရေးမှူးအာဇရိကံနှင့်ဘုရင့်အမတ် ချုပ်ဧလကာနတို့ကိုလုပ်ကြံသတ်ဖြတ် လိုက်လေသည်။-
Eodem tempore occidit Zechri, vir potens ex Ephraim, Maasiam filium regis, et Ezricam ducem domus eius, Elcanam quoque secundum a rege.
8 ၈ ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။
Ceperuntque filii Israel de fratribus suis ducenta millia mulierum, puerorum, et puellarum, et infinitam prædam: pertuleruntque eam in Samariam.
9 ၉ သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။-
Ea tempestate erat ibi propheta Domini, nomine Oded: qui egressus obviam exercitui venienti in Samariam, dixit eis: Ecce iratus Dominus Deus patrum vestrorum contra Iuda, tradidit eos in manibus vestris, et occidistis eos atrociter, ita ut ad cælum pertingeret vestra crudelitas.
10 ၁၀ ယခုအခါ၌လည်းယေရုရှလင်မြို့သူမြို့ သားများနှင့်ယုဒပြည်သူတို့အားကျွန်ခံ စေရန် သင်တို့အကြံရှိကြပါသည်တကား။ သင်တို့သည်လည်းသင်တို့ဘုရားသခင် ထာဝရဘုရားကိုပြစ်မှားသူများဖြစ် သည်ကိုမသိကြပါသလော။-
Insuper filios Iuda, et Ierusalem vultis vobis subiicere in servos et ancillas, quod nequaquam facto opus est: peccastis enim super hoc Domino Deo vestro.
11 ၁၁ ငါ့စကားကိုနားထောင်ကြလော့။ ဤသုံ့ပန်း များသည် ငါတို့၏ညီအစ်ကိုများဖြစ်ပေ သည်။ သူတို့ကိုပြန်၍လွှတ်လိုက်ကြလော့။ သို့မဟုတ်ပါမူဘုရားသခင်သည်အမျက် တော်ထွက်၍ သင်တို့အားဒဏ်ခတ်တော်မူ လိမ့်မည်'' ဟုပြော၏။
Sed audite consilium meum, et reducite captivos, quos adduxistis de fratribus vestris, quia magnus furor Domini imminet vobis.
12 ၁၂ ထိုအခါမြောက်ပိုင်းနိုင်ငံအကြီးအကဲ လေးဦးဖြစ်ကြသော ယောဟနန်၏သား အာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ ၏သားဟေဇကိနှင့် ဟာဒလဲ၏သား အာမသာတို့သည်လည်း တပ်မတော်၏ အပြုအမူကိုကန့်ကွက်ကြလေသည်။-
Steterunt itaque viri de principibus filiorum Ephraim, Azarias filius Iohanam, Barachias filius Mosollamoth, Ezechias filius Sellum, et Amasa filius Adali, contra eos, qui veniebant de prælio,
13 ၁၃ သူတို့က``သင်တို့၏သုံ့ပန်းများကိုဤမြို့ ထဲသို့မခေါ်ခဲ့ကြနှင့်။ ငါတို့အားအမျက် တော်ထွက်၍ဒဏ်ခတ်စေလောက်အောင်ပင် ထာဝရဘုရားကိုငါတို့ပြစ်မှားခဲ့လေပြီ။ ယခုသင်တို့သည်ငါတို့အပြစ်ကိုပိုမို ကြီးလာအောင်ပြုလိုကြသည်တကား'' ဟုဆိုကြ၏။-
et dixerunt eis: Non introducetis huc captivos, ne peccemus Domino. Quare vultis adiicere super peccata nostra, et vetera cumulare delicta? Grande quippe peccatum est, et ira furoris Domini imminet super Israel.
14 ၁၄ သို့ဖြစ်၍တပ်မတော်သားတို့သည်ပြည် သူများနှင့် ခေါင်းဆောင်များလက်သို့သုံ့ပန်း များနှင့်လက်ရပစ္စည်းများကိုပေးအပ် လိုက်ကြ၏။-
Dimiseruntque viri bellatores prædam, et universa quæ ceperant coram principibus, et omni multitudine.
15 ၁၅ ပြည်သူတို့သည်သုံ့ပန်းများအားလက်ရ ပစ္စည်းများထဲက အဝတ်အစားဝေငှပေးရေး အတွက်အကြီးအကဲလေးဦးကိုခန့်ကြ ၏။ အကြီးအကဲတို့သည်သုံ့ပန်းများဝတ် ဆင်ရန်အဝတ်အစားများ၊ ဖိနပ်များနှင့် စားရန်အစားအစာအလုံအလောက်ကို ပေး၍ သူတို့၏ဒဏ်ရာများကိုသံလွင်ဆီ နှင့်လိမ်းပေးကြ၏။ အားနည်းသူတို့ကို မြည်းစီးစေလျက် ယုဒနယ်မြေရှိစွန် ပလွံမြို့ခေါ်ယေရိခေါမြို့သို့အရောက် ပို့ကြ၏။ ထိုနောက်ဣသရေလအမျိုး သားတို့သည်ရှမာရိမြို့သို့ပြန်ကြ၏။
Steteruntque viri, quos supra memoravimus, et apprehendentes captivos, omnesque qui nudi erant, vestierunt de spoliis: cumque vestissent eos, et calceassent, et refecissent cibo ac potu, unxissentque propter laborem, et adhibuissent eis curam: quicumque ambulare non poterant, et erant imbecillo corpore, imposuerunt eos iumentis, et adduxerunt Iericho Civitatem Palmarum ad fratres eorum, ipsique reversi sunt in Samariam.
16 ၁၆ ဧဒုံအမျိုးသားတို့သည်ယုဒပြည်ကိုတစ်ဖန် လာရောက်တိုက်ခိုက်ကာ သုံ့ပန်းအမြောက်အမြား ကိုဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အာခတ်မင်း သည်အာရှုရိဘုရင်ထံအကူအညီတောင်း ခံလေသည်။-
Tempore illo misit rex Achaz ad regem Assyriorum, postulans auxilium.
Veneruntque Idumæi, et percusserunt multos ex Iuda, et ceperunt prædam magnam.
18 ၁၈ ထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။-
Philisthiim quoque diffusi sunt per urbes campestres, et ad Meridiem Iuda: ceperuntque Bethsames, et Aialon, et Gaderoth, Socho quoque, et Thamnan, et Gamzo, cum viculis suis, et habitaverunt in eis.
19 ၁၉ ယုဒဘုရင်အာခတ်သည်ပြည်သူတို့အား အခွင့်အရေးများဆုံးရှုံးစေလျက် ထာဝရ ဘုရားကိုသစ္စာဖောက်သဖြင့်ထာဝရဘုရား သည် ယုဒပြည်ကိုဒုက္ခရောက်စေတော်မူ၏။-
Humiliaverat enim Dominus Iudam propter Achaz regem Iuda, eo quod nudasset eum auxilio, et contemptui habuisset Dominum.
20 ၂၀ သို့ဖြစ်၍အာရှုရိဧကရဇ်မင်းတိဂလတ် ပိလေသာသည် အာခတ်အားအကူအညီ ပေးမည့်အစားဆန့်ကျင်ဘက်ပြု၍ဒုက္ခ ရောက်စေ၏။-
Adduxitque contra eum Thelgathphalnasar regem Assyriorum, qui et afflixit eum, et nullo resistente vastavit.
21 ၂၁ အာခတ်သည်ဗိမာန်တော်၊ နန်းတော်နှင့်ပြည် သူခေါင်းဆောင်များ၏အိမ်တို့မှရွှေ၊ ငွေ၊ ဘဏ္ဍာရှိသမျှကိုယူ၍အာရှုရိဘုရင် အားပေးသော်လည်းအကျိုးမရှိချေ။
Igitur Achaz spoliata domo Domini, et domo regum, ac principum, dedit regi Assyriorum munera, et tamen nihil ei profuit.
22 ၂၂ ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
Insuper et tempore angustiæ suæ auxit contemptum in Dominum, ipse per se rex Achaz,
23 ၂၃ သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
immolavit diis Damasci victimas percussoribus suis, et dixit: dii regum Syriæ auxiliantur eis, quos ego placabo hostiis, et aderunt mihi, cum econtrario ipsi fuerint ruinæ ei, et universo Israel.
24 ၂၄ ထို့အပြင်အာခတ်သည်ဗိမာန်တော်အသုံး အဆောင်ရှိသမျှကိုယူ၍ အပိုင်းပိုင်းချိုးဖဲ့ ၏။ ဗိမာန်တော်တံခါးတို့ကိုလည်းပိတ်ထား လိုက်ပြီးလျှင် ယေရုရှလင်မြို့၌အနှံ့ အပြားယဇ်ပလ္လင်များကိုတည်လေသည်။-
Direptis itaque Achaz omnibus vasis domus Dei, atque confractis, clausit ianuas templi Dei, et fecit sibi altaria in universis angulis Ierusalem.
25 ၂၅ သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
In omnibus quoque urbibus Iuda extruxit aras ad cremandum thus, atque ad iracundiam provocavit Dominum Deum patrum suorum.
26 ၂၆ နန်းသက်အစမှအဆုံးအာခတ်ပြုသော အခြားအမှုအရာတို့ကို ယုဒရာဇဝင် နှင့်ဣသရေလရာဇဝင်တွင်ရေးထား သတည်း။-
Reliqua autem sermonum eius, et omnium operum suorum priorum et novissimorum scripta sunt in Libro regum Iuda et Israel.
27 ၂၇ အာခတ်ကွယ်လွန်သောအခါသူ၏အလောင်း ကို ယေရုရှလင်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်များ၏သင်္ချိုင်းတော်တွင်မသင်္ဂြိုဟ်ကြ။ သူ၏သားတော်ဟေဇကိသည်ခမည်းတော် ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
Dormivitque Achaz cum patribus suis, et sepelierunt eum in civitate Ierusalem: neque enim receperunt eum in sepulchra regum Israel. Regnavitque Ezechias filius eius pro eo.