< ၂ ရာဇဝင်ချုပ် 28 >

1 အာ​ခတ်​သည်​အ​သက်​နှစ်​ဆယ်​၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း စံ​ရ​လေ​သည်။ သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း ၏​ကောင်း​သော​စံ​န​မူ​နာ​ကို​မ​လိုက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော​အ​မှု​တို့ ကို​ပြု​၍၊-
亞哈斯登基的時候年二十歲,在耶路撒冷作王十六年;不像他祖大衛行耶和華眼中看為正的事,
2 ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊-
卻行以色列諸王的道,又鑄造巴力的像,
3 ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။-
並且在欣嫩子谷燒香,用火焚燒他的兒女,行耶和華在以色列人面前所驅逐的外邦人那可憎的事;
4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။
並在邱壇上、山岡上、各青翠樹下獻祭燒香。
5 အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။-
所以,耶和華-他的上帝將他交在亞蘭王手裏。亞蘭王打敗他,擄了他許多的民,帶到大馬士革去。上帝又將他交在以色列王手裏,以色列王向他大行殺戮。
6
利瑪利的兒子比加一日殺了猶大人十二萬,都是勇士,因為他們離棄了耶和華-他們列祖的上帝。
7 ဇိ​ခ​ရိ​ဆို​သူ​ဣ​သ​ရေ​လ​တပ်သား​တစ်​ယောက် သည် အာ​ခတ်​၏​သား​တော်​မာ​သေ​ယ၊ နန်း​တော် အုပ်​ချုပ်​ရေး​မှူး​အာ​ဇ​ရိ​ကံ​နှင့်​ဘု​ရင့်​အ​မတ် ချုပ်​ဧ​လ​ကာ​န​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ် လိုက်​လေ​သည်။-
有一個以法蓮中的勇士,名叫細基利,殺了王的兒子瑪西雅和管理王宮的押斯利甘,並宰相以利加拿。
8 ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။
以色列人擄了他們的弟兄,連婦人帶兒女共有二十萬,又掠了許多的財物,帶到撒馬利亞去了。
9 သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။-
但那裏有耶和華的一個先知,名叫俄德,出來迎接往撒馬利亞去的軍兵,對他們說:「因為耶和華-你們列祖的上帝惱怒猶大人,所以將他們交在你們手裏,你們竟怒氣沖天,大行殺戮。
10 ၁၀ ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။-
如今你們又有意強逼猶大人和耶路撒冷人作你們的奴婢,你們豈不也有得罪耶和華-你們上帝的事嗎?
11 ၁၁ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​သုံ့​ပန်း များ​သည် ငါ​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ပေ သည်။ သူ​တို့​ကို​ပြန်​၍​လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​အ​မျက် တော်​ထွက်​၍ သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်'' ဟု​ပြော​၏။
現在你們當聽我說,要將擄來的弟兄釋放回去,因為耶和華向你們已經大發烈怒。」
12 ၁၂ ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။-
於是,以法蓮人的幾個族長-就是約哈難的兒子亞撒利雅、米實利末的兒子比利家、沙龍的兒子耶希西家、哈得萊的兒子亞瑪撒-起來攔擋出兵回來的人,
13 ၁၃ သူ​တို့​က``သင်​တို့​၏​သုံ့​ပန်း​များ​ကို​ဤ​မြို့ ထဲ​သို့​မ​ခေါ်​ခဲ့​ကြ​နှင့်။ ငါ​တို့​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​စေ​လောက်​အောင်​ပင် ထာ​ဝရ​ဘု​ရား​ကို​ငါ​တို့​ပြစ်​မှား​ခဲ့​လေ​ပြီ။ ယ​ခု​သင်​တို့​သည်​ငါ​တို့​အ​ပြစ်​ကို​ပို​မို ကြီး​လာ​အောင်​ပြု​လို​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-
對他們說:「你們不可帶進這被擄的人來!你們想要使我們得罪耶和華,加增我們的罪惡過犯?因為我們的罪過甚大,已經有烈怒臨到以色列人了。」
14 ၁၄ သို့​ဖြစ်​၍​တပ်​မ​တော်​သား​တို့​သည်​ပြည် သူ​များ​နှင့် ခေါင်း​ဆောင်​များ​လက်​သို့​သုံ့​ပန်း များ​နှင့်​လက်​ရ​ပစ္စည်း​များ​ကို​ပေး​အပ် လိုက်​ကြ​၏။-
於是帶兵器的人將擄來的人口和掠來的財物都留在眾首領和會眾的面前。
15 ၁၅ ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။
以上提名的那些人就站起,使被擄的人前來;其中有赤身的,就從所掠的財物中拿出衣服和鞋來,給他們穿,又給他們吃喝,用膏抹他們;其中有軟弱的,就使他們騎驢,送到棕樹城耶利哥他們弟兄那裏;隨後就回撒馬利亞去了。
16 ၁၆ ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။-
那時,亞哈斯王差遣人去見亞述諸王,求他們幫助;
17 ၁၇
因為以東人又來攻擊猶大,擄掠子民。
18 ၁၈ ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။-
非利士人也來侵佔高原和猶大南方的城邑,取了伯‧示麥、亞雅崙、基低羅,梭哥和屬梭哥的鄉村,亭納和屬亭納的鄉村,瑾鎖和屬瑾鎖的鄉村,就住在那裏。
19 ၁၉ ယု​ဒ​ဘု​ရင်​အာခတ်​သည်​ပြည်​သူ​တို့​အား အ​ခွင့်​အ​ရေး​များ​ဆုံး​ရှုံး​စေ​လျက် ထာ​ဝရ ဘု​ရား​ကို​သစ္စာ​ဖောက်​သ​ဖြင့်​ထာ​ဝရ​ဘု​ရား သည် ယု​ဒ​ပြည်​ကို​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။-
因為以色列王亞哈斯在猶大放肆,大大干犯耶和華,所以耶和華使猶大卑微。
20 ၂၀ သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။-
亞述王提革拉‧毗列色上來,卻沒有幫助他,反倒欺凌他。
21 ၂၁ အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။
亞哈斯從耶和華殿裏和王宮中,並首領家內所取的財寶給了亞述王,這也無濟於事。
22 ၂၂ ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-
這亞哈斯王在急難的時候,越發得罪耶和華。
23 ၂၃ သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။-
他祭祀攻擊他的大馬士革之神,說:「因為亞蘭王的神幫助他們,我也獻祭與他,他好幫助我。」但那些神使他和以色列眾人敗亡了。
24 ၂၄ ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။-
亞哈斯將上帝殿裏的器皿都聚了來,毀壞了,且封鎖耶和華殿的門;在耶路撒冷各處的拐角建築祭壇,
25 ၂၅ သူ​သည်​ယု​ဒ​ပြည်​မြို့​ကြီး​မြို့​ငယ်​ဟူ​သ​မျှ တွင် လူ​မျိုး​ခြား​သား​များ​၏​ဘု​ရား​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​၏။ ဤ​နည်း အား​ဖြင့်​မိ​မိ​အ​ပေါ်​သို့ ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​၏​အ​မျက်​တော် ကို​သက်​ရောက်​စေ​လေ​သည်။
又在猶大各城建立邱壇,與別神燒香,惹動耶和華-他列祖上帝的怒氣。
26 ၂၆ နန်း​သက်​အ​စ​မှ​အ​ဆုံး​အာ​ခတ်​ပြု​သော အ​ခြား​အ​မှု​အ​ရာ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင် နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
亞哈斯其餘的事和他的行為,自始至終都寫在猶大和以色列諸王記上。
27 ၂၇ အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို ယေ​ရု​ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​မ​သင်္ဂြိုဟ်​ကြ။ သူ​၏​သား​တော်​ဟေ​ဇ​ကိ​သည်​ခ​မည်း​တော် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
亞哈斯與他列祖同睡,葬在耶路撒冷城裏,沒有送入以色列諸王的墳墓中。他兒子希西家接續他作王。

< ၂ ရာဇဝင်ချုပ် 28 >