< ၂ ရာဇဝင်ချုပ် 27 >
1 ၁ ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ဇာဒုတ်၏သမီးယေရုရှာဖြစ်၏။-
Jotam var tjugufem år gammal när han blev konung, och han regerade sexton år i Jerusalem. Hans moder hette Jerusa, Sadoks dotter.
2 ၂ သူသည်ခမည်းတော်နည်းတူထာဝရဘုရား ၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုတို့ ကိုပြု၏။ သို့ရာတွင်သူသည်ခမည်းတော် ကဲ့သို့ ဗိမာန်တော်ထဲသို့ဝင်၍အပြစ်မကူး လွန်ချေ။ ပြည်သူတို့မူကားအပြစ်ကူးမြဲ ကူးလွန်လျက်နေကြလေသည်။
Han gjorde vad rätt var i HERRENS ögon, alldeles såsom hans fader Ussia hade gjort, vartill kom att han icke trängde in i HERRENS tempel; men folket gjorde ännu vad fördärvligt var.
3 ၃ ဗိမာန်တော်မြောက်တံခါးကိုပြုလုပ်၍ ယေရုရှလင်မြို့၊ သြဖေလအရပ်ရှိမြို့ ရိုးကိုအလွန်ခိုင်ခံ့စေသူမှာယောသံပင် ဖြစ်၏။-
Han byggde Övre porten till HERRENS hus, och på Ofelmuren utförde han stora byggnadsarbeten.
4 ၄ သူသည်ယုဒတောင်ရိုးများပေါ်တွင်မြို့ များကိုတည်၍ တောင်ကုန်းမြင့်များတွင် ခံတပ်များနှင့်မျှော်စင်များကိုတည် ဆောက်ခဲ့၏။
Därtill byggde han städer i Juda bergsbygd, och i skogarna byggde han borgar och torn.
5 ၅ အမ္မုန်ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက် ခိုက်နှိမ်နင်းပြီးလျှင် အမ္မုန်အမျိုးသားတို့ အားလက်ဆောင်ပဏ္ဏာအဖြစ်ဖြင့်တစ်နှစ် လျှင်ငွေချိန်လေးတန်၊ ဂျုံဆန်တင်းငါးသောင်း နှင့် မုယောဆန်တင်းငါးသောင်းကိုသုံးနှစ် တိုင်တိုင်ပေးဆက်စေလေသည်။-
Och när han så kom i strid med Ammons barns konung, blev han dem övermäktig, så att Ammons barn det året måste giva honom ett hundra talenter silver, tio tusen korer vete och tio tusen korer korn. Lika mycket måste Ammons barn erlägga åt honom också nästa år och året därpå.
6 ၆ ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။-
Så mäktig blev Jotam, därför att han vandrade ståndaktigt inför HERREN, sin Gud.
7 ၇ ယောသံ၏နန်းသက်အတွင်းဖြစ်ပျက်သည့် အခြားအမှုအရာများ၊ သူဆင်နွှဲသည့် စစ်ပွဲများနှင့်သူချမှတ်သည့်မူဝါဒများ ကိုဣသရေလရာဇဝင်နှင့်ယုဒရာဇဝင် တို့တွင်ရေးထားသတည်း။-
Vad nu mer är att säga om Jotam och om alla hans krig och andra företag, det finnes upptecknat i boken om Israels och Juda konungar.
8 ၈ ယောသံသည်အသက်နှစ်ဆယ့်ငါးနှစ်၌နန်း တက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက် နှစ်နန်းစံရလေသည်။-
Han var tjugufem år gammal, när han blev konung, och han regerade sexton år i Jerusalem.
9 ၉ သူကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်တွင်သင်္ဂြိုဟ်ကြ၏။ သားတော်အာခတ် သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
Och Jotam gick till vila hos sina fäder, och man begrov honom i Davids stad. Och hans son Ahas blev konung efter honom.