< ၂ ရာဇဝင်ချုပ် 27 >

1 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-
Yothamu alikuwa na umri wa mika ishirini na mitano alipoanza kutawala; alitawala miaka kumi na sita katika Yerusalemu. Jina la mama yake lilikuwa Yerusha; alikuwa binti Sadoki.
2 သူ​သည်​ခ​မည်း​တော်​နည်း​တူ​ထာ​ဝရ​ဘု​ရား ၏​မျက်​မှောက်​တော်​၌ ဖြောင့်​မှန်​သော​အ​မှု​တို့ ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော် ကဲ့​သို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍​အ​ပြစ်​မ​ကူး လွန်​ချေ။ ပြည်​သူ​တို့​မူ​ကား​အ​ပြစ်​ကူး​မြဲ ကူး​လွန်​လျက်​နေ​ကြ​လေ​သည်။
Akafanya yaliyomema katika macho ya Yawe, akiufuta mfano wa baba yake, Uzia, katika mabo yote. Pia alijiepusha kuingia katika hekalu la Yahwe. Lakini watu bado walikuwa wanaenda katika njia za uovu.
3 ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။-
Akalijenga tena lango la juu la nyumba ya Yahwe, na juu ya kilima cha Ofeli akajenga sana.
4 သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။
Vilevile alijenga miji katika kilima cha Yuda, na katika mistu alijenga ngome na minara.
5 အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-
Pia alipigana na mfalme wa watu wa Amoni na akawashinda. Katika mwaka huo huo, watu wa Amoni walimpa talanta mia moja za fedha, kori elfu kumi za ngano, kori elfu kumi za shayiri. Watu wa Amoni wakampa hivyo hivyo katika mwaka wa pili na wa tatu.
6 ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။-
Kwa hiyo Yothamu akawa na nguvu sana kwa sababu alitembea imara mbele za Yahwe Mungu wake.
7 ယော​သံ​၏​နန်း​သက်​အ​တွင်း​ဖြစ်​ပျက်​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ သူ​ဆင်​နွှဲ​သည့် စစ်​ပွဲ​များ​နှင့်​သူ​ချ​မှတ်​သည့်​မူ​ဝါ​ဒ​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​နှင့်​ယု​ဒ​ရာ​ဇ​ဝင် တို့​တွင်​ရေး​ထား​သ​တည်း။-
Kwa mambo mengine kuhusu Yothamu, vita vyake vyote, na njia zake zote, ona, yameandikwa katika kitabu cha wafalme wa Israeli na Yuda.
8 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။-
Alikuwa na umri wa miaka ishirini na mitano alipoanza kutawala; alitawala kwa miaka kumi na sita kataika Yerusalemu.
9 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား​တော်​အာ​ခတ် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
Yothamu akalala pamoja na babu zake, na wakamzika katika mji wa Daudi. Ahazi, mwanaye, akawa mfalme katika nafasi yake.

< ၂ ရာဇဝင်ချုပ် 27 >