< ၂ ရာဇဝင်ချုပ် 26 >
1 ၁ ယုဒပြည်သူအပေါင်းတို့သည်အာမဇိ၏ သားတော်အသက်တစ်ဆယ့်ခြောက်နှစ်ရှိ သြဇိကို ဘုရင်အဖြစ်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံစေရန်ရွေးချယ် ကြလေသည်။-
[烏齊雅登極]全猶大人民立烏齊雅為王,繼承他父親阿瑪責雅,那時他十六歲。
2 ၂ (ဧလုတ်မြို့ကိုသြဇိပြန်လည်သိမ်းယူ၍ ပြန်လည်တည်ဆောက်သည်မှာအာမဇိ ကွယ်လွန်ပြီးမှဖြစ်၏။)
先王與祖先同眠以後,烏齊雅將厄拉特收回仍屬猶大,加以重建。
3 ၃ သြဇိသည်အသက်တစ်ဆယ့်ခြောက်နှစ်၌ နန်းတက်၍ ယေရုရှလင်မြို့တွင်ငါးဆယ့် နှစ်နှစ်တိုင်တိုင်နန်းစံလေသည်။ သူ၏မယ် တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
烏齊雅登基時纔十六歲,在耶路撒冷作王凡五十二年;他母親名叫耶苛里雅,是耶路撒冷人。
4 ၄ သူသည်ခမည်းတော်၏စံနမူနာကိုယူ၍ ထာဝရဘုရား၏မျက်မှောက်တော်၌ဖြောင့်မှန် သောအမှုတို့ကိုပြု၏။-
烏齊雅行了上主視為正義的事完全像他父親阿瑪責雅所行的一樣。
5 ၅ သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
則加黎雅有生之日,由於他指導君王敬畏天主,所以君王時常求天主;在他尋求上主的時期內,天主使他事事順利。[國勢昌盛]
6 ၆ သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
他出兵攻打了培肋舍特人,破壞了加特、雅貝乃和阿市多得的城垣,在阿市多得境內和培肋舍特人中建築了一些城池。
7 ၇ သူ့အားဘုရားသခင်သည်ဖိလိတ္တိအမျိုးသား များ၊ ဂုရဗာလမြို့တွင်နေထိုင်သောအာရပ် အမျိုးသားများ၊ မဟုနိမ်အမျိုးသားများ ကိုနှိမ်နင်းရန်ကူမတော်မူသည်။-
天主協助他攻打了培肋舍特人和住在古爾巴耳的阿剌伯人以及瑪紅人。
8 ၈ အမ္မုန်အမျိုးသားတို့သည်သြဇိအားလက် ဆောင်ပဏ္ဏာများဆက်သရကြ၏။ သူသည် အလွန်တန်ခိုးကြီးမားလာသဖြင့်သူ၏ ဂုဏ်သတင်းသည်အီဂျစ်ပြည်သို့ပင်ပျံ့နှံ့ သွားလေ၏။
阿孟子民也向烏齊雅進貢,由於他的勢力極其強大,聲譽傳至埃及邊境。
9 ၉ သြဇိသည်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါးနှင့် မြို့ရိုးထောင့်ထိပ်တို့တွင်မျှော်စင်များကိုတည် ဆောက်ခြင်းအားဖြင့် ယေရုရှလင်ကိုခိုင်ခံ့ အောင်ပြုတော်မူ၏။-
烏齊雅在耶路撒冷的角門、谷門以及城角,建築了堡壘,加以設防。
10 ၁၀ မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။
又在曠野修築了一些堡壘,開鑿了許多儲水池,因為他在平原和高原有很多的牲畜;又因他喜愛農業,所以在山地和田園裏,僱用了許多農夫和栽培葡萄的人。
11 ၁၁ သူ၌စစ်ပွဲဝင်ရန်အသင့်ရှိသောတပ်မတော် ကြီးရှိ၏။ တပ်မတော်မှတ်တမ်းများကိုစာရေး တော်များဖြစ်သူ ယေယေလနှင့်မာသေယတို့ ကထိန်းသိမ်းထားရကြ၏။ သူတို့အားအမတ် ဟာနနိကကြီးကြပ်ကွပ်ကဲရလေသည်။-
烏齊雅還備有能出征作戰的軍旅,照書記耶依耳和監察官瑪阿色雅所編定的數目,由君王的一位將帥哈納尼雅指揮。
12 ၁၂ တပ်မတော်တွင်တပ်မှူးနှစ်ထောင့်ခြောက်ရာ ရှိ၍၊-
這些英勇戰士中的族長,總數為二千六百人。
13 ၁၃ သူတို့၏လက်အောက်တွင်မင်းကြီး၏ရန်သူ များကို ရဲစွမ်းသတ္တိနှင့်တိုက်ခိုက်နိုင်သော တပ်သားသုံးသိန်းခုနစ်ထောင့်ငါးရာရှိ၏။-
他們屬下的軍隊計有三萬七千五百人,都是善於作戰,協助君王征討敵人的勇士。
14 ၁၄ သြဇိသည်တပ်မတော်အား ဒိုင်းလွှား၊ လှံ၊ သံ ခမောက်၊ သံချပ်အင်္ကျီ၊ လေး၊ မြားနှင့်လောက်လွှဲ ပစ်ရန်ကျောက်ခဲများကိုပေးအပ်တော်မူ၏။-
烏齊雅給他們全隊的人配備了盾牌、長槍、盔甲、弓箭和彈石。
15 ၁၅ မြို့ရိုးထောင့်ထိပ်နှင့်မျှော်စင်များမှနေ၍ မြားနှင့်ကျောက်တုံးကြီးများပစ်ခတ်ရန် ယန္တယားစက်များကိုလည်း ယေရုရှလင် မြို့ရှိတီထွင်တတ်သူအတတ်ပညာရှင် များကပြုလုပ်ပေးကြလေသည်။ ဘုရားသခင်ထံမှအံ့သြဖွယ်မစတော်မူခြင်း ကိုခံရသဖြင့် မင်းကြီးသည်အလွန် တန်ခိုးကြီးလာပြီးလျှင်သူ၏ဂုဏ် သတင်းသည်အရပ်တကာသို့ပျံ့နှံ့ သွားလေ၏။
在耶路撒冷又叫巧匠設製機械,放在堡壘和城角上,發射矢箭和大石彈。烏齊雅的名聲傳到遠方,因為他獲得了奇異的助佑,勢力極其強盛。[烏齊雅越職受罰]
16 ၁၆ သို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။-
他勢力強大了,便心高氣傲,以致自毀前途,竟敢冒犯上主他的天主,擅進上主的正殿,企圖在香壇上焚香。
17 ၁၇ ယဇ်ပုရောဟိတ်အာဇရိနှင့်ရဲရင့်သော ယဇ်ပုရောဟိတ်ရှစ်ကျိပ်တို့သည်မင်းကြီး အား-
大司祭阿匝黎雅和八十個上主的勇敢司祭隨後進去,
18 ၁၈ တားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။
阻止烏齊雅王說:「烏齊雅,給上主焚香不是你的事,而是亞郎子孫司祭的事,他們是受祝聖為行焚香禮的;請由聖殿裏出去,因為你越權,在上主天主面前也沒有光榮。」
19 ၁၉ သြဇိသည်နံ့သာပေါင်းကိုရှို့ရန်မီးကျီးခဲ ကိုကိုင်၍ ဗိမာန်တော်တွင်နံ့သာပေါင်းမီးရှို့ ရာပလ္လင်အနီး၌ရပ်လျက်နေ၏။ သူသည် ယဇ်ပုရောဟိတ်တို့အားအမျက်ထွက်လာ သည်နှင့်တစ်ပြိုင်နက် သူ၏နဖူးသည်ကြောက် မက်ဖွယ်ကောင်းသောအရေပြားရောဂါ စွဲကပ်လေသည်။-
烏齊雅發怒,手持香爐要獻香;他向司祭發怒時,就在上主殿內香壇旁,當著司祭面前,他的額上突然出現了癩病。
20 ၂၀ အာဇရိနှင့်အခြားယဇ်ပုရောဟိတ်တို့သည် ကြောက်ရွံ့သည့်အမူအရာဖြင့် မင်းကြီးနဖူး ကိုစိုက်၍ကြည့်ပြီးလျှင်သူ့အားဗိမာန်တော် မှနှင်ထုတ်ကြ၏။ မင်းကြီးသည်လည်းမိမိ အားဘုရားသခင်ဒဏ်ခတ်တော်မူပြီဖြစ် ကြောင်းကိုသိ၍ အဆောတလျင်ထွက်ခွာ သွားတော်မူ၏။
大司祭阿匝黎雅和所有的司祭望著他,見他額上出現了癩病,便促使他出去;他自己便急忙出去,因為上主打擊了他。
21 ၂၁ သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။
烏齊雅身患癩病一直到死;因為他身患癩病,獨住在一間隔離的房裏,不能進入上主的殿。他的兒子約堂掌管朝廷,統治國家的百姓。
22 ၂၂ နန်းသက်တစ်လျှောက်သြဇိမင်းဆောင်ရွက်ခဲ့ သည့်အခြားအမှုအရာရှိသမျှကို အာမုတ် ၏သားပရောဖက်ဟေရှာယကမှတ်တမ်း တင်ထားသတည်း။-
烏齊雅前後其餘的事蹟,都由阿摩茲的兒子依撒意亞先知記了下來。
23 ၂၃ သြဇိမင်းကွယ်လွန်သောအခါသူ့အား ဒါဝိဒ်မြို့တော်တွင်သင်္ဂြိုဟ်ကြသော်လည်း သူ၏ရောဂါကြောင့်ရာဇဂူ၌မသင်္ဂြိုဟ် ကြ။ သူ၏သားတော်ယောသံသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
烏黎雅與祖先同眠,因為人說他有癩病,所以只將他葬在王陵田間,祖先之旁;他的兒子約堂繼位為王。