< ၂ ရာဇဝင်ချုပ် 25 >
1 ၁ အာမဇိသည်သက်တော်နှစ်ဆယ့်ငါးနှစ်တွင် နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ငါး နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ယေရုရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
아마샤가 위에 나아갈 때에 나이 이십오 세라 예루살렘에서 이십구 년을 치리하니라 그 모친의 이름은 여호앗단이라 예루살렘 사람이더라
2 ၂ သူသည်ထာဝရဘုရား၏မျက်မှောက်တော် ၌ဖြောင့်မှန်သောအမှုကိုပြုသော်လည်း စိတ်ရောကိုယ်ပါပြုသည်မဟုတ်။-
아마샤가 여호와 보시기에 정직히 행하기는 하였으나 온전한 마음으로 행치 아니하였더라
3 ၃ သူသည်အာဏာတည်မြဲမှုရရှိလာသည်နှင့် တစ်ပြိုင်နက် မိမိ၏ခမည်းတော်ကိုသတ်ကြ သည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
그 나라가 굳게 서매 그 부왕을 죽인 신복들을 죽였으나
4 ၄ သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
저희 자녀는 죽이지 아니하였으니 이는 모세 율법 책에 기록한 대로 함이라 곧 여호와께서 명하여 이르시기를 자녀로 인하여 아비를 죽이지 말 것이요 아비로 인하여 자녀를 죽이지 말 것이라 오직 각 사람은 자기의 죄로 인하여 죽을 것이니라 하셨더라
5 ၅ အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
아마샤가 유다 사람을 모으고 그 여러 족속을 따라 천부장과 백부장을 세우되 유다와 베냐민을 함께 그리하고 이십 세 이상으로 계수하여 창과 방패를 잡고 능히 전장에 나갈만한 자 삼십만을 얻고
6 ၆ အာမဇိသည်ထိုသူများအပြင်ဣသရေလ ပြည်မှ စစ်သည်တစ်သိန်းကိုလည်းငွေလေး တန်ပေး၍ငှားရမ်းလေသည်။-
또 은 일백 달란트로 이스라엘 나라에서 큰 용사 십만을 삯내었더니
7 ၇ သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
어떤 하나님의 사람이 아마샤에게 나아와서 이르되 왕이여 이스라엘 군대로 왕과 함께 가게 마옵소서 여호와께서는 이스라엘 곧 온 에브라임 자손과 함께 하지 아니하시나니
8 ၈ စစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။
왕이 만일 가시거든 힘써 싸우소서 하나님이 왕을 대적 앞에 엎드러지게 하시리이다 하나님은 능히 돕기도 하시고 능히 패하게도 하시나이다
9 ၉ ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။ ပရောဖက်က``ဘုရားသခင်သည်ထိုငွေ ထက်များစွာပေးတော်မူနိုင်၏'' ဟုဆို လေ၏။-
아마샤가 하나님의 사람에게 이르되 내가 일백 달란트를 이스라엘 군대에게 주었으니 어찌할꼬 하나님의 사람이 대답하되 여호와께서 능히 이보다 많은 것으로 왕에게 주실 수 있나이다
10 ၁၀ သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
아마샤가 이에 에브라임에서 자기에게 나아온 군대를 구별하여 본곳으로 돌아가게 하였더니 저희 무리가 유다 사람을 심히 노하여 분연히 본곳으로 돌아갔더라
11 ၁၁ အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
아마샤가 담력을 내어 그 백성을 거느리고 염곡에 이르러 세일 자손 일만을 죽이고
12 ၁၂ ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
유다 자손이 또 일만을 사로잡아 가지고 바위 꼭대기에 올라가서 거기서 밀쳐 내려뜨려서 그 몸이 부숴지게 하였더라
13 ၁၃ ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
아마샤가 자기와 함께 전장에 나가지 못하게 하고 돌려 보낸 군사들이 사마리아에서부터 벧호론까지 유다 성읍을 엄습하고 사람 삼천을 죽이고 물건을 많이 노략하였더라
14 ၁၄ အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
아마샤가 에돔 사람을 도륙하고 돌아올 때에 세일 자손의 우상들을 가져다가 자기의 신으로 세우고 그 앞에 경배하며 분향한지라
15 ၁၅ သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
그러므로 여호와께서 아마샤에게 진노하사 한 선지자를 보내시니 나아가 가로되 저 백성의 신들이 자기 백성을 왕의 손에서 능히 구원하지 못하였거늘 왕은 어찌하여 그 신들에게 구하나이까 하며
16 ၁၆ ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
선지자가 오히려 말할 때에 왕이 이르되 우리가 너로 왕의 모사를 삼았느냐 그치라 어찌하여 맞으려 하느냐 선지자가 그치며 가로되 왕이 이 일을 행하고 나의 경고를 듣지 아니하니 하나님이 왕을 멸하시기로 결정하신줄 아노라 하였더라
17 ၁၇ ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
유다 왕 아마샤가 상의하고 예후의 손자 여호아하스의 아들 이스라엘 왕 요아스에게 사자를 보내어 이르되 오라 서로 대면하자 한지라
18 ၁၈ ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
이스라엘 왕 요아스가 유다 왕 아마샤에게 보내어 이르되 레바논 가시나무가 레바논 백향목에게 보내어 이르기를 네 딸을 내 아들에게 주어 아내를 삼게하라 하였더니 레바논 짐승이 지나가다가 그 가시나무를 짓밟았으니라
19 ၁၉ အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
네가 에돔 사람을 쳤다 하고 네 마음이 교만하여 자긍하는도다 네 궁에나 편히 거하라 어찌하여 화를 자취하여 너와 유다가 함께 망하고자 하느냐 하나
20 ၂၀ သို့ရာတွင်သူ၏စကားကို အာမဇိသည် နားမထောင်။ သူသည်ဧဒုံအမျိုးသားတို့ ကိုးကွယ်သည့်ရုပ်တုများကိုဝတ်ပြုရှိခိုး သဖြင့် သူ့အားအရေးရှုံးနိမ့်စေရန်ထာဝရ ဘုရားအလိုရှိတော်မူ၏။-
아마샤가 듣지 아니하였으니 이는 하나님께로 말미암은 것이라 저희가 에돔 신들에게 구하였으므로 그 대적의 손에 붙이려 하심이더라
21 ၂၁ ထိုကြောင့်ဣသရေလဘုရင်ယဟောရှ သည် ယုဒဘုရင်အာမဇိနှင့်စစ်ပြိုင်တိုက် ခိုက်လေသည်။ ယုဒပြည်ဗက်ရှေမက်မြို့ တွင်တိုက်ပွဲဖြစ်ရာ၊-
이스라엘 왕 요아스가 올라와서 유다 왕 아마샤로 더불어 유다의 벧세메스에서 대면하였더니
22 ၂၂ ယုဒတပ်မတော်သည်အရေးရှုံးနိမ့်သဖြင့် စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ ထွက်ပြေးကြကုန်၏။-
유다가 이스라엘 앞에서 패하여 각기 장막으로 도망한지라
23 ၂၃ ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရုရှလင်မြို့သို့ပို့ပြီးလျှင် မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ကိုက်နှစ်ရာမျှကိုဖြိုချလိုက်၏။-
이스라엘 왕 요아스가 벧세메스에서 여호아하스의 손자 요아스의 아들 유다 왕 아마샤를 사로잡고 예루살렘에 이르러 예루살렘 성벽을 에브라임 문에서부터 성 모퉁이 문까지 사백 규빗을 헐고
24 ၂၄ သူသည်သြဗဒေဒုံ၏သားမြေးများစောင့် ကြပ်သောဗိမာန်တော်ထဲရှိ ရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ဟူသမျှနှင့်နန်းတော် ရှိဘဏ္ဍာများကိုယူ၍ ရှမာရိမြို့သို့ပြန် သွားတော်မူ၏။ မင်းကြီးသည်ဋ္ဌားစားခံ များကိုလည်းခေါ်ဆောင်ခဲ့၏။
또 하나님의 전 안에 오벧에돔의 지키는 모든 금은과 기명과 왕궁의 재물을 취하고 또 사람을 볼모로 잡아가지고 사마리아로 돌아갔더라
25 ၂၅ ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်သည့်နောက် တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်၏။-
이스라엘 왕 요아하스의 아들 요아스가 죽은 후에도 유다 왕 요아스의 아들 아마샤가 십오 년을 생존하였더라
26 ၂၆ နန်းသက်အစမှအဆုံးတိုင်အောင်အာမဇိ ဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ အလုံးစုံကိုယုဒရာဇဝင်နှင့်ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
아마샤의 이 외의 시종 행적은 유다와 이스라엘 열왕기에 기록되지 아니하였느냐
27 ၂၇ ထာဝရဘုရားအားအာမဇိပုန်ကန်ချိန်မှ အစပြု၍ သူ့အားလုပ်ကြံရန်ယေရုရှလင် မြို့တွင်လျှို့ဝှက်ကြံစည်မှုရှိခဲ့၏။ နောက်ဆုံး ၌သူသည်လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
아마샤가 돌이켜 여호와를 버린 후로부터 예루살렘에서 무리가 저를 모반한고로 저가 라기스로 도망하였더니 모반한 무리가 사람을 라기스로 따라 보내어 저를 거기서 죽이게 하고
28 ၂၈ ထိုနောက်သူ၏အလောင်းကိုမြင်းပေါ်တွင်တင် ၍ယူဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင် တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။
그 시체를 말에 실어다가 그 열조와 함께 유다 성읍에 장사하였더라