< ၂ ရာဇဝင်ချုပ် 25 >

1 အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-
בן עשרים וחמש שנה מלך אמציהו ועשרים ותשע שנה מלך בירושלם ושם אמו יהועדן מירושלים׃
2 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-
ויעש הישר בעיני יהוה רק לא בלבב שלם׃
3 သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-
ויהי כאשר חזקה הממלכה עליו ויהרג את עבדיו המכים את המלך אביו׃
4 သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။
ואת בניהם לא המית כי ככתוב בתורה בספר משה אשר צוה יהוה לאמר לא ימותו אבות על בנים ובנים לא ימותו על אבות כי איש בחטאו ימותו׃
5 အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။-
ויקבץ אמציהו את יהודה ויעמידם לבית אבות לשרי האלפים ולשרי המאות לכל יהודה ובנימן ויפקדם למבן עשרים שנה ומעלה וימצאם שלש מאות אלף בחור יוצא צבא אחז רמח וצנה׃
6 အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။-
וישכר מישראל מאה אלף גבור חיל במאה ככר כסף׃
7 သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။-
ואיש האלהים בא אליו לאמר המלך אל יבא עמך צבא ישראל כי אין יהוה עם ישראל כל בני אפרים׃
8 စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။
כי אם בא אתה עשה חזק למלחמה יכשילך האלהים לפני אויב כי יש כח באלהים לעזור ולהכשיל׃
9 ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​က``ဘု​ရား​သ​ခင်​သည်​ထို​ငွေ ထက်​များ​စွာ​ပေး​တော်​မူ​နိုင်​၏'' ဟု​ဆို လေ​၏။-
ויאמר אמציהו לאיש האלהים ומה לעשות למאת הככר אשר נתתי לגדוד ישראל ויאמר איש האלהים יש ליהוה לתת לך הרבה מזה׃
10 ၁၀ သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။
ויבדילם אמציהו להגדוד אשר בא אליו מאפרים ללכת למקומם ויחר אפם מאד ביהודה וישובו למקומם בחרי אף׃
11 ၁၁ အာ​မ​ဇိ​သည်​အား​ခဲ​၍​မိ​မိ​၏​တပ်​မ​တော် ကို​ဦး​ဆောင်​ကာ ပင်​လယ်​သေ​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​သို့​ချီ​တက်​တော်​မူ​၏။ ထို အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​၍​ဧ​ဒုံ​တပ်​သား တစ်​သောင်း​ကျ​ဆုံး​လေ​သည်။-
ואמציהו התחזק וינהג את עמו וילך גיא המלח ויך את בני שעיר עשרת אלפים׃
12 ၁၂ ယု​ဒ​တပ်​မ​တော်​သည်​သုံ့​ပန်း​တစ်​သောင်း​ကို ဖမ်း​ဆီး​ရ​မိ​သ​ဖြင့် သူ​တို့​အား​သေ​လ​မြို့ ကျောက်​တောင်​ထိပ်​သို့​ခေါ်​ဆောင်​ကာ​ကျောက် ပေါ်​ကျ​၍​သေ​စေ​ရန်​အောက်​သို့​တွန်း​ချ ကြ​၏။
ועשרת אלפים חיים שבו בני יהודה ויביאום לראש הסלע וישליכום מראש הסלע וכלם נבקעו׃
13 ၁၃ ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။
ובני הגדוד אשר השיב אמציהו מלכת עמו למלחמה ויפשטו בערי יהודה משמרון ועד בית חורון ויכו מהם שלשת אלפים ויבזו בזה רבה׃
14 ၁၄ အာ​မ​ဇိ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ် နင်း​ရာ​မှ​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​မိ​မိ​နှင့် အ​တူ​ယူ​ဆောင်​လာ​လေ​သည်။ မင်း​ကြီး သည်​ယင်း​တို့​ကို​တည်​ထား​ကိုး​ကွယ်​ကာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​တော်​မူ​၏။-
ויהי אחרי בוא אמציהו מהכות את אדומים ויבא את אלהי בני שעיר ויעמידם לו לאלהים ולפניהם ישתחוה ולהם יקטר׃
15 ၁၅ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက် တော်​မူ​၍ ပ​ရော​ဖက်​ကို​အာ​မ​ဇိ​ထံ​စေ​လွှတ် တော်​မူ​၏။ ပ​ရော​ဖက်​က``မင်း​ကြီး​၏​လက်​မှ မိ​မိ​လူ​တို့​ကို​မ​ကယ်​နိုင်​သော​လူ​မျိုး​ခြား ဘု​ရား​တို့​ကို မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဝတ်​ပြု​ရှိ​ခိုး​ပါ​သ​နည်း'' ဟု​မေး​၏။
ויחר אף יהוה באמציהו וישלח אליו נביא ויאמר לו למה דרשת את אלהי העם אשר לא הצילו את עמם מידך׃
16 ၁၆ ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​က​လည်း``မင်း​ကြီး​သည်​ဤ​အ​မှု တို့​ကို​ပြု​၍​ငါ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​ကို သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​ရွယ်​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​ဆို​ပြီး​လျှင် ဆိတ်​ဆိတ်​နေ​လေ​၏။
ויהי בדברו אליו ויאמר לו הליועץ למלך נתנוך חדל לך למה יכוך ויחדל הנביא ויאמר ידעתי כי יעץ אלהים להשחיתך כי עשית זאת ולא שמעת לעצתי׃
17 ၁၇ ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-
ויועץ אמציהו מלך יהודה וישלח אל יואש בן יהואחז בן יהוא מלך ישראל לאמר לך נתראה פנים׃
18 ၁၈ ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။-
וישלח יואש מלך ישראל אל אמציהו מלך יהודה לאמר החוח אשר בלבנון שלח אל הארז אשר בלבנון לאמר תנה את בתך לבני לאשה ותעבר חית השדה אשר בלבנון ותרמס את החוח׃
19 ၁၉ အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။
אמרת הנה הכית את אדום ונשאך לבך להכביד עתה שבה בביתך למה תתגרה ברעה ונפלת אתה ויהודה עמך׃
20 ၂၀ သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-
ולא שמע אמציהו כי מהאלהים היא למען תתם ביד כי דרשו את אלהי אדום׃
21 ၂၁ ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊-
ויעל יואש מלך ישראל ויתראו פנים הוא ואמציהו מלך יהודה בבית שמש אשר ליהודה׃
22 ၂၂ ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။-
וינגף יהודה לפני ישראל וינסו איש לאהליו׃
23 ၂၃ ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-
ואת אמציהו מלך יהודה בן יואש בן יהואחז תפש יואש מלך ישראל בבית שמש ויביאהו ירושלם ויפרץ בחומת ירושלם משער אפרים עד שער הפונה ארבע מאות אמה׃
24 ၂၄ သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။
וכל הזהב והכסף ואת כל הכלים הנמצאים בבית האלהים עם עבד אדום ואת אצרות בית המלך ואת בני התערבות וישב שמרון׃
25 ၂၅ ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။-
ויחי אמציהו בן יואש מלך יהודה אחרי מות יואש בן יהואחז מלך ישראל חמש עשרה שנה׃
26 ၂၆ နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
ויתר דברי אמציהו הראשנים והאחרונים הלא הנם כתובים על ספר מלכי יהודה וישראל׃
27 ၂၇ ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-
ומעת אשר סר אמציהו מאחרי יהוה ויקשרו עליו קשר בירושלם וינס לכישה וישלחו אחריו לכישה וימיתהו שם׃
28 ၂၈ ထို​နောက်​သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင် ၍​ယူ​ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင် တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။
וישאהו על הסוסים ויקברו אתו עם אבתיו בעיר יהודה׃

< ၂ ရာဇဝင်ချုပ် 25 >