< ၂ ရာဇဝင်ချုပ် 24 >
1 ၁ ယောရှသည်သက်တော်ခုနစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌အနှစ်လေးဆယ်တိုင်တိုင်နန်းစံ လေသည်။ သူ၏မယ်တော်မှာဗေရရှေဘမြို့ သူဇိဗိဖြစ်၏။-
Семи лет был Иоас, когда воцарился, и сорок лет царствовал в Иерусалиме; имя матери его Цивья из Вирсавии.
2 ၂ သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။-
И делал Иоас угодное в очах Господних во все дни Иодая священника.
3 ၃ ယောယဒသည်ယောရှအတွက်မိဖုရား နှစ်ပါးကိုရွေးချယ်ပေး၏။ ယောရှသည် လည်းထိုမိဖုရားများဖြင့်သားသမီး များကိုရရှိလေသည်။
И взял ему Иодай двух жен, и он имел от них сыновей и дочерей.
4 ၄ ယောရှသည်နန်းတက်ပြီးနောက်ကာလအတန် ကြာသောအခါ ထာဝရဘုရား၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အကြံရှိတော် မူ၏။-
И после сего пришло на сердце Иоасу обновить дом Господень,
5 ၅ သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များအားယုဒပြည်အမြို့မြို့သို့စေလွှတ် ၍ ဗိမာန်တော်ကိုနှစ်စဉ်မွမ်းမံပြင်ဆင်ရန် အတွက်ပြည်သူအပေါင်းတို့ထံမှ ငွေအလုံ အလောက်ကောက်ခံစေတော်မူ၏။ မင်းကြီး သည်ဤအမှုကိုဆောလျင်စွာဆောင်ရွက် ရန်အမိန့်ပေးခဲ့သော်လည်း လေဝိအနွယ် ဝင်တို့သည်ဖင့်နွဲလျက်နေကြ၏။-
и собрал он священников и левитов и сказал им: пойдите по городам Иудеи и собирайте со всех Израильтян серебро для поддержания дома Бога вашего из года в год, и поспешите в этом деле. Но не поспешили левиты.
6 ၆ သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
И призвал царь Иодая, главу их, и сказал ему: почему ты не требуешь от левитов, чтобы они доставляли с Иудеи и Иерусалима дань, установленную Моисеем, рабом Господним, и собранием Израильтян для скинии собрания?
7 ၇ (ဖောက်ပြန်ဆိုးညစ်သည့်အမျိုးသမီး အာသလိ၏နောက်လိုက်တို့သည် ဗိမာန်တော် ကိုဖျက်ဆီးပြီးလျှင်အမြတ်တနိုးထားအပ် သည့်ပစ္စည်းအသုံးအဆောင်များကို ဗာလ ဘုရားအားဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုခဲ့ကြသတည်း။)
Ибо нечестивая Гофолия и сыновья ее разорили дом Божий и все посвященное для дома Господня употребили для Ваалов.
8 ၈ မင်းကြီးသည်လေဝိအနွယ်ဝင်တို့အားအလှူ ခံသေတ္တာကိုပြုလုပ်စေ၍ ဗိမာန်တော်တံခါး ဝတွင်ထားရှိစေတော်မူ၏။-
И приказал царь, и сделали один ящик, и поставили его у входа в дом Господень извне.
9 ၉ သူတို့သည်ယေရုရှလင်မြို့နှင့်ယုဒပြည် တစ်လျှောက်လုံးရှိလူအပေါင်းတို့အား တော ကန္တာရတွင်ဘုရားသခင်၏အစေခံမောရှေ ကောက်ခံခဲ့သည်အတိုင်း ထာဝရဘုရားထံ တော်သို့အလှူငွေများကိုယူဆောင်လာ ကြရန်ထုတ်ဆင့်ကြေညာလေသည်။-
И провозгласили по Иудее и Иерусалиму, чтобы приносили Господу дань, наложенную Моисеем, рабом Божиим, на Израильтян в пустыне.
10 ၁၀ ပြည်သူများနှင့်သူတို့၏ခေါင်းဆောင်များ သည်ဝမ်းမြောက်စွာဖြင့် မိမိတို့အလှူငွေ များကိုယူဆောင်ကာအလှူခံသေတ္တာ ပြည့်အောင်ထည့်ဝင်ကြကုန်၏။-
И обрадовались все начальствующие и весь народ, и приносили и клали в ящик дотоле, доколе он не наполнился.
11 ၁၁ နေ့စဉ်နေ့တိုင်းလေဝိအနွယ်ဝင်တို့သည် ထို သေတ္တာကိုတာဝန်ခံအရာရှိထံသို့ယူ ဆောင်သွားရကြလေသည်။ သေတ္တာပြည့် သည့်အခါတိုင်းဘုရင့်အတွင်းဝန်နှင့်ယဇ် ပုရောဟိတ်မင်း၏ကိုယ်စားလှယ်တစ်ဦး သည်လာ၍ ငွေများကိုထုတ်ယူပြီးလျှင် သေတ္တာကိုနေရာတကျပြန်၍ထားရ ကြ၏။ ဤနည်းအားဖြင့်သူတို့သည်ငွေ အမြောက်အမြားကိုရရှိကြလေသည်။
В то время, когда приносили ящик к царским чиновникам чрез левитов, и когда они видели, что серебра много, приходил писец царя и поверенный первосвященника, и высыпали из ящика, и относили его и ставили его на свое место. Так делали они изо дня в день, и собрали множество серебра.
12 ၁၂ မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။-
И отдавали его царь и Иодай производителям работ по дому Господню, и они нанимали каменотесов и плотников для подновления дома Господня, также кузнецов и медников для укрепления дома Господня.
13 ၁၃ ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။-
И работали производители работ, и совершилось исправление руками их, и привели дом Божий в надлежащее состояние его, и укрепили его.
14 ၁၄ သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
И кончив все, они представили царю и Иодаю остаток серебра. И сделали из него сосуды для дома Господня, сосуды служебные и для всесожжений, чаши и другие сосуды золотые и серебряные. И приносили всесожжения в доме Господнем постоянно во все дни Иодая.
15 ၁၅ သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။-
И состарился Иодай и, насытившись днями жизни, умер: сто тридцать лет было ему, когда он умер.
16 ၁၆ ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။
И похоронили его в городе Давидовом с царями, потому что он делал доброе в Израиле и для Бога, и для дома Его.
17 ၁၇ သို့ရာတွင်ယောယဒကွယ်လွန်ပြီးသည်နောက် ယုဒအမျိုးသားခေါင်းဆောင်များသည် ယောရှ မင်းအားမိမိတို့၏စကားကိုနားထောင်ရန် သွေးဆောင်ကြ၏။-
Но по смерти Иодая пришли князья Иудейские и поклонились царю; тогда царь стал слушаться их.
18 ၁၈ ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-
И оставили дом Господа Бога отцов своих и стали служить деревам посвященным и идолам, - и был гнев Господень на Иуду и Иерусалим за сию вину их.
19 ၁၉ ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
И он посылал к ним пророков для обращения их к Господу, и они увещевали их, но те не слушали.
20 ၂၀ ထိုအခါဘုရားသခင်၏ဝိညာဉ်တော် သည် ယဇ်ပုရောဟိတ်ယောယဒ၏သား ဇာခရိအပေါ်သို့သက်ရောက်တော်မူ သဖြင့် ဇာခရိသည်ပြည်သူတို့မြင်သာ သည့်နေရာတွင်ရပ်လျက်``သင်တို့သည်မိမိ တို့အပေါ်သို့ဘေးအန္တရာယ်ဆိုက်ရောက် စေရန် အဘယ်ကြောင့်ငါထာဝရဘုရား ၏အမိန့်တော်ကိုဖီဆန်ကြပါသနည်း။ ငါ့အားသင်တို့စွန့်ပယ်ကြသဖြင့်ငါ သည်လည်းသင်တို့အားစွန့်ပယ်တော်မူ ပြီ'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။-
И Дух Божий облек Захарию, сына Иодая священника, и он стал на возвышении пред народом и сказал им: так говорит Господь: для чего вы преступаете повеления Господни? не будет успеха вам; и как вы оставили Господа, то и Он оставит вас.
21 ၂၁ ယောရှမင်းသည်ဇာခရိအားမကောင်းကြံ မှုတွင်ပါဝင်လျက် သူ၏အမိန့်အရပြည်သူ တို့သည်ဇာခရိအားဗိမာန်တော်တံတိုင်း အတွင်း၌ခဲနှင့်ပစ်သတ်ကြ၏။
И сговорились против него, и побили его камнями, по приказанию царя Иоаса, на дворе дома Господня.
22 ၂၂ မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။
И не вспомнил царь Иоас благодеяния, какое сделал ему Иодай, отец его, и убил сына его. И он умирая говорил: да видит Господь и да взыщет!
23 ၂၃ ထိုနှစ်ဆောင်းဦးပေါက်၌ရှုရိတပ်မတော် သည်ယုဒပြည်နှင့်ယေရုရှလင်မြို့သို့ချီ တက်တိုက်ခိုက်၍ ခေါင်းဆောင်အပေါင်းကို သတ်ပြီးလျှင်လက်ရပစ္စည်းအမြောက်အမြား ကိုဒမာသက်မြို့သို့ယူဆောင်သွား၏။-
И по истечении года выступило против него войско Сирийское, и вошли в Иудею и в Иерусалим, и истребили из народа всех князей народа, и всю добычу, взятую у них, отослали к царю в Дамаск.
24 ၂၄ ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။-
Хотя в небольшом числе людей приходило войско Сирийское, но Господь предал в руку их весьма многочисленную силу за то, что оставили Господа Бога отцов своих. И над Иоасом совершили они суд,
25 ၂၅ သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-
и когда они ушли от него, оставив его в тяжкой болезни, то составили против него заговор рабы его, за кровь сына Иодая священника, и убили его на постели его, и он умер. И похоронили его в городе Давидовом, но не похоронили его в царских гробницах.
26 ၂၆ (သူ့အားလျှို့ဝှက်လုပ်ကြံကြသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားယောဇဗဒ် နှင့်မောဘအမျိုးသမီးရှိမရိတ်၏သား ယဟောဇဗဒ်တို့ဖြစ်သတည်း။-)
Заговорщиками же против него были: Завад, сын Шимеафы Аммонитянки, и Иегозавад, сын Шимрифы Моавитянки.
27 ၂၇ ဋ္ဌမ္မရာဇဝင်ကျမ်းတွင်ယောရှ၏သားများ အကြောင်း၊ သူ့အားဆင့်ဆိုသည့်ဗျာဒိတ် တော်များအကြောင်း၊ ဗိမာန်တော်ကိုသူ ပြန်လည်တည်ဆောက်ခြင်းအကြောင်းများ ပါရှိ၏။ သားတော်အာမဇိသည်သူ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
О сыновьях его и о множестве пророчеств против него и об устроении дома Божия написано в книге царей. И воцарился Амасия, сын его, вместо него.