< ၂ ရာဇဝင်ချုပ် 24 >

1 ယော​ရှ​သည်​သက်​တော်​ခု​နစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗေ​ရ​ရှေ​ဘ​မြို့ သူ​ဇိ​ဗိ​ဖြစ်​၏။-
Joas was of seuene yeer, whanne he bigan to regne, and he regnyde fourti yeer in Jerusalem; the name of his modir was Sebia of Bersabee.
2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​အ​သက် ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​၏။-
And he dide that, that was good bifor the Lord, in alle the daies of Joiada, the preest.
3 ယော​ယ​ဒ​သည်​ယော​ရှ​အ​တွက်​မိ​ဖု​ရား နှစ်​ပါး​ကို​ရွေး​ချယ်​ပေး​၏။ ယော​ရှ​သည် လည်း​ထို​မိ​ဖု​ရား​များ​ဖြင့်​သား​သ​မီး များ​ကို​ရ​ရှိ​လေ​သည်။
Sotheli and Joas took twei wyues, of whyche he gendride sones and douytris.
4 ယော​ရှ​သည်​နန်း​တက်​ပြီး​နောက်​ကာ​လ​အ​တန် ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
After whiche thingis it pleside Joas to reparele the hows of the Lord.
5 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​များ​အား​ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​စေ​လွှတ် ၍ ဗိ​မာန်​တော်​ကို​နှစ်​စဉ်​မွမ်း​မံ​ပြင်​ဆင်​ရန် အ​တွက်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​မှ ငွေ​အ​လုံ အ​လောက်​ကောက်​ခံ​စေ​တော်​မူ​၏။ မင်း​ကြီး သည်​ဤ​အ​မှု​ကို​ဆော​လျင်​စွာ​ဆောင်​ရွက် ရန်​အ​မိန့်​ပေး​ခဲ့​သော်​လည်း လေ​ဝိ​အ​နွယ် ဝင်​တို့​သည်​ဖင့်​နွဲ​လျက်​နေ​ကြ​၏။-
And he gaderide togidere preestis and dekenes, and seide to hem, Go ye out to the citees of Juda, and gadere ye of al Israel money, to the reparelyng of the temple of `youre Lord God, bi ech yeer; and do ye this hiyyngli.
6 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
Certis the dekenes diden necgligentli. And the kyng clepide Joiada, the prince, and seide to hym, Whi was it not charge to thee, to constreyne the dekenes to brynge yn money of Juda and of Jerusalem, which money was ordeyned of Moises, the seruaunt of `the Lord, that al the multitude of Israel schulde brynge it in to the tabernacle of witnessyng?
7 (ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။)
For the worste Athalia, and hir sones, distrieden the hows of God; and of alle thingis, that weren halewid to the temple of the Lord, thei ourneden the temple of Baalym.
8 မင်း​ကြီး​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​အ​လှူ ခံ​သေတ္တာ​ကို​ပြု​လုပ်​စေ​၍ ဗိ​မာန်​တော်​တံ​ခါး ဝ​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-
Therfor the kyng comaundide, and thei maden an arke, and settiden it bisidis the yate of the Lord with out forth.
9 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-
And it was prechid in Juda and Jerusalem, that ech man schulde brynge to the Lord the prijs, which Moyses, the seruaunt of God, ordeynede on al Israel, in deseert.
10 ၁၀ ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-
And alle the princes and al the puple weren glad, and thei entriden, and brouyten, and senten in to the arke of the Lord, so that it was fillid.
11 ၁၁ နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။
And whanne it was tyme, that thei schulden bere the arke bifor the kyng bi the hondis of dekenes, for thei sien myche money, the clerk of the kyng entride, and he whom the firste preest hadde ordeynede, and thei schedden out the money, that was in the arke; sotheli thei baren ayen the arke to `his place. And so thei diden bi alle daies, and money with out noumbre was gaderid togidere;
12 ၁၂ မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-
which the kyng and Joiada yauen to hem that weren souereyns of the werkis of the hows of the Lord. And thei hiriden therof kitteris of stonys, and crafti men of alle werkis, that thei schulden reparele the hows of the Lord; also thei hiriden smythis of yrun, and of bras, that that thing schulde be vndurset, that bigan to falle.
13 ၁၃ ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။-
Thei that wrouyten diden craftili, and the crasyng of the wallis was stoppid bi the hondis of hem; and thei reisiden the hows of the Lord in to the formere staat, and maden it to stonde stidfastli.
14 ၁၄ သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-
And whanne thei hadden fillid alle werkis, thei brouyten bifor the kyng and Joiada the tother part of the money, of which money vessels weren maad in to the seruyce of the temple, and to brent sacrifices; also viols, and othere vessels of gold and of siluer `weren maad therof. And brent sacrifices weren offrid in the hows of the Lord contynueli, in alle the daies of Joiada.
15 ၁၅ သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။-
Forsothe Joiada ful of daies wexide eld, and he was deed, whanne he was of an hundrid yeer and thritti;
16 ၁၆ ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။
and thei birieden hym in the citee of Dauid with kyngis; for he hadde do good with Israel, and with his hows.
17 ၁၇ သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-
But aftir that Joiada diede, the princes of Juda entriden, and worschipiden the kyng, which was flaterid with her seruices, and assentide to hem.
18 ၁၈ ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-
And thei forsoken the temple of the Lord God of her fadris, and seruyden idols in wodis, and grauen ymagis; and the ire of the Lord was maad ayens Juda and Jerusalem for this synne.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-
And he sente to hem profetis, that thei schulen turne ayen to the Lord; whiche profetis witnessynge thei nolden here.
20 ၂၀ ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။-
Therfor the Spirit of the Lord clothide Zacharie, the preest, the sone of Joiada; and he stood in the siyt of the puple, and seide to hem, The Lord seith these thingis, Whi breken ye the comaundement of the Lord, `which thing schal not profite to you, and ye han forsake the Lord, that he schulde forsake you?
21 ၂၁ ယော​ရှ​မင်း​သည်​ဇာ​ခ​ရိ​အား​မ​ကောင်း​ကြံ မှု​တွင်​ပါ​ဝင်​လျက် သူ​၏​အ​မိန့်​အ​ရ​ပြည်​သူ တို့​သည်​ဇာ​ခ​ရိ​အား​ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ခဲ​နှင့်​ပစ်​သတ်​ကြ​၏။
Whiche weren gaderide togidere ayens hym, and senten stonys, bi comaundement `of the kyng, in the large place of the hows of the Lord.
22 ၂၂ မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
And kyng Joas hadde not mynde on the merci which Joiada, the fadir of Zacharie, hadde doon with hym; but he killide the sone of Joiada. And whanne Zacharie diede, he seide, The Lord se, and seke.
23 ၂၃ ထို​နှစ်​ဆောင်း​ဦး​ပေါက်​၌​ရှု​ရိ​တပ်​မ​တော် သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ တက်​တိုက်​ခိုက်​၍ ခေါင်း​ဆောင်​အ​ပေါင်း​ကို သတ်​ပြီး​လျှင်​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား ကို​ဒ​မာ​သက်​မြို့​သို့​ယူ​ဆောင်​သွား​၏။-
And whanne a yeer was turned aboute, `ether endid, the oost of Sirie stiede ayens Joas, and it cam in to Juda and in to Jerusalem, and it killide alle the princes of the puple; and thei senten al the prey to the kyng, to Damask.
24 ၂၄ ရှု​ရိ​တပ်​မ​တော်​သည်​သေး​ငယ်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ပို​မို​ကြီး​မား​သည့် ယု​ဒ​တပ်​မ​တော်​ကို​နှိမ်​နင်း​ခွင့်​ပေး​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သူ တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​ကြ သော​ကြောင့်​ဖြစ်​၏။ ဤ​နည်း​အား​ဖြင့် ယော​ရှ​မင်း​သည်​အ​ပြစ်​ဒဏ်​စီ​ရင် တော်​မူ​ခြင်း​ကို​ခံ​ရ​သ​တည်း။-
And certeyn, whanne a ful litle noumbre of men of Sirie was comun, the Lord bitook in her hondis a multitude with out noumbre, for thei hadden forsake the Lord God of her fadris. Also thei vsiden schameful domes in Joas;
25 ၂၅ သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-
and thei yeden awei, and leften hym in grete sorewis. Sotheli hise seruauntis risiden ayens hym, in to veniaunce of the blood of the sone of Joiada, preest; and killiden hym in his bed, and he was deed. And thei birieden hym in the citee of Dauid, but not in the sepulcris of kyngis.
26 ၂၆ (သူ့​အား​လျှို့​ဝှက်​လုပ်​ကြံ​ကြ​သူ​များ​မှာ အမ္မုန်​အ​မျိုး​သ​မီး​ရှိ​မတ်​၏​သား​ယော​ဇ​ဗဒ် နှင့်​မော​ဘ​အ​မျိုး​သ​မီး​ရှိ​မ​ရိတ်​၏​သား ယ​ဟော​ဇ​ဗဒ်​တို့​ဖြစ်​သ​တည်း။-)
Forsothe Sabath, the sone of Semath of Amon, and Josabeth, the sone of Semarith of Moab, settiden tresouns to hym.
27 ၂၇ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​တွင်​ယောရှ​၏​သား​များ အ​ကြောင်း၊ သူ့​အား​ဆင့်​ဆို​သည့်​ဗျာ​ဒိတ် တော်​များ​အ​ကြောင်း၊ ဗိ​မာန်​တော်​ကို​သူ ပြန်​လည်​တည်​ဆောက်​ခြင်း​အ​ကြောင်း​များ ပါ​ရှိ​၏။ သား​တော်​အာ​မ​ဇိ​သည်​သူ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
Sotheli hise sones, and the summe of money that was gaderid vndur hym, and the reparelyng of the hows of God, ben writun diligentli in the book of Kyngis.

< ၂ ရာဇဝင်ချုပ် 24 >