< ၂ ရာဇဝင်ချုပ် 23 >

1 ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-
А седме године ослободи се Јодај, и узе к себи стотнике Азарију сина Јероамовог и Исмаила сина Јоанановог и Азарију сина Овидовог и Масију сина Адајевог и Елисафата сина Зихријевог, и ухвати веру с њима,
2 သူ​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ​သို့​သွား​၍ လေ​ဝိ​အ​နွယ်​ဝင်​များ၊ သား​ချင်း​စု​ခေါင်း ဆောင်​အ​ပေါင်း​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
Те пролазећи земљу Јудину сабраше Левите из свих градова Јудиних и главаре породица отачких у Израиљу, и дођоше у Јерусалим.
3 ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-
И сав збор учини веру у дому Божјем с царем; и Јодај им рече: Ево, син ће царев царовати, као што је рекао Господ за синове Давидове.
4 ငါ​တို့​အ​ဘယ်​သို့​ဆောင်​ရွက်​ရ​ကြ​မည်​ကို ဖော်​ပြ​ပါ​အံ့။ ဥ​ပုသ်​နေ့​၌​တာ​ဝန်​ကျ​၍ ရောက်​ရှိ​လာ​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​နက်​သုံး​ပုံ​တစ်​ပုံ​မှာ​ဗိမာန်​တော်​အ​ဝင် တံ​ခါး​ကို​စောင့်​ကြပ်​ရ​ကြ​မည်။-
Ово учините: трећина вас који долазите у суботу између свештеника и Левита нека буду вратари на прагу;
5 အ​ခြား​သုံး​ပုံ​တစ်​ပုံ​သည်​နန်း​တော်​ကို လည်း​ကောင်း၊ ကျန်​သုံး​ပုံ​တစ်​ပုံ​သည်​မြင်း တံ​ခါး​ကို​လည်း​ကောင်း​စောင့်​ကြပ်​ရ​မည်။ လူ​အ​ပေါင်း​တို့​က​ဗိ​မာန်​တော်​ဝင်း​အ​တွင်း ၌​စု​ရုံး​ရ​ကြ​မည်။-
А друга трећина нека буде у царском двору; а остала трећина на вратима од темеља, а сав народ у тремовима дома Господњег.
6 တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။-
Нико да не улази у дом Господњи осим свештеника и оних Левита који служе; они нека улазе, јер су посвећени, а сав народ нека чини оно што је Господ заповедио да чини.
7 လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။
И Левити нека опколе цара, сваки с оружјем својим у руци; и ко би год ушао у дом, да се погуби; и будите уз цара кад стане улазити и излазити.
8 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-
И учинише Левити и сав народ Јудин све што заповеди свештеник Јодај; и узеше сваки своје људе који долажаху у суботу и који одлажаху у суботу; јер Јодај свештеник не отпусти редове.
9 ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-
И даде Јодај свештеник стотиницима копља и штитове и штитиће цара Давида што беху у дому Божијем.
10 ၁၀ သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-
И постави сав народ све с оружјем у руку, од десне стране дома до леве према олтару и према дому, око цара.
11 ၁၁ ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ သ​ရ​ဖူ​ကို​ဆောင်း​ပေး​ပြီး​လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​လေ​သည်။ ဤ​သို့​ဖြင့်​ယော​ရှ​ကို​မင်း​မြှောက်​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​ယော​ယ​ဒ​နှင့်​သူ​၏​သား​တို့​သည် ယော​ရှ​အား ဘိ​သိက်​ပေး​ပြီး​ကြ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။
Тада изведоше сина царевог, и метнуше му на главу венац, и дадоше му сведочанство, и зацарише га, и Јодај и синови његови помазаше га и рекоше: Да живи цар!
12 ၁၂ အာ​သ​လိ​သည်​မင်း​ကြီး​အား လူ​တို့​သြ​ဘာ ပေး​သံ​ကို​ကြား​သ​ဖြင့်​လူ​တို့​စု​ဝေး​လျက် ရှိ​ရာ ဗိ​မာန်​တော်​သို့​အ​ဆော​တ​လျင်​ရောက် လာ​သော်၊-
А кад Готолија чу вику народа који се стецаше и хваљаше цара, дође к народу у дом Господњи.
13 ၁၃ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။
И погледа, и гле, цар стајаше код свог ступа на уласку, а кнезови и трубе око цара, и сав народ земаљски радоваше се и трубе трубљаху и певачи певаху уз оруђа музичка и они који почињаху у певању. Тада раздре Готолија хаљине своје и повика: Буна! Буна!
14 ၁၄ ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-
А Јодај свештеник заповеди да изађу стотиници који беху над војском, и рече им: Изведите је из врста напоље, и ко пође за њом нека се погуби мачем; јер рече свештеник: Немојте је убити у дому Господњем.
15 ၁၅ သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။
И начинише јој место, те отиде како се иде вратима коњским у дом царев, и онде је погубише.
16 ၁၆ ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
Тада Јодај учини веру међу собом и свим народом и царем да ће бити народ Господњи.
17 ၁၇ သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ကို​သွား ရောက်​ဖြို​ဖျက်​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု များ​ကို​ချိုး​ဖဲ့​ကာ ယဇ်​ပလ္လင်​များ​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​သတ်​ကြ​၏။-
Потом сав народ отиде у дом Валов, и раскопаше га, и олтаре његове и ликове његове изломише, а Матана, свештеника Валовог, убише пред олтарима.
18 ၁၈ ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-
И Јодај уреди опет службу у дому Господњем међу свештеницима и Левитима, које Давид беше одредио дому Господњем, да би приносили жртве паљенице Господу, као што пише у закону Мојсијевом, с весељем и песмама по наредби Давидовој.
19 ၁၉ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​ထဲ​သို့​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​ဝင်​နိုင်​စေ​ရန်​တံ​ခါး​ဝ​တွင်​အ​စောင့် များ​ကို​ချ​ထား​လေ​သည်။-
Постави и вратаре на вратима дома Господњег да не би улазио нечист ода шта му драго.
20 ၂၀ တပ်​မ​တော်​အ​ရာ​ရှိ​များ၊ မြို့​မိ​မြို့​ဖ​များ၊ မှူး​မတ်​များ​နှင့် အ​ခြား​ပြည်​သူ​အ​ပေါင်း​တို့ သည်​ယော​ယ​ဒ​နှင့်​အ​တူ​လိုက်​ပါ​၍ မင်း​ကြီး အား​ဗိ​မာန်​တော်​မှ​နန်း​တော်​သို့​တံ​ခါး မ​ကြီး​လမ်း​ဖြင့်​ပို့​ဆောင်​၍​မင်း​ကြီး​ကို ရာ​ဇ​ပလ္လင်​ထက်​တင်​ကြ​၏။-
И узе стотинике и знатније људе и који управљаху народом, сав народ земаљски, и изведе цара из дома Господњег и уђоше високим вратима у дом царски, и посадише цара на царски престо.
21 ၂၁ အာ​သ​လိ​ကို​ကွပ်​မျက်​နှင့်​ပြီး​ဖြစ်​၍​ပြည်​သူ အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​လျက်​မြို့​တော် သည်​ငြိမ်း​ချမ်း​လေ​၏။
И радоваше се сав народ земаљски, и град се умири, кад Готолију убише мачем.

< ၂ ရာဇဝင်ချုပ် 23 >